Saturday 29 December 2018

'''''''ပရဟိတပုဂ္ဂိုလ် နှင့် အတ္တဟိတ ပုဂ္ဂိုလ်"""'

'''''''ပရဟိတပုဂ္ဂိုလ် နှင့် အတ္တဟိတ ပုဂ္ဂိုလ်"""'
မိမိ ပထမဆုံး စဉ်စားမိတာကတော့ ဗုဒ္ဓ၏ တရားတော်အတိုင်းပဲ သူတစ်ပါး အကျိုးပြုလုပ်ငန်းများကို လုပ်ကိုင်ပေးနေကြတဲ့ ကျောင်းဆရာ၊ကျောင်းဆရာများ ဖြစ်တယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါသည်။ မိမိတို့ဗုဒ္ဓဘာသာ၏ ပရဟိတလုပ်ငန်း ဆိုရာတွင် ရဟန်းရှင် လူပုဂ္ဂိုလ် အားလုံးကို အကျုံးဝင်စေတော့ မိမိတို့ဗုဒ္ဓ၏ ပရဟိတလုပ်ငန်းတွေကို အရင်ဆုံး မြင်လိုက်တာပါပဲ။ ယနေ့ခေတ်လိုကာလမျိုးမှာ ပရဟိတလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်ပေးနိုင်ဖို့ရန် တော်ရုံတန်ရုံ စိတ်ဓာတ်ဖြင့် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ပရဟိတ လုပ်ငန်းလုပ်ကိုင်သူသည် ကာယကံစိတ်အားဖြင့်လည်း၎င်း အပင်ပန်းခံရသည်။ ၀စီကံစိတ်အားဖြင့်လည်း၎င်း အနားမနေရ။မနောကံစိတ်အားဖြင့်လည်းကောင်း စီစဉ်နေသည်။ လူအားကိုလည်း ရင်နှီးရသည်။အချိန်အားကို စိုက်ထုတ်ရသည့် အပြင် တစ်ခါတစ်ရံ ငွေအားကိုပါ အကုန်ကျခံရသေးသည်။ ထိုအပြင် ပတ်ဝန်းကျင်မှ ဝေဖန်ကဲ့ရဲ့ပင် ခံရတတ်သေးသည် မဟုတ်ပါလား။
မိမိဇာတိကကျောင်းအုပ် ဆရာမကြီးနှင့် ကျောင်းဆရာများ၊ကျောင်းဆရာမများ၊ကျောင်းသူ ကျောင်းသားများ၊ ကျောင်းသား မိဘများ ရပ်မိရပ်ဖများကတော့ ထိုသို့သော် အဆင့်များစွာကို ကျော်ဖြတ်နိုင်မှာသာလျှင် ပရဟိတ လုပ်ကိုင်နိုင်သော အဆင့်သို့ ရောက်ရှိမည်ဖြစ်ပါသည်။ မိမိတို့မြတ်စွာဘုရားသည် ပါရမီ ဖြည့်စဉ်ဘ၀များစွာတွင်လည်း ပရဟိတ လုပ်ငန်းများစွာကို လုပ်ကိုင်ခဲ့သည်။ ဘုရားဖြစ်တော်မှုပြီး နောက်တွင်လည်း သတ္တ၀ါများ အကျိုးအတွက် ပရဟိတ လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။ ထိုမျှမက သတ္တ၀ါများစွာကို နိဗ္ဗာန်အထိပင် ပို့ဆောင်ပေးခဲ့ပေသည်။
အထူးသတိပေးချင်တာကတော့ အများအကျိုး ပရဟိတ လုပ်ကိုင်ရင်း မိမိအတ္တအကျိုး အတွက် ဦးစားပေး ပြုလုပ်သွားကြသော ပုဂ္ဂိုလ်များလည်း ရှိသည် ။ အခုခေတ်ကာလမျိုးမှာ၊ပရဟိတဟု အမည်ခံကာ မိမိအတွက် အကျိုးစီးပွား ဖြစ်ထွန်းရေးကိုသာ လုပ်ဆောင်သွားတတ်သောကြောင့် ထိုသူကို ပရဟိတပုဂ္ဂိုလ်ဟု ခေါ်၍ မရနိုင်ပေ။ အတ္တဟိတ ပုဂ္ဂိုလ်သာလျှင် ဖြစ်ပါသည်။
ထိုကြောင့် အခြေခံပညာဦးစီးဌာန အမှတ် (၆၉)အခြေခံမှုလတန်းကျောင်း အုပ်ဆရာမကြီးနှင့် ကျောင်းဆရာ၊ကျောင်းဆရာများအားလုံးကို အဓိက ပြောချင်တာကတော့ မိမိတို့၏ လက်ထဲမှာရှိတဲ့ အနာဂတ် လူငယ်တွေများကို လူသားဆန်သော လူသားတစ်ယောက်ဖြစ်ဖို့ လူငယ်တွေကို ပရဟိတစိတ်ဖြစ်ဖို့ သင်ကြားပေးတဲ့အခါ ထိုအချက်ကိုလည်း သတိကြီးစွာ ဂရုပြုသင့်ပေသည်။ အရေးကြီးဆုံးအချက်တွေကို မိမိတို့ဗုဒ္ဓတရားတော် အတိုင်း ပြောချင်တာကတော့ အနာဂတ်၏ ကလေးငယ်များ အတွက် ကျောင်းအုပ်ဆရာမကြီးနှင့်တကွအားလုံးသော ပုဂ္ဂိုလ်များသည် အခြေခံအားဖြင့် အောက်ပါအချက်များကို လေ့လာပြီး ကလေးငယ်များ၏ စိတ်သန္တာန်ကို စိစစ်ပေးဖို့ တိုက်တွန်းပါသည်။
(၁) သာသနာကို ကြည်ညိုမြတ်နိုး ယုံကြည်သော သဒ္ဓါစိတ် ထက်သန်ရမည်။
(၂) အများအကျိုးအတွက် ဆန္ဒ ပြင်းပြရမည်။
(၃) ဒေါသ မကြီးရ။
(၄) စိတ်ရှည်၊ သည်းခံနိုင်ရမည်။
(၅) လူသားများကို မေတ္တာဓာတ်ဖြင့် ကြည့်နိုင်အောင် ကြိုးစားရမည်။
(၆) မိမိ လုပ်တာသာလျှင် အမှန်ဟု မဖြစ်စေရ။
(၇) အဖွဲ့တွင် လုပ်ကိုင်နေသူ ပုဂ္ဂိုလ်များနှင့် တိုင်ပင်ရမည်။
(၈) အဖွဲ့ဝင် အချင်းချင်း လုပ်ငန်းနှင့် ပတ်သက်၍ လျှို့ဝှက်ချက် မထားရ။
(၉) အဖွဲ့ဝင်အားလုံး ရိုးသားမှုနှင့် ပွင့်လင်းမှုကို အခြေခံထားရမည်။
(၁၀) တစ်ဦးနှင့် တစ်ဦး မာန မရှိစေဘဲ အပြန်အလှန် လေးစားမှု ရှိရမည်။
(၁၁) အဖွဲ့အစည်း အထဲတွင် သူ့လူ၊ ငါ့လူ ဟူ၍ မရှိစေရ။
(၁၂) မိမိကိုယ်တိုင်လည်း အဖွဲ့အစည်းတွင် အရေးကြီးသော လုပ်ငန်းနေရာ ယူတတ်ရသလို သူတစ်ပါးကိုလည်း နေရာ ပေးနိုင်ရမည်။ (၁၃) အလုပ်နှင့် ပုဂ္ဂိုလ် နှစ်ခုတွင် ပုဂ္ဂိုလ်ထက် အလုပ်ကိုသာ ဦးစားပေး ကြည့်ရမည်။
(၁၄) အလှူရှင် လှူဒါန်းထားသော အလှူငွေကို သော်လည်းကောင်း၊ အလှူပစ္စည်း ကိုသော်လည်းကောင်း ရည်ရွယ်ချက် မှန်မှန်ဖြင့် ပြီးမြောက်အောင် အချိန်နဲ့ တပြေးညီ လုပ်ဆောင်ပေးရမည်။
(၁၅) ငါ့ နာမည်အတွက် မဖြစ်စေရဘဲ အဖွဲ့နာမည်အတွက်၊ သာသနာ အတွက်သာ ဖြစ်ရမည်။
(၁၆) ရှေ့လုပ်ငန်းစဉ်များအတွက် ကြိုတင် စီမံချက် ဆွဲထားရမည်။
(၁၇) မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရား လေးပါးကို လက်ကိုင်စွဲထားရမည်။
(၁၈) အဖွဲ့ဝင် အားလုံးသည် ကောင်းသည့် စေတနာဖြင့် လုပ်ဆောင် ပေးနေကြသည် သာ ဖြစ်သည့်အတွက် တစ်ဦးနှင့် တစ်ဦး နားလည်မှု အပြည့်အ၀ ပေးရမည်။
(၁၉) မိမိ လုပ်ကိုင်နေသော အလုပ်သည် အများအကျိုးအတွက် လုပ်ကိုင်ရင်း ကုသိုလ်အရေး ဖြစ်သောကြောင့် အကုသိုလ် ဖြစ်စေမည့် ကိစ္စရပ်များကို ရှောင်ရှားရမည်။
(၂၀) ငါကတော့ အဲဒါကို လုပ်ထားတယ်၊ သူကတော့ ငါ့လောက် မလုပ်ဘူး ဆိုသည့် အတွေးမျိုးထက်
ငါကလည်း ဒီလို လုပ်ထားတယ်၊ သူကိုလည်း ငါ့လို လုပ်နိုင်အောင် ကူညီတွန်းအားပေးသွားမယ်
စသည့်ဖြင့် အချင်းချင်း လက်တွဲ ခေါ်ဆောင်သွားရမည်။
(၂၁) အချို့သော အခြေအနေမျိုးတွင် အလုပ်ပြီးစီးဖို့သာ အဓိက ဖြစ်သည့်အတွက် သူ့အလုပ်၊ ငါ့အလုပ် ဟု မခွဲခြားဘဲ အချင်းချင်း ကူညီကြရမည်။
(၂၂) အလုပ်လုပ်ရာတွင် တစ်စုံတစ်ဦးမှ တိုက်တွန်းစရာ မလိုဘဲ မိမိ၏ ဆန္ဒနှင့် လုပ်ကိုင်နိုင်အောင် ကြိုးစားရမည်။
(၂၃) သူတစ်ပါး ထိခိုက်စေသော ကိစ္စရပ်များကို ရှောင်ကြဉ်နိုင်၍ အသိ ဉာဏ်ပညာဖြင့် နှိုင်းဆ ချင့်ချိန်ကာ အလုပ်လုပ်တတ်ရမည်။
(၂၄) ကိုယ်ကျင့်တရား ပြည့်စုံအောင် ကြိုးစားနေရမည်။
(၂၅) ပေးဆပ်ခြင်းမှာ ပျော်မွေ့နေသူများ ဖြစ်နေရမည်။

အခြေခံပညာဦးစီးဌာန အမှတ် (၆၉)အခြေခံမှုလတန်းကျောင်း အုပ်ဆရာမကြီးနှင့်တကွ အားလုံးသော ကျောင်း ဆရာ၊ကျောင်းဆရာများက အထက်ပါ အရည်အချင်းများကို အတတ်နိုင်ဆုံး ပြည့်စုံအောင် ကြိုးစားပေးလာနိုင်ပါက အခြေခံပညာဦးစီးဌာန အမှတ် (၆၉)အခြေခံမှုလတန်းကျောင်းက ကလေးငယ်များက လောက လူသားများ ကောင်းအကျိုး ပရဟိတ စိတ်ဓာတ်ပြည့်ဝသော အရည်အချင်းရှိသည့် လူငယ်များဖြစ်လာပေမည်။
ထိုကဲ့သို့ စိတ်ထားရှိသည့် ပုဂ္ဂိုလ်များသည် ဒါန ပါရမီအစ ဥပေက္ခာ ပါရမီအဆုံး အစရှိသည့် ပါရမီ ဆယ်ပါးကို ဖြည့်ကျင့်ခြင်းဖြင့်ပင် တူပေသည်။ဘုရားအလောင်းတို့၏ စိတ်ဓာတ်ပင် ဖြစ်သည်။ နိဗ္ဗာန်သို့လည်း လွယ်ကူစွာ ဆိုက်ရောက်နိုင်သည်။ မြင့်မြတ်သော စိတ်ထားရှိသူတို့၏ လုပ်ငန်းဖြစ်သောကြောင့် စာသင် စာပြပေးနေသော ဆရာ ဆရာမတို့၏ လျှောက်လှမ်းနေသော ခရီးက စိတ်ဓာတ် ပြည့်ဝသော အရည်အချင်းရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ် လာပေမည်။ ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါးလုံးဖြင့် ကုသိုလ်များ ရရှိနေသည်။ ထိုကဲ့သို့ စိတ်ထား ရှိသည့် ပုဂ္ဂိုလ်များသည် ဒါန ပါရမီအစ၊ ဥပေက္ခာ ပါရမီ အဆုံး အစရှိသည့် ပါရမီ ဆယ်ပါးကို ကျင့်ခြင်းဖြင့်ပင် တူပေသည်။ ဘုရားအလောင်းတော်တို့၏ စိတ်ဓာတ်ပင် ဖြစ်သည်။ နိဗ္ဗာန်သို့လည်း လွယ်ကူစွာ ဆိုက်ရောက်နိုင်သည်။
ရွှေဝါရောင် အရှင်ထာဝရ (နော်ဝေ)

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။