Friday 21 September 2012

စစ်ပွဲတွေရပ်ဖို့အတွက် ပြည်သူများ၏ တောင်းဆိုသံများ..


အပြည်ပြည်ဆိုင် ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုအဖြစ် စုပေါင်း လမ်းလျှောက်သူများသည် ယနေ့ စက်တင်ဘာ (၂၁) ရက်နေ့ နံနက် ၁၀း၀၀ နာရီမှ စတင်ပြီး မဟာဗန္ဒုလလမ်းအတိုင်း ချီတက်ခဲ့ရာမှ ရန်ကုန်မြို့တွင် ထင်ရှားသော မင်္ဂလာဈေး၊ တာမွေးဈေး၊ ခြောက်ထပ်ကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့၊ မြေနီကုန်း မှ ပြည်လမ်း အတိုင်း တံတားဖြူ အင်လျား ကန်ဘောင်တော်ကြီးဆီသို့ ချီတက်ဆန္ဒပြခဲ့ပါတယ်။
အဆိုပါဆန္ဒထုတ်ဖော်သူများလက်တွင် အပြာရောင်အလံများနှင့်အတူ "ပြည်တွင်းစစ်ချက်ချင်းရပ်" "စစ်ပွဲရပ် " "တရားမျှတမှုသည်သာ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်"အစရှိသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ထားကြပါတယ်။
တစ်မြို့ နယ်ဝင် တစ်မြို့နယ်ထွက်တိုင်း ထွက်တိုင်းမှာ မြို့နယ်ရဲတပ်ဖွဲ့မှ လူစုခွဲပေးရန် တောင်းဆိုခဲ့သော်လည်း အဆိုပါ တောင်းဆိုမှုများကို လက်မခံဘဲ မူလအစီအစဉ်အတိုင်း ဆက်လက် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ လူဦးရေကတော့ တစ်မြို့ဝင် တစ်မြို့ထွက် တိုးလိုက် နားလိုက်ရှိနေခဲ့တာကြောင့်(၁၀၀၀၀) ခန့်တစ်သောင်းအထက်မှာ ရှိပါတယ်။

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။