Thursday 20 September 2012

တောင်းဆု............


အလွမ်းဓါတ်ခင်းကျင်းထားတဲ့

အတိတ်သမိုင်းထဲကမျက်ရည်စတွေ
အရောင်ပြောင်းလဲသွားမှာကိုမလိုလားပါဘူး.........



မျှော်လင့်မှု့တွေတလှေကြီးနဲ့
အကွေ့အကောက်တွေကြားက
ယုံကြည်မှုအပြည့်နဲ့စီးဆင်းနေတဲ့မြစ်ကိုလည်း
မိုးဦးမမဲ့စေချင်ပါဘူး........



ဂန္တ၀င်ဆန်တဲ့သူ့ရေစီးသံရယ်
စိမ်းလန်းခြင်းကင်းမဲ့လာနေတဲ့တောတောင်တွေရယ်
သိချင်းဟောင်းတစ်ပုဒ်လိုဟစ်အော်ဆိုနေရတဲ့
ဒီကနေ့ငြိမ်းချမ်းရေးက
တစ်ရာသီလုံးဝေဆာနေပေမယ့်
နှစ်ဆယ့်တစ်ရာစုအလွန်ရဲ့သမိုင်းမာတိကာမှာ
နောက်ကြောင်းပြန်သွားနေတက်တဲ့
ပန်းအရိုင်းတွေ
ထပ်ပြီးမဖူးပွင့်ပါစေနဲ့တော့ကွယ်..................။ ။
ရန်ငြိမ်းသူ......

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။