။အဲဒါကြောင့် ကောင်းတဲ့ အကျိုး လိုချင်ရင် ကောင်းတဲ့ အလုပ်လုပ်ရ မယ်ဆိုတာ အခြေခံအကျဆုံး ကမ္မနိယာမတရား အဖြစ် ဘုရားရှင် ဟောကြားခဲ့တာ အမှန်ပါပဲ၊ ဒါ ပေမယ့်…
“ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊
ဟောပြသည်မှာ၊ အရင်းသာရှင့်၊
ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊
သုခပွားရန်၊ ဤလူ့ဌာန်နှိုက်၊
ဉာဏ် ဝီရိယ၊ ပယောဂတည့်၊
ကာလ ဒေသ၊ ပုဂ္ဂလကို၊ နှိုင်းဆအပ်တုံ”
ဆိုတာကိုလည်း အမြဲမပြတ် သတိချပ်ကြဖို့ကြ တော့ မေ့ မေ့ နေတတ်ကြတယ် မဟုတ်လား…?
အခုဆိုရင် ဦးဇင်းတို့ သာသနာဟာ တဖြေးဖြေးမေးမိန့်လာပါတယ် ။ဒါကို အရင်စစ်တော့ တိုင်းပြည်သူပြည်သားတွေ တစတစနဲ့ ဆင်းရဲ မွဲတေလာတာကို ကံမကောင်းလို့ပဲ ဆိုပြီးနေရင်း“ကံကိုယုံ၍၊ မီးပုံအတွင်း၊ မဆင်းထိုက်စွာ၊ ကျားရဲရာလည်း၊ ကြမ္မာအကြောင်း၊ မရိုးကောင်းရှင့်၊ သူဟောင်းရှေးက၊ ဆိုကုန်ကြ၏။လုံ့လမထူ၊ ဥာဏ်မကူပဲ၊
အယူတချောင်း၊ ကံတကြောင်းမျှ၊
မကောင်းလည်းကံ၊ ကောင်းလဲကံဟု၊
ကံကိုချည်းသာ၊ မကိုးရာဘူး၊”
ဆိုတာကို သတိထားမိကြပြီး
“ပညာဥာဏ်ဖြင့်၊ သင့် မသင့်ကို၊
အခွင့်ရှု၍၊ အပြုလုံ့လ၊ ယှိအပ်စွတည်း”
ဆိုတဲ့အတိုင်း တိုင်းသူပြည်သားတွေ ကြီးပွားတိုး တက်ကြဖို့ အတွက် ပထမဆုံး ဘာ့ကြောင့် ဆင်းရဲ နေကြတာလဲ ဆိုတာကို အရင် ဉာဏ်နဲ့ ဆင်ခြင် ကြည့်၊ ပြီးတော့ ကြိုးစားမှုရယ် လုပ်ပုံကိုင်နည်း အခြေအနေ အချိန်အခါရယ် နေရာဒေသနဲ့ ကံ လို့ပြောနေတဲ့ ဒီအလုပ်တွေကို လုပ်နေတဲ့ ဗုဒ္ဓဘာသာ ရဟန်းတွေ ကစီစစ်ကြရမှာပေါ့။
“ကမ္မံ သတ္တေ ဝိဘဇ္ဇတိ- သတ္တဝါတွေကို ကံက ဖေန်ပိုင်းခြားပေးတယ်” ဆိုတဲ့စကားအတိုင်း ကိုယ့်ဘဝကို ဝေဖန်ပိုင်းခြားပေးမယ့်ကံကိုလည်း “အတ္တာဟိ အတ္တနော နာထော – မိမိသာလျှင် မိမိရဲ့ ဦးဆောင်ဖြစ်တယ်” ဆိုတာနဲ့ ယှဉ်ပြီး ကိုယ့် ကံကို ကိုယ်သာ ဖန်ရမယ်လို့ နားလည်ပြီးတော့ ပြုပြင်ကြမှ ကောင်းလာကြမှာပေါ့၊မဟုတ်ဘူးလား။
အခက်အခဲ အကြပ်အတည်းတွေဟာ တစ်ချိန်မဟုတ် တစ်ချိန် ကြုံတွေ့နေကြရမယ်။ နိုင်ငံတစ်ခုအတိုင်းအတာ၊ အဖွဲ့အ စည်းအတိုင်းအတာ၊ မိသားစုအတိုင်းအတာ စ သည်အလျောက် အကြပ်အတည်းတွေက မိမိတို့ အသက်ရှင်စဉ်ကာလမှာ တွေ့နေရမှာပဲ။ အဲဒီလို အခက်အခဲတွေ တွေ့ကြုံရတဲ့အခါတိုင်း ဖောက် ထွက်ကျော်လွှား လွန်မြောက်သွားတဲ့ နိုင်ငံတွေ ရှိသလို `ကံပေါ့ကွာ´ဆိုပြီး ရေစုန်မျှောကာ `ကံ´ကို `ဝ´ကွက် လက်ပိုက်ကြည့်နေတဲ့ နိုင်ငံ တွေလဲ ရှိနေပါတယ်။ အဲဒီလို နိုင်ငံတွေဟာ အရှုံးသံသရာထဲမှာ ရှုံးပြီးရင်းရှုံး၊ နစ်ပြီးရင်းနစ် ဒုက္ခပင်လယ်ဝေနေကြရတော့တာပဲ။ စာရေးသူ နိုင်ငံကိုပဲ ကြည့် ဦးဇင်းသူငယ်ငယ်ကတည်းကနေ တဖြေးဖြေးနစ် လာခဲ့တာ အခု ဆယ်မရတော့တဲ့ အခြေဆိုက်ခဲ့ရ တယ်။
လက်ရှိ(ကံလို့ပြောနေတဲ့) ကိုယ့်လုပ်ရပ် တွေ အသုံးမကျလို့ အမှားအယွင်းတွေဖြစ်၊ ဆိုး ကျိုးတွေ ခံစားနေရတာကို မမြင်ရတဲ့ကံကို သွား ပြီးလွှဲချနေကြတယ်။ အမှားအယွင်းတစ်ခု၊ ဆုံးရှုံး မှုတစ်ခုနဲ့ ကြုံတွေ့လာရပြီိဆိုရင် အမှန်တကယ် စဉ်းစားသင့်တာက ဘာတွေ မှားနေ လဲ၊ ဘာတွေ လိုအပ်နေခဲ့သလဲ´ဆိုတာပါပဲ။ အဲဒီ လို ကိုယ့်လက်ရှိလုပ်ရပ်ရဲ့ အမှားအယွင်း၊ လိုအပ် ချက်တွေကိုမြင်မှ ရှေ့ဆက် ကြီးမားတဲ့ ကောင်း ကျိုးဖြစ်မယ့် အကြောင်းကံတရားတွေ လုပ်နိုင်မှာ ပေါ့။
ဦးဇင်း ကိုရင်ဘ၀က ဇာတ်တော်မှာ သင်ခဲ့ဘူးတဲ့ အမြော်အမြင်ကြီးသူနှင့်အမြောင်အမြင်မဲ့ လှည်းကုန်သည်ဇာတ်ကြောင်းကို အကျဉ်းချုပ် ပြပါအံ့။လှည်းကုန်သည် နှစ်ဦးဟာ ကန္တာရခရီးကို ဖြတ်ကျော်သွားကြတဲ့အခါ တစ်ဦးက နောက်လိုက် လှည်းငါးရာနဲ့ ကန္တာရခရီး ကို အရင် သွားနှင့်တယ်။ ကန္တာရထဲရောက်တော့ ဘီလူးတွေက ရှေ့မှာမိုးတွေ ရွာနေတဲ့အကြောင်း၊ ရေတွေကို အပင်ပန်းခံ သယ်စရာမလိုကြောင်း… ပြောပါတယ်။ သူတို့ကိုယ်တွေမှာလဲ ရေတွေရွှဲ နေတဲ့ဟန်၊ ကြာဖူးကြာစွယ်တွေ စားနေဟန် သ ရုပ်ဆောင်ပြီး ပြောတာဆိုတော့ အဆိုပါ ကုန်သည်ခေါင်းဆောင်က ဘီလူးတွေရဲ့ စကားကို နားယောင်မိသွားတယ်။ ယုံကြည်သွားခဲ့တယ်။ ဒါနဲ့ သူ့နောက်လိုက် ခရီးသည်လှည်းသမားတွေ ကို ရှိသမျှရေတွေ အကုန်သွန်ချထားခဲ့ဖို့ ပြော လိုက်တယ်။ ဒီလိုနဲ့ သွားရင်းသွားရင်း ကန္တာရက ခြောက်သွေ့၊ ရေကလဲ မတွေ့နဲ့ လှည်းသမားတွေ အားလုံး ပင်ပန်းကုန်တော့တာပဲ။ ဒါကြောင့် ဘီလူး တွေက အလွယ်တကူပဲ လှည်းကုန်သည်တွေကို စားပစ်လိုက်ကြတယ် အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင်က တော့ ဒေဝဒတ်လောင်းပါပဲ။ ဒုတိယအဖွဲ့လာ တော့လဲ ဘီလူးတွေက ရှေးနည်းတူ ဖြားယောင်း ကြတယ်။ ဒါပေမယ့် ဒီကုန်သည်က အမြော် အမြင်ကြီးတယ်။ ဉာဏ်ရှိတယ်။ နှိုင်းနှိုင်းချိန်ချိန် လုပ်ဆောင်တတ်တယ်။ ရှေ့မှာ မိုးရွာနေတယ်ဆို ရင် မိုးရိပ်တော့ တွေ့ရမှာပဲ။ မိုးနံ့တော့ ရမှာပဲ။ ဒီလူတွေကြည့်ရတာ အရိပ်လဲ မထွက်ဘူး။ မျက် တောင်လဲ မခတ်ဘူး။ လူမဖြစ်နိုင်ဘူး။ ဘီလူးတွေ ပဲ ဖြစ်ရမယ်လို့ ယုံကြည်လိုက်ပါတယ်။ ဒါနဲ့ သူ့ နောက်လိုက် လှည်းသမားတွေကို ရေတွေ သွန်မ ပစ်ကြဖို့၊ ဘီလူးတွေရဲ့စကားကို နားမယောင်ကြဖို့ ပြောခဲ့ပါတယ်။ ဒီလိုနဲ့ ဒုတိယကုန်သည်ဟာ ပထမလှည်းကုန်သည်ရဲ့ ကုန်ပစ္စည်းတွေရော၊ ဈေးနှုန်းအမြတ်အစွန်းတွေပါရပြီး အိမ်ပြန်ခရီးလှခဲ့ ကြတယ်၊အဲဒီခေါင်းဆောင်ကတော့ဘုရားလောင်းပဲ။
အဲဒီအထဲက ပထမအဖွဲ့ရဲ့ ကံဆိုးမှုတွေ ဟာ ဉာဏ်ပညာနဲ့ နှိုင်းနှိုင်းချိန်ချိန် မလုပ်ဆောင် ပဲ မှားယွင်းတဲ့ ဆုံးဖြတ် လုပ်ဆောင်မှုကြောင့် ဖြစ်ပြီး၊ ဒုတိယအဖွဲ့ကတော့ မိမိရဲ့ စဉ်းစားဆင်ခြင်ဉာဏ်၊ ဆည်းပူးထားတဲ့ ဗဟုသုတတွေနဲ့ မှန်ကန်စွာ လုပ် ဆောင်ခဲ့ကြလို့ဆိုတာကို နမူနာယူကြပြီးသကာလ ဘီလူးတွေရဲ့ လှည့်စားမှုကို အဖက်ဖက်က ဆင် ခြင်တွေးတောနိုင်ကြသည့် ကုန်သည်များပမာလုပ် သင့်လုပ်ထိုက်သည့် လုပ်ငန်းကိစ္စအဝဝကို သတိတရား လက်ကိုင်ထား၍ ကြိုးစားဆောင်ရွက် ကာ မိမိတို့ မျှော်မှန်းသည့် ပန်းတိုင်ကို လှမ်းကိုင် နိုင်သော ရဟန်းဘ၀ဆိုတာ သံသရာက လွတ်မြောက်ရာ ဗုဒ္ဓစာပေးတွေရှိတဲ့ စာသင်တိုက်။ဘုန်းတော်ကြီးတွေပါပဲ။ ဦးဇင်း အတွက် ရဟန်းဘ၀ကတွေကြုံရတဲ့ အကြောင်းအရာတွေကတော့ အမြော်အမြင်ရှိတဲ့ လှည်းကုန်သည်နှင့်အမြောင်အမြင့်မဲ့ လှည်းကုန်သည်လို့ပါ့ပဲ တစ်ချို့သောရဟန်းတွေဟာ အကျင့်ပြက်ချစာနေတာပါပဲ.။အဲဒါတွေရှင်ဖို့ဆိုရင်တော့ သာသနာတော် သန့်ရှင်ရေးကိုလုပ်ပြီး စာသင်ခန်းပျော်ရဟန်းတော်တွေ မြောက်များစွာ မွှေးထုတ်ပေးနိုင်တဲ့ စာသင်တိုက်ကြီးတွေ အမြောက်အများပေါ်ပေါက်ပါစေလို့ ဆန္ဒပြုပါတယ်။
သာသနာတော်မြတ်ကြီးအစဉ်တိုးတက်ပါစေ၊
ဖျာပုံ နဒီ
0 comments:
Post a Comment