Saturday, 29 December 2018

“”””မိမိတို့ ကျုံးပိုင်း ရွာလေး အကြောင်း သိကောင်းစရာ”””’

“”””မိမိတို့ ကျုံးပိုင်း ရွာလေး အကြောင်း သိကောင်းစရာ”””’
မိမိကတော့ စာပေတွေ ရေးရရင် လက်စမသတ်တော့ဘူး။ မိမိတို့တွေဟာ စရိုက်မျိုးစုံကို ဖြတ်သန်းလာခဲ့ကြရတော့ ရှုထောင့် ပေါင်းစုံလည်း သိထားကြပါသည်။အဲဒါတွေကို ပေါင်းစပ်မှုမရှိတဲ့ အခါကျတော့ လက်တွေမကျတာ မဆန်းပါဘူး။ မိမိ ကလေး ဘ၀တုန်းက မိမိမွေးရပ်မြေ ဖျာပုံမြို့နယ် နောင်တော်ကြီးကျေးရွာ ကိုးအိမ်တန်းအုပ်စု ကျုံးပိုင်းရွာလေးက လူနေအိမ် မရှိသလောက် ရှားပါသည်။ မိမိတို့အိမ်နဲ့သူငယ်ချင်းတွေဖြစ်ကြတဲ့ ချစ်စမ်းမောင်၊စိုင်းပိုင်းတို့စသည့် သဖြင့်ပဲ ရှိတာပါ။
မိမိတို့ရွာလေးက ရွာလမ်းမရှိ ချောင်းတွေသာရှိတဲ့ရွာလေးမို့ လှေတွေကိုသာ အားကိုးပြီး သွားလာကြရပါသည်။ မိမိတို့ရွာလေးက လူတွေက လယ်သမားတွေ ဖြစ်ကြပါသည်။ အဓိက အသက်မွေးဝမ်းကျောင်း ဖြစ်တဲ့ လယ်ယာလုပ်ငန်း လုပ်ကြသလို့ တစ်ချို့ကတော့ တံငါအလုပ်အဖြစ် အသက်မွေးကျောင်း ပြုကြပါသည်။ မိမိတို့ရွာလေးက ပညာတတ်မရှိ ဆေးရုံဆေးပေးခန်း မရှိတဲ့ ကျေးရွာလေးဖြစ်ပါသည်။
မိမိတို့ကျေးရွာသားများ ဖျားနာဖြစ်ခဲ့ရင် ရွာနှင့်ရေမိုင်း ၅မိုင်းလောက်ဝေးတဲ့ ရှမ်းကွင်းကျေးရွာကို သွားကြပါသည်။ မိမိတို့ ရွာလေးက လူတစ်ချို့ကတော့ တော်ရုံဖျားနာတာလောက်ကတော့ ခြေထိပ် လက်ထိပ်ဖောက်ပြီး ကျားခေါင်းပရုပ်ဆီးလိမ်းပြီး ချွေးထုတ်လိုက်ကြတာပါပဲ။အဲဒီလို့ ဖြန်သန်းခဲ့ရပါသည်။ အခုလည်း တိုးတက်လားဆိုတော့ မတိုးတက်သေးပါဘူး။ မိမိတို့ ရွာလေးက အရင်အတိုင်းပါပဲ။ လူဦးရေကတော့ တိုးတက်လာပါသည်။ ယခုဆိုရင် အိမ်ခြေ ၇၀နီးပါးလောက် ရှိနေပါပြီ။ ပညာရေးဘက်ကတော့ အခြေခံပညာဦးစီးဌာန အမှတ် (၆၉)အခြေခံမူလတန်းကျောင်း တစ်ကျောင်းရှိပါသည်။
ယနေ့အချိန်မှာတော့ မိမိတို့ရွာလေးမှာ ငြိမ်းချမ်းရေးစာကြည့်တိုက်နှင့်ကျေးရွာဆေးပေးခန်းလေးလည်း ရှိနေပါပြီး။ မိမိတို့နဲ့ အသက်တူရွယ်တူ သူငယ်ချင်းတွေကတော့ အိမ်ထောင်ကျလို ကလေးတွေ နှစ်ယောက်သုံးယောက် ဖြစ်ကြပါပြီ။ မိမိက တော့ ယခုအထိ ဘာမှမရှိသေးဘူး ကြေငြာတာတော့ မဟုတ်ပါဘူးနော်။ မိတ်ဆွေတို့ရေ တစ်ခေါက်လောက်တော့ မိမိတို့ရွာလေးကို လာလည်ကြဖို့လည်း ဖိတ်ခေါ်ပါသည်။ ရွာလေးကတော့ အရမ်းကိုပျော်စရာကောင်းပြီး အေးချမ်း တည်ငြိမ်တဲ့ဒေသလေးဖြစ်တော့ မိတ်ဆွေတို့သဘောကျမယ့် ထင်ပါသည်။
မိမိတို့ရွာလေးက စိမ်းစိုနေတဲ့ စပါးစိုက်ခင်းတွေကြားက ဖြတ်သန်းတိုက်ခတ်လာတဲ့ လေနုအေးက နှလုံးအိမ်တစ်ခုံးကို ရွှင်လန်းပေါ့ပါး သွားစေပါသည်။ ဒီလို လတ်ဆတ်သင်းပျံတဲ့ အငွေ့အသက်ကို ရရှိခံစားနိုင်သလို ပူပြင်းခြောက်သွေ့တဲ့ မြေပြန့်ဒေသကနေ အလိမ်အကောက်လမ်းတွေကို ဖြတ်သန်းပြီးတဲ့နောက် စာတွေ ကဗျာတွေထဲမှာ တင်စားခံရတဲ့ ဖျာပုံမြို့ကတော့ မိမိတို့ကျေးရွာက လူတွေအများစု ဈေးထွက်ဝယ်ရာ ဒေသဖြစ်ပါသည်။
ဒီရွာလေးက ဘယ်နှခေါက်ရောက်ရောက် ဘယ်တော့မှာ မရိုးနိုင်တဲ့ ရောက်လာသူအပေါင်း စိတ်အေးချမ်း ပေါ့ပါးကြည်လင်သွားစေတဲ့ ရွာလေးတစ်ရွာ ဖြစ်ပါသည်။ ဖျာပုံမြို့နဲ့ မနီးမဝေးမှာလည်း ရှိတာမို့ ဖျာပုံက လူကြီး၊လူငယ်၊ အတော်တော်များများ အနားယူ အပန်းဖြေချင်လို့ပဲ ဖြစ်ဖြစ် ပွဲတော်ကြုံချင်လို့ လာတာမျိုးဖြစ်ဖြစ် အများဆုံး လည်ပတ်ဖြစ်ကြတဲ့ရွာလေးပေါ့။ ပန်းပေါင်းစုံက ထုံသင်းပျံ့လာတဲ့ ရနံ့မွှေးမွှေးတွေကြောင့် သဘာဝတရားကြီးက ဘက်လိုက်
ထားတာလားလို့တောင် မနာလိုဖြစ်ချင် စရာကောင်းလောက်တောင် လှပတဲ့ နေချင်စဖွယ် ကောင်းတဲ့ ရွာလေးတစ်ရွာလည်း ဖြစ်ပါသည်။
ဖျာပုံမြို့ကနေ မနက် (၉)နာရီခွဲလောက်က ထွက်လာရင် မိမိတို့ရွာလေးကို နေ့ခင်းထမင်းစားချိန်လောက်မှာ ရောက်ရှိပါ
သည်။ မိမိတို့ရွာထိပ်ရောက်ရင် ဆာနေတဲ့ ဗိုက်ကို ဒေါ်မြရီစားသောက်ဆိုင်မှာ ဖြည့်ကြရပါသည်။ မိမိတို့ရွာလေးကတော့ သဘာဝအစားစားတွေဖြစ်တဲ့ ကြက်သားကြော်၊ငါးကြော်၊ငါးဥကြော်၊ချည်ပေါင်းကြော်၊ငါးပိထောင်းနဲ့ရှမ်းကြော်ကြော်ထားတဲ့
မျှစ်ကြော်၊၀က်ခေါက်ဟင်းရည်ဆိုတာလည်း ဒီရွာလေးရဲ့ နာမည်ကျော်ဖြစ်ပါသည်။
မိမိတို့ရွာလေးက ဖျာပုံမြို့နယ် နောင်တော်ကြီးကျေးရွာကနေပြီးတော့ ရေမိုင်း ၂နှစ်မိုင်းလောက် စက်လှေဖြင့် သွားရောက် ပါသည်။ မိမိရွာလေးမှာ ယခုဆိုရင် ဧည့်သယ်တွေကများ အ၀င်အထွက် အရင်ကထက် များလာပါသည်။ မိမိတို့ရွာလေးက မြန်မာစကားပုံရ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့အတိုင်း ပြောင်ခဲ့ရတာဆိုတော့ မွေးရပ်မြေကို နောက်ထပ် လူသစ် တွေက ဧည့်ဝတ်ကျေးနေတာ တွေရတာတော့ အရမ်းကိုယ်ဝမ်းသာရပါသည်။ မိမိိကတော့ မွေးရပ်မြေကို မရောက်ဖြစ်တာ ၁၂နှစ်ကျော်နေပါပြီ။ မိမိရွာလေးက ယခုဆိုရင် ပျော်စရာကောင်းပြီး စည်ကားသိုက်မြိုက်နေပြီးဖြစ်ပါသည်။
မိမိတို့ငယ်တုန်းက သင်ကြားခဲ့ရတဲ့ စာသင်ကျောင်းလေးဆိုရင် ယနေ့အချိန်မှာ လိုအပ်ချက်များရှိနေပင်မဲ့ ကျောင်းအုပ် ဆရာမကြီးနှင့် ကျောင်း ဆရာ၊ကျောင်းဆရာမများက အတတ်နိုင်ဆုံး စုပေါင်းဆောင်ရွက်နေကြပါသည်။ မိမိတို့ငယ်ငယ်က ဆိုရင် ကျောင်းမှာ လူဆိုးစာရင်းဝင်တွေပေါ့ သူငယ်ချင်းတွေစုပြီး လူမိုက်လုပ်ကြ၊ ကျောင်းပြေးကြနဲ့ ကလေးဘ၀က ကျောင်းအချိန်ကိုပြေးခဲ့တာ သတိရနေပါသေးသည်။ မိမိတို့အတန်းပိုင် ဆရာမ ဒေါ်ရီရီမြင့်ဆိုရင် အရမ်းစိတ်တိုနေပြီး သူများတွေ ကျောင်းလွှတ်လိုက်တောင် မိမိတို့သူငယ်ချင်းတစ်သိုက်ကို မလွှတ်ဘဲ ကျောင်းသန့်ရှင်းရေးခိုင်တာ မနားရဘူး။ နောက်နေ့ကျတော့ မိမိတို့သူငယ်ချင်းတစ်စု လက်တွေ အရည်ကြည့်ဘုတွေ ထခဲ့ရပါသည်။ မိမိရဲ့ကလေးဘ၀ အတွေ့ အကြုံတွေကတော့ အများကြီးပါပဲ ကျောင်းတက်ရင် ကျောင်းပြေးတတ်တဲ့အကျင့်နဲ့ သူများတွေကို စနောက်တတ်တဲ့ အကျင့်တွေပဲ ဖြစ်ပါသည်။
မိမိတို့ကျုံးပိုင်း ရွာလေးကို လာရောက်တဲ့ ဧည့်သည်တွေရဲ့ ပင်ပန်းနွမ်းနယ်တဲ့ စိတ်တွေ ပျောက်လို့ ….စိမ်းစိမ်းစိုစို စပါး အခင်းတွေကြားက ဖြတ်သန်းလာတဲ့ လေညင်းတစစ လေနုအေးလေးတွေက မိုးငွေ့နဲ့အတူ ရင်ကို အေးမြ ရိုက်ခတ်ပါသည်။ ဘယ်နေရာကိုပဲ မျှော်ကြည့်ကြည့် ရှုမျှော်မဆုံးတဲ့ စပါးအခင်းတွေကြားမှာ ပိတုန်းလေးတွေ ၀ဲပျံလို့ ပျော်မြူးနေလိုက်ကြတဲ့ ပုစဉ်းရင်ကွဲတို့ကလည်း ညာသံပေးနေကြတာ မိမိတို့ရွာလေးရဲ့ သဘာဝဖြစ်ပါသည်။
မိမိတို့ရွာလေးက အိမ်လေးတွေ အိမ်အပေါ်ထပ် ပြတင်းပေါက်က လှမ်းမြင်နေရတဲ့ အဝေးဆီက နောက်ခံ လှေကားထစ်ပုံစံ စပါးစိုက်ခင်းလေးတွေက ဆီးကြိုနေပါသည်။ ဘာအပြင်အဆင် မွမ်းမံခြယ်သခြင်း တစ်ခုမှအလျဉ်းမရှိတဲ့ အိမ်လေးက မိမိတို့ ကျေးရွာရဲ့ သဘာဝတရားကို ဖော်ပြနေပါသည်။

ရွှေဝါရောင် အရှင်ထာဝရ နော်ဝေ

0 comments:

Post a Comment

ပြောချင်တာလေးတွေ ပြောခဲ့ပါ။