Saturday 29 December 2018

""""""စာမဖတ်တာထက်စာရင်..စာဖတ်တာ ကောင်းခြင်းကို ပြတဲ့ ဆရာဇော်သန်း""""""

"""""""စာမဖတ်တာထက်စာရင်..စာဖတ်တာ ကောင်းခြင်းကို ပြတဲ့ ဆရာဇော်သန်း""""""
ဆရာဒေါက်တာဦးဇော်သန်းဆီမှ မိမိ၏ မွေးရပ်ဇာတိ အခြေခံပညာဦးစီးဌာန အမှတ် (၆၉)အခြေခံမှုလတန်းကျောင်း ကျုံပိုင်းကျေးရွာ ငြိမ်းချမ်းရေး စာကြည်တိုက်လေးအတွက် စာအုပ် 20 အုပ် လှူဒါန်းပေးပါသည်။
ဆရာရေ ကျေးဇူးကမ္ဘာပါ အခြေခံပညာဦးစီးဌာန အမှတ် (၆၉)အခြေခံမှုလတန်းကျောင်း ကျုံပိုင်းကျေးရွာ ငြိမ်းချမ်းရေး စာကြည့်တိုက်က ကလေးငယ်များ ဘ၀မှာ စာအုပ်ကောင်းတစ်အုပ်ကို ဖတ်ဖူးရင်တောင်မှ စာအုပ်ဖတ်ခြင်းက ဘာတွေပေးလဲဆိုတာ ကလေးများ သိဖို့အတွက် ဆရာလှုဒါန်းပေးသော စာအုပ်များက ကလေးတွေအတွက် အများကြီး အသုံးဝင်မှာဖြစ်ပါသည်။
စာဖတ်ခြင်းက ကလေးငယ်များကို ဘာနဲ့မှနှိုင်းယှဉ်လို့မရတဲ့ ပျော်ရွှင်မှုတွေကို ပေးမှာပါ။ ထိုအရာက တန်ဖိုးဖြတ်မရတဲ့ အလေ့အကျင့်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ယခုနောက်ပိုင်းမှာ နည်းပညာတွေ တိုးတက်လာတဲ့နဲ့အမျှ စာဖတ်နှုန်းကျ ဆင်းလာတဲ့အချိန် စာကြည့်တိုက် တစ်ခုဖြစ်အောင် အတော် ကြိုးစား ရုန်းကန်နေကြရတဲ့ နယ်ကစာကြည်တိုက်အတွက် ဆရာစေတနာကို အထူးကျေးဇူးတငိပါသည်။
မိမိ၏ ဇာတိရွာ အခြေခံပညာဦးစီးဌာန အမှတ် (၆၉)အခြေခံမှုလတန်းကျောင်း ကျုံပိုင်းကျေးရွာ ငြိမ်းချမ်းရေး စာကြည်တိုက်က ကလေးငယ်များ အတွက် စာအုပ်ဖတ်ခြင်းက အကျိုးကျေးဇူးအများကြီးရှိတယ်ဆိုတာကို သူတို့သိအောင် ကျောင်းအုပ်ဆရာမကြီးနဲ့ ကျောင်းဆရာ ကျောင်းဆရာများက ကြိုးစားဆောင်ရွက်နေကြတာလည်း ဖြစ်ပါသည်။
မိမိတို့အာလုံးကလည်း အလှူရှင် တစ်ယောက်ခြင်းဆီကို အထူးဝမ်းမြောက် စကားလည်း ပြောချင်နေကြတာပါ။ မိမိတို့၏ အခြေခံပညာဦးစီးဌာန အမှတ် (၆၉)အခြေခံမှုလတန်းကျောင်း ကျုံပိုင်းကျေးရွာ ငြိမ်းချမ်းရေး စာကြည့်တိုက်လေးက ကလေးငယ်များ စာအုပ်ဖတ်ခြင်းမှရနိုင်တဲ့အကျိုးကျေးတွေကို Point စာဖတ်ပရိသတ်တွေအတွက် အကောင်းဆုံး ဖြစ်မှာပါ။
နောက် တစ်ခုကတော့ မိမိတို့ ဦးဆောင်နေတဲ့သူအားလုံးမှာ တူညီသော စိတ်ဓာတ် ကောင်းတစ်ခု ရှိနေပါသည် ဒါက ဘာလည်းဆိုတော့ လူငယ်တွေ စာဖတ်ဖို့ပါ....။ အကျိုးပြုစာပေတွေကိုဖတ်ဖို့ပါ....။ သုတ ရသနှစ်မျိုးလုံး
ဖတ်ဖို့ပါ...။ စာဖတ်တယ်ဆိုတာမှာ သုတစာပေကိုဖတ်ရင်...သူများအတွေ့အကြုံကို အချိန်တိုအတွင်းမှာ အရယူလိုက်တာဖြစ်တယ်။
ရသ စာပေကိုဖတ်ရင်...နှလုံးသားကိုပြုပြင်နိုင်တယ်...ဘယ်စာကိုဖတ်ရမလည်းဆိုတာကတော့...မိမိ ဦးဏှောက်အ
တွေ့အကြုံ...အသက်အရွယ်နဲ့ယှဉ်လေ့လာပေါ့...။
စာမဖတ်တာထက်စာရင်..စာဖတ်တာ ကောင်းပါသည်။
စာဖတ်တယ်ဆိုတဲ့နေရာမှာလည်း..ပေါကြောင်ကြောင်အချစ်ဇာတ်လမ်းလိုဟာမျိုးတွေ ၊သိုင်းဝတ္တုလိုဟာမျိုးတွေကို ပြောတာမဟုတ်ဘူး။ ဘ၀အတွက် တစ်စုံတစ်ရာ ၊ ခွန်အား ၊ လမ်းညွှန်ချက် ၊ ဗဟုသုတ ၊ နှလုံးသားအ ဟာရကိုပေးနိုင်မဲ့ စာများကိုဖတ်ပါ....။ မိမိသင်ယူတတ်မြောက်ထားတဲ့ ကျောင်းစာများသာမက....ပြင်ပစာများကိုလည်း နှစ်နှစ်ခြိုက်ခြိုက်ဖတ်ကြပါ... စာဖတ်အကျင့်ကို စွဲနေအောင် လေ့ကျင့်ပါ.....။

အရေးကြီးလို့ပြောတာပါ......။
စာပေဖတ်ရှု့မူ့အားနည်းရင်...အတွေးအားနည်းတတ်ပါတယ်....တကယ်လို့ တွေးခဲ့ရင်တောင်မှ သဘာ
ဝကပေးထားတဲ့ အတွေးထက်မပိုနိုင်ပါဘူး ( ပါရမီ ရင့်သန်ပြီး...ဘာစာမှ မဖတ်ပဲ စူးရှတတ်တဲ့သူမျိုးတော့ မပါဘူးပေါ့...ဒါကလည်း အယောက်တစ်ထောင်မှာ တစ်ယောက် မရှိနိုင်ပါဘူး) .....။ အတွေးကောင်းတော့ အလုပ်ကောင်းနိုင်တာပေါ့နော်
( သို့သော် ဖတ်ရှုတဲ့ စာပေကို ခွဲခြား လေ့လာ ဆန်းစစ် နိုင်တဲ့ ဆင်ခြင်တုံတရားမပါပဲ....ကောက်ချက်ချတတ်တဲ့ ဥာဏ်မပါပဲ...ပုံတူကူးတာမျိုးတော့ မလုပ်ပါနဲ့ )..စာတစ်ခုကိုဖတ်ပြီးရင် ရှုဒေါင့်ပေါင်းစုံက တွေးခေါ်ပါ....။အမှန်တရား ရှုဒေါင့်က ချဉ်းကပ်ပါ။
လူတစ်ယောက် စာဖတ်တယ် မဖတ်ဘူးဆိုတာ...သူပြောတဲ့စကား ၊ သူလုပ်တဲ့အလုပ် သူတွေးတဲ့အတွေးကို ကြည့်ပြီး သုံးသပ်လို့ရပါသည်...
စာမဖတ်တဲ့သူဟာ....ဆားမပါတဲ့ဟင်းလိုပါပဲ....။စာဖတ်တဲ့သူဟာ များသောအားဖြင့် အတ္တကြီးခဲ့ရင်တောင်မှ နည်းနည်း
ဆင်ခြင်မူ့ အသိဥာဏ်တော့..စာမဖတ်တဲ့သူထက်ပိုတတ်ပါသည်...။
( ဒသနတွေ)
ကန့်လန့်တွေနဲ့တော့ လျှောက်မပြောနဲ့ပေါ့....စကားဆိုတာ...ပြောမယ်ဆို ပြောလို့ရတာချည်းပါပဲ....)....အနှစ်ချုပ်ပြောချင်တာကတော့....စာဖတ်ကြပါ.....။ စာကောင်း
ပေမွန်များကို ဖတ်ရှုတတ်တဲ့ အကျင့်များကို အခုကစ လေ့ကျင့် ပေးရအောင်ဆိုတဲ့ စိတ်ကူ အိမ်မက်များဖြင့် ဆောင်ရွက်နေကြတာ ဖြစ်ပါသည်။
မိမိတို့လူငယ်တွေရဲ့ မျက်လုံးတွေက လူတွေရဲ့ကောင်းကွက်တွေကို ရှာကြည့်တတ်ဖို့ ပါ။
လက်တွေက လူတွေကို ဖေးမဖို့ ၊ လက်တွဲကြဖို့ပါ။
ခြေထောက်တွေက လူတွေနဲ့ အတူတူ လိုက်ပါ လျှောက်လမ်းဖို့ပါ။
စကားလုံးတွေက အားပေးဖို့ ၊ ချစ်ခင်နှစ်လိုဖွယ်အတွက်ပါ။
ရင်ဘတ်ထဲက နှလုံးသားက ကိုယ်ချင်းစာတရားနဲ့ ခံစားပေးတတ်ဖို့ပါ။
ကျန်တာအတွက် မသုံးပါနဲ ။့ဆိုတာကို မိမိတို့ ကျေးရွာလေးက လူငယ် လူကြီး ကျောင်းသား ကျောင်းသူတွေကို သိရှိအောင် ဆောင်ရွက်နေကြတာ ဖြစ်ပါသည်။
ဆရာရေ ဒီရွာလေးက ကလေးငယ်တွေက တန်ဖိုးဆိုတာကို လိုချင်တဲ့သူတွေပါ သူတို့အတွက် လွယ်လွယ်နဲ့ တော့ ရှာလို့ မရနိုင်ဘူး။ အဲဒီအတွက် သူတို့ကိုယ်တိုင် တန်ဖိုးဆိုတာကို နားလည်မှ တန်ဖိုးရှိတဲ့အရာကို ရှာနိုင်ပါလိမ့်မယ်။ အဲ့ဒီတန်ဖိုးဟာ ပတ်ဝန်းကျင်ကို ဘယ်လိုပေးရမလဲဆိုပြီး အမြဲတွေးနေသူတွေအတွက်သာ ဖြစ်ပါသည်။
ကိုယ်က သူတစ်ပါးကို စစ်မှန်တဲ့ အရာတွေ ပေးတဲ့အခါ သူတို့ ရင်ထဲက စစ်မှန်တဲ့မေတ္တာ စေတနာတွေလည်း ကိုယ်ပြန်ရမှာပေါ့။ ရယူလိုတဲ့သတ္တိထက် ပေးဆပ်လိုတဲ့သတ္တိက မွေးမြူဖို့ ပိုခက်ပါသည်။
ရွှေဝါရောင် အရှင်ထာဝရ (နော်ဝေ)။

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။