Saturday 14 July 2012

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ MADAME TUSSAUD'Sမဒမ်တူးဆော့ ပြတိုက် အမှတ်တရ


မဒမ်တူးဆော့ ပြတိုက် အမှတ်တရ
အင်္ဂလန်မှာက ပြတိုက်တွေပေါသည်။ပြတိုက်တွေချည်းလိုက်လေ့လာပါက နှစ်များစွာနှင့်မပြီးမည်မဟုတ်။မိမိတို့သည် မြန်မာပြည်မှပစ္စည်းတွေ အများအပြားထိန်းသိမ်းထားသော ဗစ်တိုးရီးယားနှင့်အဲလ်ဘတ်ပြကြီများနှင့်ပြတိုက်များထဲတွင် ကလေးကြိုက်၊လူကြီးကြိုက် လန်ဒန်မြို့သူ မြို့သားများရော နိုင်ငံတကာခရီးသည်များပါ ဆွဲဆောင်နိုင်တဲ့ ပြတိုက်ကြီးများစွာက ကြည်ရှုစရာများပြီး လန်ဒန်မြို့၏ဆွဲဆောင်နိုင်ဆုံးနှင့် လူအကျပ်တောက်ဆုံးပြတိုက်သည်။မိမိ ဒီနေ့ရောက်ခဲ့သော မဒမ်တူဆော့ ဖယောင်းရုပ်တုပြတိုက် (Madame Tussud'sဖြစ်သည်။
မိမိရောက်နေ့သော လန်ဒန်၏ ဂျူလိုင်သည်ဟု ဆိုသော်လည်း အတော်အေးသောကြောင့် လူအများက အိမ်ပြင်ထွက်ပါက အနွေးထည့်လုံလုံခြုံခြုံယူသွားရသည်။မိမိအတွက် အလွန်မှာကို ပူးနေသောကြောင့် စိတ်ညစ်ရပါတယ်။မိမိနေထိုင်ရာ နော်ဝေနိုင်ငံမှာ ဥရောပ၏အအေးဆုံးနိုင်ငံဖြစ်သောကြောင့် ဥရောပနိုင်ငံများက မိုးလေ၀သကြေငြာချက်က တိတိကျကျမှန်သည်။မိမိမွှေးရပ်မြေ မြန်မာနိုင်ငံကတော့ အမှားများစွာနှင့်ပါပဲ။ထိုကြောင့် လန်ဒန်ရုပ်မြင်သံကြားမှ ရာသီဥတုအေးမည်ဆိုသောကြောင့် အနွေးထည်လည်း လူလာသည်။မိမိတည်းခိုသော ကိုနေ၀င်တို့အိမ်ရှိရာ(Walthamstow Town (Subud of London)ရပ်ကွက်မှ အနီးဆုံးဘူးတာဖြစ်သော Walthamstow တာသို့ မစ္စကာရိုလ်နှင့်လမ်းလျှောက်ပြီးခဲ့ပါတယ်။
မိမိတို့သည် Walthamstow တာဘူမှ မြို့တွင်းရှိ ၀ါတာလူးဘူးတာကြီးသို့စီးရသည်။လမ်းတွင်ဘူးတာ ၁၀ခုကျော်လောက်ရှိသည်။Walthamstow တာဘူက မိမိနေရာထိုင်ရာ နော်ဝေနိုင်ငံ Stjørdalမြို့နှင့်Tronheimလို ဘူတာတစ်ခုဖြစ်သည်။Stjørdalမြို့နယ် အတွင်း နေကြသူများTronheimမြို့အတွင်းသို့ အလုပ်သွား အလုပ်ဆင်၊မြို့တွင်းသို့ အသွားအလာကိစ္စရှိပါက မိမိတို့အိမ်မှTronheimဘူတာသို့ ကိုယ်ပိုင်ကားနှင့်လာပြီး ကားကိုTronheimဘူတာတွင်ထားခဲ့ကာမြို့တွင်းသို့ မီးရထားနှင့်ဝင်ခြင်းဖြစ်သည်။
မီးရထားလတ်မှတ်က ၇ပေါင်၊ခရိုနာနှင့်၁၁၀ခန့်ပေးရသည်။၇ပေါင်ပေးရသော မီးရထားခက လန်ဒန်မြို့တွင် တစ်နေ့ကုန် ရထားရော ဘတ်စ်ကားကိုပါစီး၍ရသည်။
မိမိရဲ့မိတ်ဆွေ မစ္စကာရိုလ်နှင့်စကားပြောရင် မြို့တွင်းသို့ဝင်လာသည်။ခေတ်ဟောင်းက အဆောက်အဦဟောင်းများကို ရထားလမ်းဘေး၌တွေ့ရသည်။လမ်းတွင် နာမည်ကြီးဝင်ဘယ်ဒန်တင်းနစ်ကစားကွင်းကြီးရှိရာ ၀င်ဘယ်ဒန်အရပ်ကို ဖြတ်သွားရသည်။

ဝါတာလူးဘူတာမှနေ၍ ဗစ်တိုးရီးယားဘူတာသို့ သွားကြသည်။ဗစ်တိုးရီးယားဘူတာမှ တဆင့် မဒမ်တူဆော့ ပုံတူဖယောင်းပြတိုက်သို့ရောက်သည်။ဖယောင်းပြတိုက်များကို မိမိသည်။ထိုင်းနိုင်ငံမှာရော၊စင်္ကာပူမှာပါ ရှိတာကြားဖူးပြီးဖြစ်သည့် သို့သော် မရောက်ဘူးသေပါ။အခုတော့ လန်ဒန်ဖယောင်းပြတိုက်က နာမည်ကြီးပြတိုက်ကြီးတစ်ခုမို့ ဘာတွေတွေ့ရမလဲ ဘယ်လိုများလဲဆိုပြီး ရင်ခုန်နေမိသည်။
မဒမ်တူးဆော့ဖယောင်းပြတိုက်သို့ သွားရောက်ရခြင်းသည် အခြားမည်သည့်နိုင်ငံကပြုလုပ်ထားသော ဖယောင်းပြတိုက်များနှင့်မှမတူ၊သွားရောက်သူတို့အတွက် အတွေ့အကြုံတစ်ခုကို ရရှိသည်။မဒမ်တူးဆော့ပြတိုက်ကို လေ့လာသည်က ဥရောပသမိုင်းကိုလေ့လာရသလိုသလိုလည်းရှိသည်။မိမိ မသိလိုက်ရသော ကမ္ဘာသမိုင်းနှင့်ပဒေသရာဇ်ခေတ်ဦး၊ခေတ်လယ် ခေတ်နှောင်းတို့ကိုလည်း လေ့လာခွင့်ရှိခဲ့ပါသည်။
မိမိအဖို့ လန်ဒန်ရောက်ပါလျက် မဒမ်တူးဆော့ဖယောင်းပြတိုက်သို့မရောက်ခဲ့လျှင် လန်ဒန်မြို့ကို ရောက်သည့်မမည်ဟုလည်းဆိုကြပါသည်။မိမိအတွေ့အကြုံအရ နည်းနည်းပိုသည်ဟုထင်သည်။မဒမ်တူးဆော့ပြတိုက်သည် သွားအပ်သော နေရာတစ်ခုဖြစ်သည်ကားအမှန်ဖြစ်ပါသည်။မိတ်ဆွေတို့ရေ လန်ဒန်ရောက်ရင်တော့ သွားဖြစ်အောင်သွားလိုက်ပါ။
ဒီနေ့ရာမှ ဆရာချစ်စံဝင်းရေးသည့် ချစ်စရာ လန်ဒန်စာအုပ်ထဲက မဒမ်တူးဆော့ပြတိုက်၏ သမိုင်းအကြောင်း အနည်းငယ်ကို ကောက်နှုတ်တင်ပြပါရစေ။
ှုဤပြတိုက်ကို မေရီကရိုးရှော့စ်က ခရစ်နှစ် ၁၇၆၁ခုနှစ်မှ ၁၈၅၀ပြည့်နှစ်အတွင်း တည်ထောင်ခဲ့ခြင်းဖြစ်သည်။သူမသည် မှုလက ပြင်သစ်တော်ဝင်မိသားစုအတွက် အ၀တ်အစားဒီဇိုင်းပညာရှင်နှင့်နည်းပြဆရာတစ်ဦးဖြစ်သည်။သို့သော်ပြင်သစ်တော်လှန်ရေးကာလသို့ ရောက်ရှိလာသောအခါ ခေါင်းဖြတ်စက်ဖြင့် ကွပ်မျက်ခံရမည့်သူများ၏ ပုံတူမျက်နှာဖုံးများပြုလုပ်ပေးခဲ့ရသည်။ထိုအလုပ်ကြောင့်ပင် သူမသည် သေဒဏ်ကျခံရန် အမိန့်ချမှတ်ခြင်းခံရပြီးမှ လွတ်မြောက်လာသူဖြစ်သည်။
သူမမျက်နှာဖုံး ပုံတူပြုလုပ်ခဲ့သူများထဲတွင် သူမ၏ပုဂဂိုလ်ရေးအရခင်မင်ရင်းနှီးအကျွမ်းဝင်သူများ ဖြစ်ကြသော ၁၆ဆက်မြောက် လူဝီဘုရင်နှင့် မေရီအင်တွိုင်းနက်တို့လည်း ပါဝင်ကြသည်။လန်ဒန်မြို့သို့ထွက်ပြေးလွတ်မြောက်လာသည့်အခါ သူမသည် လီစီယမ်ကဇာတ်ရုံတွင် သူတတ်သောပညာဖြင့် ဖယောင်းရုပ်တုများပြုလုပ်၍ ပြီးမှ လန်ဒန်တွင် ပြပွဲတစ်ရပ်ခင်းကျင်းပြသခဲ့သည်။ထိုနောက်သူမသည် အင်္ဂလန်နိုင်ငံ အတွင်း ခရီးလည့်လည်သွားလာခဲ့သည်။ခရီးမှပြန်လာသောအခါ မေရီကရိုးရှော့စ်သည်လက်ရှိ ပြတိုက်နှင့်ကပ်လျှက်ရှိသော ဘေကာလမ်းတွင် ပြတိုက်တစ်ခုစတင်တည်ဆောက်ခဲ့သည်။ထိုစဉ်ကပြုလုပ်ထားသော ပုံတူရုပ်တုအချို့ကို ယနေ့တိုင် ခင်းကျင်းပြသထားဆဲရှိသည်။လာရောက် လေ့လာသူအများ နှစ်သက် သဘောကျမှုအများဆုံးခံရသည့် ဖယောင်းရုပ်တုတို့မှာ ဂီတ၊ရုပ်ရှင်နှင့် အားကစား လောကများမှ အောင်မြင်ကျော်ကြားသူတို့၏ ပုံတူရုပ်များဖြစ်၏။လူအများက ထိုဖယောင်းရုပ်များကို တကယ့်သက်ရှိလူနှင့် မျက်နှာချင်းဆိုင်တွေ့ရသည့်အလား ခံစားမှုကို ပို၍နှစ်ခြိုက်ကြသည်။ ထို့အတွက် ဤပြတိုက်သို့ တကူးတကလာရောက်ကြခြင်းဖြစ်သည်။ပန်းခြုံတွင်းမှ ပါတီပွဲသဖွယ်ခင်းကျင်း ပြသထားသော ပြကွက်တွင် ရစ်ချက်ဘရန်ဆင်နှင့်ပေါ်လ်ဂက်စကွိုင်းတို့စကားလက်ဆုံ ကျနေကြသည်ကို လည်းကောင်း၊ဒတ်ဒလီမိုးက စန္ဒရားတီဖော်ဖြေနေပုံ၊ဖော်လ်တီးတာဝါးစ်ဟာသတီဗီဇာတ်လမ်းတွဲမှ စားပွဲထိုးအဖြစ်သရုပ်ဆောင်သူ အင်ဒရှုးဆကပ်ခ်ျက စားပွဲထိုးနေသည်တို့ကို တွေ့ကြရပြီး သူတို့သရုပ်ဆောင်နေသည်ကို မျက်ဝါးထင်ထင် မြင်ရသလိုခံစားရရှိသည်။
မိမိအတွက်တော့ ဒီနေ့ဟာ စပိုက်တာမင်းနှင့် တွေ့နေရသလို့ခံစားရပါတယ်။သူတို့ရဲ့ပြကွက်များက ရင်သတ်ရှုမောဖွယ်ရာများကို လက်တွေ့ခံစားမှုများနှင့် ဖျော်ဖြေးတင်ဆက်မှုကိုကြည့်လိုက်ရတာက အပြင်မှာ တကယ်ဖြစ်နေသလိုပါပဲ။
ဧသည့်များသည် ရှောင်ကွန်နရီ၊နာအိုမီကင်းဘဲဘလ်၊အီယန် ဘိုသမ်စသူတို့နှင့်တွဲ၍ ဓါတ်ပုံရိုတ်ရန် တန်းစီကြရသည်။အချို့်သော ရုပ်တုများမှာ လက်ရာမြောက်အသက်ဝင်လှသဖြင့် မည်သည်ကဧည့်သည် မည်သည်က ဖယောင်းရုပ်တုဟု ခွဲခြားရန်ပင်ခက်ခဲနေပေသည်။
ဟောလီးဝုဒ် ဒဏ္ဍာရီပုံပြင်များ ပြခန်းတွင် ဟန်းဖရေးဘိုးဂတ်၊စသည်သဖြင့် ခန်းမကြီးထဲတွင် ခေတ်အဆက်ဆက်သောဘုရင်များ၊ဘုရင်မများ၏ရုပ်တုများက အမေရိကန်သမ္မတများ။ကမ္ဘာခေါင်းဆောင်များ၊ရှိတ်စပီးယား၊ချာလ်ဒစ်ကင်းစ်နှင့်မဒမ်တူးဆော့၏လက်ရာဖြစ်သော ဗော့လ်တိုင်းယား၏ ပုံတူကိုလည်းတွေ့ရှိနိုင်သည်။
ထိုအထဲတွင် မဒမ်တူးဆော့၏နောက်ဆုံးလက်ရာ ဖြစ်သော အသက် ၈၁ နှစ်အရွယ်၊၁၈၄၂ခုနှစ်ခန့်က ရေးဆွဲပြီးစီးခဲ့သော ကိုယ်တိုင်ရေးပုံတူပန်းချီကားလည်း ပါဝင်သည်။ မိမိကတော့ ပြန်ခန်းထဲတွင် ငြိမ်းချမ်းရေး နိုဘယ်ဆု ရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူး ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားနှင့်တွဲ၍ ဓါတ်ပုံရိုက်ခဲ့သည်။
မိမိအတွက် ထူးခြားသော ပြကွက်က ထိတ်လန့်ဖွယ်ရာလှော်တိုက် အမည်ရှိပြခန်းဖြစ်ပါတယ်။ထိုပြခန်းတွင် လူအစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့ကြသူများ၊သေဒဏ်ပေးပုံစနစ်အမျိုးမျိုးကိုပြသထားသည်။
ပြင်သစ်တော်လှန်ရေးကာလက ပြင်သစ်တွင် ခေါင်းဖြတ်စက်ကြီးကိုပြုလုပ်၍ လူများအား ခေါင်းဖြတ်၍ သတ်ခဲ့ရာ မဒမ်တူးဆော့သည် ခေတ်အဆက်အဆက်နှင့်ဆုံခဲ့ရာ ပြတိုက်ဆိုရင် မမှားနိုင်ပါဘူး။ ခေတ်ဟောင်းနှင့်ခေတ်သစ်ရှင်တွဲနေရာဆိုရင်လည် မှန်ပါတယ်။သမိုင်းတန်းဖိုးအများဆုံးလိုပြောရပါမယ်။ထိုအခန်းများသည်ကား လူသမိုင်း၏မနှစ်မြို့ဖွယ်ရာ မြင်ကွင်းများ၊ရက်စက်မှုများ၊လူလူချင်းညှာတာထောက် ထားမှုကင်းခြင်းများကို ပြသသည့်ပြကွင်းပြကွက်များဖြစ်၍ ပြတိုက်အတွင်းသို့ ၀င်ရောက်လေ့လာရာတွင် ကလေးငယ်များပါဝင်ပါက ထိုပြကွက်များကို ကျော်လွှားသွားသင့်ပါသည်။
ဗြိတိသျှသင်္ချာပညာရှင်စတီဗင် ဟော့ကင်တို့၏ ဖယောင်းရုပ်တုများကို ပြသထားသည်။လန်ဒန်ရောက်လျှင် မဒမ်တူးဆော့ ဖယောင်းပြတိုက်ကြီးကို သွားရောက်ပြီး လေ့လာကြပါလို့တိုက်တွန်းရင် အဆုံးသတ်လိုက်ပါတယ်။


0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။