Saturday 29 December 2018

""""""FREEDOM IS NOT FREE ။ လွတ်လပ်မှုကို အလကား မရပါ။ ပေးဆပ်မှု မရှိပဲ၊ လွတ်လပ်မှုကို မရနိုင်။"""""

""""""FREEDOM IS NOT FREE ။ လွတ်လပ်မှုကို အလကား မရပါ။ ပေးဆပ်မှု မရှိပဲ၊ လွတ်လပ်မှုကို မရနိုင်။"""""
ချက်စ် နိုင်ငံကို မိမိ မထင်မှတ်ပဲ ခရီးသွား ရောက်ဖို့ ဖြစ်ခဲ့ပါသည်။ချက်နိုင်ငံဟာဆိုရင် ယနေ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမတန်းကိုမှာ ရင်နှီးသော မိတ်ဆွေနိုင်ငံဖြစ်ပါသည်။
ချက်စ် သမ္မတဟောင်း ဗားစလဗ် ဟားဗယ်လ် အကြောင်းက မိမိတို့ မြန်မာနိုင်ငံသားများ နှလုံးသားမှာ တည်းရှိနေတဲ့ သူဖြစ်ပါသည်။မိမိကလည်း ချက်စ်နိုင်ငံကို ရောက်တုန်းလေး ဒကာတော် ကိုလင်းသန့်တို့ မိသားစု၊အောင်ကျော်ထွန်းတို့၏ ကျေးဇူးကြောင့် ချက်စ်နိုင်ငံ ရဲ့ မြို့တော် Pragမြို့ မှာ ရှေးပောာင်းလမ်း တံတား ရဲတိုက်တွေ နဲ့ မြို့ကိုဖြတ်စီးနေတဲ့ မိုဒေါင်း မြစ်ရဲ့ အလှတွေကိုကြည့် ဖြစ်ခဲ့ပါသည်။
မိမိကိုယ် ချက်စ်နိုင်ငံ အကြောင်းအရာတွေကို ပြောပြပေးတဲ့ ဒကာတော် ကိုလင်းသန့် နှင့် ဘောလုံး သွားကန်ဖို့ ထွက်လာတဲ့ ဒကာလေး အောင်ကျော်ထွန်းကို ချောဆွဲပြီး Hungaryနိုင်ငံ Budapest, မြို့တော်ကို ဘောကန်မဲ့ဝတ်စုံနဲ့လိုက်ပါ ပို့ဆောင်ပေး အတွက် အမှတ်တရ ဖြစ်ခဲ့ရပါသည်။ထိုခရီးအား သွားဖြစ်အောင် ခရီးစဉ် အား အစဉ်ပြေအောင် ဆောင်ရွက်ပေးကြတဲ့ အတွက်အထူးကျေးဇူးတင်ပါသည်။ထိုအပြင် Hungaryနိုင်ငံ Budapest, မြို့က ဒကာမလေး မ Win Lai Lai Swe ကိုလည်း စစ အရာရာ နွေးထွေးလှိုက်လှဲ ပျူငှာစွာ ဧည့်ဝတ် ကျေပွန်မှုများအား ကျေးဇူးတင် သတိတရရှိ နေပါကြောင်း အားလုံး မိတ်ဆွေများကို အထူး ကျေးဇူးတင်ပါသည်။
ချက်စ်ကိုရောက်တုန်း မိမိသဘောကျ လေးစားရတဲ့ သမ္မတဟောင်း မစ္စတာ ဗားစလဗ် ဟားဗယ်လ် အကြောင်းကို လေ့လာဖြစ်ခဲ့ပါသည်။ သမ္မတဟောင်း မစ္စတာ ဗားစလဗ် ဟားဗယ်လ်ကို ၁၉၃၆ ခုနှစ် တွင် မွေးဖွားခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ချက်ကိုစလိုဗားကီးယား နိုင်ငံ၏ သမ္မတ အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး ၁၉၉၀ ခုနှစ်တွင် ပါလီမန်မှ တစ်ဆင့် သမ္မတ အဖြစ် ထပ်မံ ရွေးကောက် တင်မြှောက်ခံရသည်။ ၁၉၉၂ ခုနှစ်တွင် သမ္မတ ရာထူးမှ နုတ်ထွက်ခဲ့ကာ ၁၉၉၃ ခုနှစ် ဇန်န၀ါရီ ၂၆ ရက်တွင် ချက်နှင့် စလိုဗက် ဟူ၍ နှစ်နိုင်ငံ ခွဲပြီးနောက် ချက် သမ္မတ နိုင်ငံ၏ ပထမဆုံး သမ္မတ ဖြစ်လာခဲ့သည်။

၁၉၉၈ ခုနှစ်တွင် ချက် သမ္မတနိုင်ငံ၏ သမ္မတ အဖြစ် ဒုတိယအကြိမ် ထပ်မံ ရွေးချယ် တင်မြှောက်ခံရသည်။ ၂၀၀၃ ခုနှစ်တွင် သမ္မတ တာဝန်မှ အနားယူပြီးနောက် နိုင်ငံရေးဖြစ်စဉ် ဝေဖန် သုံးသပ်ခြင်းများ ဆက်လက် လုပ်ဆောင်ခဲ့ပြီး လူ့အခွင့်အရေးနှင့် လွတ်လပ်မှု အတွက် တက်ကြွစွာ လှုံ့ဆော်ခဲ့ကာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ကွယ်လွန်ခဲ့သည်။
ချက်သမ္မတနိုင်ငံ သမ္မတဟောင်း မစ္စတာ ဗားစလဗ် ဟာဗယ်လ် သည် ပြဇာတ်ရေး ဆရာ၊ စာစီစာကုံးရေး ဆရာ၊ အတွေးအခေါ် ပညာရှင်၊ လူ့အခွင့်အရေး ကာကွယ်သူ၊ ပဋိညာဉ် ၇၇ ၏ ပြောရေးဆိုခွင့် ရှိသူ၊ နိုင်ငံရေး အကျဉ်းသားဟောင်း၊ နိုင်ငံရေး အပြောင်းအလဲ များ၏ ခေါင်းဆောင် ပုဂ္ဂိုလ်၊ ချက်ကိုစလိုဗားကီးယား နိုင်ငံနှင့် ချက် သမ္မတနိုင်ငံ၏ သမ္မတ၊ ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်၊ တက်ကြွစွာ ပါဝင်ဆောင်ရွက်သော နိုင်ငံသား အဖြစ် ထင်ရှားသူတစ်ဦး ဖြစ်သည်။
တကယ်လွတ်လပ်တဲ့သူဖြစ်ချင်တယ်ဆိုရင် လုပ်သင့်တဲ့အလုပ်ကို ဘယ်သူမှမခိုင်းရပဲ လုပ်ပါ။ ကိုယ့်စိတ်ကူး ကိုယ့်အတွေးအခေါ်နဲ့ကိုယ် လုပ်ပါ။ ကိုယ့်ပညာရေးကို ကိုယ့်လက်ထဲမှာထားပါ။ ကိုယ့်ပညာ ကိုယ်ရှာပါ။ ကိုယ်ဘာကိုတန်ဖိုးထားတယ်ဆိုတာကို ကိုယ့်ဟာကိုယ်ဆုံးဖြတ်ပါ။ အဲဒါ တော်တော်စွန့်စားရလိမ့်မယ်။ Take the risk. စွန့်စားလိုက်ပါ၊၊ လွတ်လပ်တဲ့ဘဝကိုရဖို့ စွန့်လွှတ်ရမယ်ဆိုရင် ဘာမဆိုစွန့်လွှတ်နိုင်ရမယ်။
ရွှေဝါရောင် အရှင်ထာဝရ (နော်ဝေ)

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။