Saturday 14 July 2012

လန်ဒန်မြေသို့ ခရီးတစ်ခေါက် ဆောင်းပါး အပိုင်း (၂)



မိမိ နေထိုင်သော နော်ဝေနိုင်ငံ အော်စလိုမြို့မှာ Hotel များစွာထဲက မိမိလို ဆင်ရဲသားတစ်ယောက်အတွက် အကောင်းဆုံး ဟောတည်းတွင်း မတည်းခိုင်နိုင်သောကြောင့် ဈေးအပေါ်ဆုံးတည်းခိုခန်းကိုရှာပြီး တည်းခဲ့ရပါတယ်။ဈေးသက်သာဆုံးဆိုတော့ သေသပ်ကောင်းမွန်သော တည်းခိုခန်း တစ်ခုတော့မဟုတ်ပါ။အော်စလို့၏အညံ့စားတည်းခိုခန်းတစ်ခုဖြစ်သည်။သို့သော် မိမိတည်းခိုနေကြ ဈေးသက်သာသော တည်းခိုခန်းဖြစ်၍ဘူတာကြီးနှင့်လည်း သိပ်မဝေးသောကြောင့် လန်ဒန်သို့အသွား အော်စလို၌တစ်ည၀င်အိမ်ကြရာတွင် ယင်းတည်းခိုခန်းလေး၌ပင်ဝင်၍တည်းခိုခဲ့ကြခြင်းဖြစ်သည်။
မိမိတို့လန်ဒန်သို့ သွားရာတွင် Stjørdalမြို့မှာ Sandefjordမြို့၏ ရထားဘူးရုံးမှာOslo Rygge-london-Gatwick-Reference no.H9ctav-Gate ckoses 17;30-Dept time 18-00လေးကြောင်းနှင့် သွားတာဖြစ်၍ Rygge လေးကြောင်းကRygge- london-Gatwick-Referenceသို့ ဓါတ်ရိုက်သွားခြင်းဖြစ်သည်။လေယဉ်ပေါ်တွင် ၂နာရီလောက်ကြားသည်။
အော်စလိုတွင် တစ်ည၀င်အိမ်ရာတွင် ထိုနေ့ညပိုင်းက မိမိသည် အော်စလိုတွင် လျှောက်လည်ကြသေးသည်။မြန်မာ လူငယ်များ စာပွဲထိုးသော ထင်မင်းဆိုင်တစ်ခုတွင် ထမင်းဝင်စားကြည်သည်။နောက်တစ်နေ့ နေ့လယ်ပိုင်းတွင် Rygge မှာ လန်ဒန်သို့ထွက်ခွာလာခဲ့ကြည်သည်။Rygge လေကြောင်းမှ မိမိ စီးလားသော ဂျက်လေယဉ်ကြီးက ဧရာမလေယဉ်ကြီးဖြစ်သည်။
 
မိမိအဖို့ ဥရောပသို့ ခြေချခွင့်ရခဲ့တာ အခုမှာ မဟုတ်ပါဘူး လွန်ခဲ့သော ၂၀၁၁ခုနှစ်လောက်ထဲက ဖြစ်ပါတယ်။အင်္ဂလန်နိုင်ငံကို မထမဆုံးခရီးဖြစ်၍ စိတ်အနည်းငယ်လှုပ်ရှားမှုရှိသည်။ဂျက်လေယာဉ်ကြီးသည် ပထမတော့ စိမ်းပြာနေသော သမုဒ္ဒရာကြီးကို နာရီအတော်ကြာဖြတ်သည်။ထိုနောက်တော့ အလွန်ကျယ်ဝန်းသော တောင်ကုန်းများ၊သစ်တောအုပ်များကို ဖြတ်ကျော်ရာ လန်ဒန်မြို့ပေါ်သို့ စတင်ရောက်လာတာဟု ခန့်မှန်းရသည်။နော်ဝေနိုင်ငံနှင့် နှစ်နာရီကျော်မျှ စီးလာရတဲ့ ခရီးမှာ အတွေးပေါင်းများစွားနဲ့လန်ဒန်မြို့တော်ကို ရောက်ရှိခဲ့ပါတယ်။
လန်ဒန်မြို့တွင် နေစဉ်မိမိသည် ဟီးသရိုးလေဆိပ်သို့ ဆင်းသက်နေသော လေယဉ်များကို အကြိမ်းများစွာ စောင့်ကြည်ရေတွက်နေမီပါသည်။ဟီးသရိုးလေဆိပ်တွင် နှစ်မီနစ်ကြာတိုင်း ထိုလေဆိပ်မှ လေယဉ်ပျံတစ်စင်းကောင်းကင်ယံသို့ ပျံတက်နေ၍ နှစ်မီနစ်ကြာတိုင်း ထိုလေဆိပ်သို့ လေယဉ်ပျံတစ်စင်းဆင်းသက်နေသည်။
လန်ဒန်လေဆိပ်သို့လာကြိုနေသော ကိုနေ၀င်နှင့်သားငယ်လေးတို့ကို ဂိတ်အ၀မှာလက်ပြနှုပ်ဆက်ပြီး ကားပြင် လိုက်ခဲ့ပြီး မစ္စကာရိုလ်အိမ်သို့ ကားကိုစတင်မောင်နှစ်ပါတော့သည်။လာကြိုကြသူများလက်ထဲရောက်ပြီး လေဆိပ်မှ မြို့တွင်းသို့ဝင်ရမည်ဟုဆို၍ ယခုမှပင် လန်ဒန်ကို အကဲခတ်ရသည်။အော်စလို Ryggeလေဆိပ်မှ မြို့တွင်းသို့ အ၀င်ကဲ့သို့ ကားတွေတန်းစီကျပ်တောက်နေသလား။ဒါမဟုတ်တိုက်တာအဆောက်အအုံတွေ တန်းစီ၍များနေတာ လားဆိုတာကို မျက်စေ့ကျွတ်မကျတတ်ကြည့်ရသည်။
လေဆိပ်မှာထွက်တော့ ဘာအဆောက်အအုံမှ ကြီးကြီးကျယ်ကျယ် မတွေ့ရ။လမ်းတွေကရှင်းသည်။လမ်းဖြောင့်များမဟုတ်။
ဒီနေ့တော့ THE BRITISH MUSEUMကိုရောက်ရှိခဲ့ပါတယ်။Carol Barnes and Davia  Ashin Htavara မိမိတို့ ရထားဖြင့် သွားရောက်ခဲ့ကြပါတယ်။ပျော်စရာကောင်းတဲ့ လန်ဒန်မြို့၏ တန်းဖိုးများစွာနှင့်အတူ မိမိတို့မြန်မာနိုင်ငံက တန်းဖိုးကြီးမှားတဲ့ ဗုဒ္ဓရုပ်ပွားတော်များ၊ဆွမ်းအုပ်များ၊ကျောက်စိမ်းများ၊တစ်ခြားသော အရာဝတ္ထုတွေကို မိမိမြင့်တွေလိုက်ရတော့ စိတ်ထဲမှာ ၀မ်းနည်းခဲ့ရပါတယ်။မြန်မာပြည်ရဲ့အဖိုးတန်းများစွာက ပြည်ပနိုင်ငံတွေရောက်ရှိပြီး ကိုယ်တိုင်ပြည်မှာတော့ ဗလနတ္ထိဖြစ်နေရတဲ့ မိမိတို့နိုင်ငံ အကြောင်းက ဥနှောက်ထဲကို ရောက်လာခဲ့ပါတယ်။တန်းဖိုးမထားတက်တဲ့ လူတစ်စုကြောင်း တိုင်းပြည်ရှိ သံယံဇာတပစ္စည်းများက တန်းဖိုးမရှိတာကိုကြည်ပြီး မျက်ရည်ကျတာကလွှဲလို့ ဘာမှာမတက်နိုင်တဲ့ မိမိကိုယ်ကို စိတ်တိုးဒေါသဖြစ်ရပါတယ်။

မိမိသည် အင်္ဂလန်ကိုရောက်လျှင်ရောက်ချင်း အင်္ဂလန်ဆိုတာ ဘယ်လိုမြို့ ဘယ်လိုအရပ်လဲ ဆိုသည်ကို ထပ်ခါတလဲလဲ အကဲခက်ရသည်။လန်ဒန်မြို့လယ်နှင့်ပတ်ဝန်းကျင်၊ဘာမင်ဂမ်၊လင်စတက်စကော့ တလန်နှင့် ပင်လယ်ကမ်းခြေအပါအ၀င် သူတို့၏ကျေးလက် ဒေသများကို အပြေးအလွှားသွားကြည့်သည်။

တကယ်တော့ လန်ဒန်ဆိုတာက အော်စလိုနှင့်လည်းမတူ၊ကွဲပြားခြားနားပြီး တူစရာရှိလျှင် လန်ဒန်သည် မိမိတို့ မြန်မာနိုင်ငံ ရန်ကုန်နှင့် အတူးဆုံးမြို့ဖြစ်၏။အင်္ဂလိပ်တို့သည် ရန်ကုန်ကို တိုးချဲ့တည်ဆောက်ရာတွင် မိမိနိုင်ငံကို လွမ်းဆွတ်တမ်းတ၍ ရန်ကုန်ကို လန်ဒန်နှင့်တူအောင် တည်ဆောက်ထားခဲ့သည်ဟုဆိုပါက မှားမည်မဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ် လန်ဒန်ဆိုတာ သစ်တော့များနှင့် တူသောမြို့ဆိုရင် မမှားနိုင်ပါဘူး။
မြို့ထဲမှာ ထူးထပ်သော သစ်တောတွေရှိနေတာက လန်ဒန်ဖြစ်၏
အင်္ဂလိပ်လူမျိုးကို ပြောရရင် ထိုလူမျိုးသည် သစ်ပင်သစ်တောထဲတွင် နေသောလူမျိုးဟုဆိုနိုင်သည်။အင်္ဂလန်တစ်နိုင်ငံလုံးသည် သစ်တောသစ်ပင်များနှင့် ဖုံးအုပ်နေပြီး စိမ်းနေသည်။လန်ဒန်မြို့သည် အရောင်အသွေးစုံလူများရှိသလို့ ရောင်စုံပန်းဥယျာဉ်ကြီးအတွင်၌တည်ဆောက်ထားသည့် မြို့တစ်မြို့ဆိုရင် မမှားနိုင်စရာဖြစ်သည်။
ကမ္ဘာပေါ်တွင် ရန်ကုန်နှင့်အတူဆုံးမြို့၊ကမ္ဘာပေါ်တွင် သစ်ပင် သစ်တောများနှင့်အလှဆုံးနိုင်ငံသည် လန်ဒန်မြို့တော်ကြီးနှင့် အင်္ဂလန်ကျွန်းဖြစ်ပါသည်။မိမိသည်လန်ဒန်၏ နွေးဦးအလှကို ရေးသား၍ ပြလိုပါသည်။လန်ဒန်မြို့၏နွေးဦးအလှကို စာသီကုံးရာတွင် လွန်လှချေရဲ့ဟု မဆိုပါနှင့်၊လန်ဒန်မြို့ ဗြိတိန်ကျွန်းနိုင်ငံကို ရောက်ရှိလာသူများအား လန်ဒန်က ဘယ်လိုဖမ်းစားတယ်ဆိုတာကို ရေးပြနိုင်ဖို့အတွက် စကားလုံးမရှာမရသည့်သူများအထဲတွင် မိမိလည်ပါသည်။
သို့သော် ရှာဖွေရရှိသော စကားလုံးအချို့နှင့် လန်ဒန်နှင့်ဗြိတိန်ကျွန်းကို မိမိတက်နိုင်သမျှ စကားလုံးများဖြင့် သီကုံး၍ ဖွဲ့ဆိုပြပါမည်။
အင်္ဂလန်နိုင်ငံကို စေ့စေ့စပ်စပ်ကြည့်သော ထိုအင်္ဂလိပ်လူမျိုးသည် သူတို့နိုင်ငံကို သဘောဝအတိုင်း မပျက်မစီးမချွတ်မယွင်းအောင် ထိန်းသိမ်းထားသော လူမျိုးဖြစ်ကြောင်း သမိုင်းမှတ်တမ်းတင်ရမည် ဖြစ်ပါသည်။အင်္ဂလန်တွင် မြေ တစ်လက်မတိုင်း တစ်လမတိုင်းကို သူတို့သည် သဘာဝအတိုင်းဖြစ်ကြောင်း ကြိုးစား၍ထားကြသည်။မိမိတို့ မြန်မာလူများသည် သဘာဝတရားတွေကို ဖြတ်စည်းပြီး တိုင်းပြည်ကို ချောက်ထဲကျအောင် ချဖြစ်သည့်လူမျိုးဖြစ်ပါသည်။အင်္ဂလိပ်လူမျိုးတို့သည် သစ်ပင်ကို မြတ်နိုးသောလူမျိုး၊သဘာဝကို ခင်တွယ်သူဟုဆိုရမည်ဖြစ်သည်။
မိမိတို့မြန်မာလူမျိုးများသည် စိန်၊ရွှေ၊ငွေ၊ပတ္တမြား ကျောက်မျက်ရတနာတို့ကို တန်းဖိုးထားသလောက် သဘာဝသစ်ပင်နှင့်သစ်တောများကို ဖြတ်စည်းတက်သည့် လူမျိုးများဖြစ်ပါသည်။မိမိတို့မြန်မာလူမျိုးများ စိန်၊ရွှေ၊ငွေ၊ပတ္တမြား ကျောက်မျက်ရတနာတို့ကို တန်းဖိုးထားသလို သဘာဝသစ်တောများကို တန်းဖိုးထားလျှင်တော့ မြန်မာပြည်ကြီးဟာ အနာဂတ်ကာလမှာ ကမ္ဘာကြီးနှင့်ရင်ဘောင်တန်းနိုင်ပြီးလို ဆိုရမည်ဖြစ်ပါသည်။
အင်္ဂလန်မျိုးများသည်။မိမိတို့၏ခြံဝင်၊မိမိတို့၏လမ်းဘေးရပ်ရွာနိုင်ငံတွင်းမှ သစ်တောသစ်ပင်ပန်းမန်တို့ကို နေ့စဉ်ပြူစုစောင့်ရှောက်ရန် သတိရှိသော လူမျိုးဖြစ်သည်။သူတို့သည်သစ်ပင်၊ပန်းမန်၊သစ်တော၊သစ်အုပ်၊ဥယျာဉ်၊ပန်းခြံ၊ချောင်း၊မြောင်း၊စိမ့်စမ်းတောတောင်ရေမြေ သဘာဝကျေးငှက်သာရကာများကို နိုင်ငံ၏အဖိုးထိုက် အဖိုးတန်ရတနာမျာအဖြစ် အရိပ်တကြည့်ကြည့်ဖြင့် ပြုစုသိမ်းဆည်းစောင့်ရှောက် တန်ဖိုးထားသော လူမျိုးဖြစ်သည်။
ဒီနေ့ရာမှ မြန်မာနိုင်ငံဘာကြောင့် နောက်ကျသွားတယ် ဆိုတာကို တင်ပြပါရစေ။မိမိတို့ မြန်မာနိုင်ငံတွင် မြန်မာ့လမ်းစဉ်ဆိုရှယ်လစ်ပါတီ ကျဆုံးပြီးနောက် နှစ်ပေါင်း (၂၂)အကြာတွင် မြန်မာ့နည်းမြန်မာ့ဟန်ဒီမိုကရေစီစနစ် ထွန်းကားပြန်၏။ အရင်းစစ်ကြည့်သော် တော်လှန်ရေးကောင်စီ (၁၉၆၂-၇၅)၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (၁၉၇၅-၈၈)၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် တည်ဆောက်ရေးအဖွဲ့ (၁၉၈၈-၉၆)၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွဲ့ဖြိုးရေးကောင်စီ (၁၉၉၆-၂၀၁၀)၊ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (၂၀၁၀ မှ ယနေ့အထိ)တို့သည် အမည်နှင့်ပုံသဏ္ဌာန်အရသာ ပြောင်းလဲ၏၊ အနှစ်သာရကား စစ်အုပ်ချုပ်ရေးသာလျှင် ဖြစ်ပြီး။
လက်ရှိခေတ်သည် မြန်မာ့နည်းမြန်မာ့ဟန်ဒီမိုကရေစီခေတ် ဖြစ်သည်။ မြန်မာ့နည်းမြန်မာ့ဟန်ဒီမိုကရေစီကို စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဟု အမည်ပေး၏။ ကျန်ဒီမိုကရေစီစနစ်များသည် စည်းကမ်းပြည့်ဝဟန် မတူသဖြင့် အလွန်အဆင့်မြင့်သော မြန်မာလူ့ဘောင်အတွက် အံမဝင်ခွင်မကျဖြစ်ရာ မြန်မာ့အာ မြန်မာ့လျှာနှင့် ပဏာတင့်အောင် ဒီမိုကရေစီဖခင် ဂရိလူမျိုးများပင် မကြံဆနိုင်သည့် မြန်မာ့နည်းမြန်မာ့ဟန် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို ၁၉၉၃-ခုနှစ်မှ စ၍ ၂၀၀၈-ခုထိတိုင်အောင် ငိုက်ကာမြည်းကာနှင့် ရေးဆွဲခဲ့ရသည်။မြန်မာ့နည်းမြန်မာ့ဟန်ဒီမိုကရေစီ၏ ဥသျှောင်၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ၏ ဂုဏ်ဆောင်၊ အမျိုသားညီလာခံဥက္ကဋ္ဌ သမ္မတသိန်းစိန်သည် လွှတ်တော်မဏ္ဍပ်တိုင်တက်၍ ၂၀၀၈-ခုဖွဲ့စည်းပုံကို လက်မခံသူများကို လက်ခံလာအောင် ဥပါယ်တံမျဉ်ဖြင့် မဟုတ်ဘဲ ဗြောင်ပင် လိမ်ညာတော့အံ့ ဟု ပြည်ထောင်စုအခြေပြသမ္မတမိန့်ခွန်းတွင် ကြွေးကြော်ခဲ့သည်။ သမ္မတကြီး ကတိတည်ပေသည်။ ဇွဲကောင်းကောင်းဖြင့် လိမ်ခဲ့ရာ ယခုအခါ၌ ဒီချုပ်သည် ၂၀၀၈ ခုဥပဒေကို ကာကွယ်စောင့်ရှောက်ပါတော့မည်ဟု ကျမ်းသစ္စာဆိုခဲ့ပြီဖြစ်သည်။
မြန်မာ့နည်းမြန်မာ့ဟန်ဒီမိုကရေစီစနစ်တွင် ပြည်ထောင်စု မြန်မာ့နိုင်ငံကို တိုင်းဒေသကြီး()ခုနှင့် ပြည်နယ်()ခုတို့ဖြင့် ဖွဲ့စည်းထားသည်။ အမြီး(၁၄)ခုကို ကြည့်လျှင် မြွေကြီးဖြစ်ကြောင်း သေချာလှသည်။ ပါလီမာန်ကို ကြည့်လျှင် Majority Rule ပုံစံကဲ့သို့ ဖော်ဆောင်ထားသည်။ တိုင်းရင်းသားလူမျိုးများသည် ယင်း Majority Rule စည်းကမ်းအရ ပါလီမာန်တွင် တစ်ဝက်ရှုံးရပြီဖြစ်သည်။ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သူပြည်နယ်သားများကို တာဝန်ခံရသည်မဟုတ်ဘဲ မိမိကို တိုက်ရိုက်ရွေးကောက်တင်မြှောက်ပေးသော နိုင်ငံတော်သမ္မတကိုသာ သစ္စာတော်ခံရခြင်း၊ ပြည်နယ်ပါလီမာန်တွင် တပ်မတော်သားကိုယ်စားလှယ် (၂၅)ရာခိုင်နှုန်းပါဝင်နေခြင်းတို့ကြောင့် မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဟု အမည်တပ်သော်လည်း တပြည်ထောင်နိုင်ငံ Unitary Stateအစစ် ဖြစ်သည်။
မိမိတို့ မြန်မာနိုင်ငံဒီမိုကရေစီစနစ်တွင် လူများစုအသံကို အလေးထားရန် လိုအပ်သည်။ အများဆန္ဒအရ အုပ်ချုပ်ရသည်။ အများဆန္ဒအရ အုပ်ချုပ်ရခြင်းကို မဂျောရတီးရူးလ် ဟု ခေါ်သည်။ နိုင်ငံတော်တွင် တိုင်းရင်းသားလူမျိုးများ မရှိဘဲ လူမျိုးတစ်မျိုးသာ အုပ်ချုပ်သည့် နိုင်ငံတွင် ဤ Majority Rule စနစ်ကို ကျင့်သုံးလေ့ ရှိသည်။ မိမိနေထိုင်ရာ ဥရောပ နိုင်ငံများတွင် နယူးဇီးလန်၊ ယူနိုက်တက်ကင်းဒမ်း၊ အိုင်ယာလန်၊ လူဇင်ဘတ်၊ ဆွီဒင်နှင့် နော်ဝေးနိုင်ငံတို့မှာ ဤစနစ်ကို လေ့လာနိုင်သည်။
နိုင်ငံတော်တွင် တိုင်းရင်းသားလူမျိုးများစွာ အခြေချနေထိုင်ကြလျှင်၊ သို့မဟုတ် လူမျိုးတူသော်လည်း အုပ်ချုပ်ရေးမတူကြလျှင် ပြည်ထောင်စုစနစ်ကို ကျင့်သုံးရသည်။ ယင်းကို ဖက်ဒရယ်စနစ်ဟု ခေါ်သည်။ ဤနိုင်ငံမျိုးတွင် Majority Rule ဖြစ်ရုံနှင့် မလုံလောက်ပေ။ တန်းတူရေးကို အခြေခံသည့် Federal စနစ်ကို ကျင့်သုံးရသည်။ ဒီမိုကရေစီနိုင်ငံလည်း ဖြစ်သည်၊ ပြည်ထောင်စုကြီးလည်း ဖြစ်သည်ဟု ဆိုလျှင် မဂျောရတီးရူးလ် နှင့် ဖက်ဒရယ်ရူးလ် နှစ်မျိုးစလုံးကို ပူးတွဲကျင့်သုံးရသည်။ ဤစနစ်မျိုးကို အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဂျာမနီ၊ သြစတြီးယား၊ သြစတြေးလျ အစရှိသည်ဖြင့် လေ့လာနိုင်သည်။
မြန်မာနိုင်ငံသည် ကျွန်မြူနစ်နိုင်ငံမဟုတ်၊ ဆိုရှယ်လစ်နိုင်ငံမဟုတ်၊ ဒီမိုကရေစီနိုင်ငံမဟုတ်။ စနစ်များကို ကြိုက်ရာ ရွေး၍ ရသည်။ သို့သော် ကျွန်မြူနစ်စနစ်နှင့် ဆိုရှယ်လစ်တို့သည် တပါတီအုပ်ချုပ်ရေးစနစ်များ ဖြစ်၍ ပြည်ထောင်စုအုပ်ချုပ်ရေးစနစ်နှင့် အံဝင်ခွင်ကျမှု မရှိချေ။ ဒီမိုကရေစီစနစ်သည်သာ ပြည်ထောင်စုစနစ်နှင့် အသင့်လျော်ဆုံးဖြစ်ပေသည်။ ဒီမိုကရေစီစနစ်ဟုဆိုသဖြင့် ပါတီစုံဒီမိုကရေစီကို ကျင့်သုံးရရာ ယခုပြင်သစ်မှာကဲ့သို့ ဆိုရှယ်လစ်ပါတီများ၊ ရှရှားမှာကဲ့သို့ ကွန်မြူနစ်ပါတီများ တည်ထောင်ခွင့် ရှိသည်။

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။