Friday 23 March 2012

အရှင်ဘုရားက လူမှုရေးလုပ်ငန်းတွေ (စာကြည့်တိုက်) စတာတွေကို ၀ါသနာပိုတယ်ဆိုတာ သိရပါ တယ်ဘုရား။ဘယ်လိုစေ့စော်မှုတွေကြောင့်အခုလိုလုပ်ရတာပါလဲဘုရား။



    ဦးဇင်းလူမှုရေးလုပ်ငန်းတွေလုပ်ဖြစ်ခဲ့တာကတော့ ဦးဇင်းတို သာဘာ သာသနာကိုယ်က အခြေခံလူမှုရေးလုပ်ငန်းတွေ မှ အရမ်းအားနည်းတဲ့ အတွက် လူမှုဘ၀တွေကို တစ်စတစ်စ၊ စွန့်ဝံ့မှလျှင်၊ ဘ၀နောက်နှောင်း၊ ဆက်တိုင်းကောင်း၏ ”ဆိုတဲ့ အတိုင် ဦးဇင်းတို့ အနေနဲ့ ဘ၀အတွက် အရေးကြီးဆုံးဟာ ပညာရေးပဲလို့ရုံးကြည်ပါတယ် အဲဒီအတွက် သိတက်စရွယ်ထဲက ကိုယ်တက်နိုင်သလောက် ပညာဒါနတွေကို ပြုလုပ်ခဲ့ပါတယ် စာကြည့်တိုက်အနေနဲ့ကတော့ ထာဝရ မေတ္တာ စာကြည့်တိုက်ကိုလဲ တည်းထောင်းဖွင့်လွတ်နိုင်ခဲ့ပါတယ်။အခုဆိုရင် စိတ်တူး ကိုယ်တူး ညီနောင်တွေ စုပြီး ပြည်ပတွင်း ပြည်ပနိုင်ငံတွေမှ မိုးသောက်ကြယ် ပညဒါန သင်တန်းကျောင်းကို (၂၅-၁၀-၂၀၀၉)ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊အိုက်ဇောမြို့ရှိ ဇောင်းတွီရပ်ကွက် မြန်မာနယ်စပ် တစ်နေရာတွင် ဖွင့်လှစ်ခဲ့ပါသည်။ကျောင်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံရပ်ခြားတွင်း အကြောင်းအမျိုးမျိုးကြောင့် လာရောက် အလုပ်လုပ်ကိုင် ရုန်းကန်နေထိုင်နေကြသော မြန်မာပြည်မှ အလုပ်သမား မိသားစုများစု ရင်သွေးငယ်များကို ပညာဆက်လက် သင်ယူဆည်းပူးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ပါသည်။မီဇိုရမ်ပြည်နယ်တွင်း မြန်မာပြည်မှ လာရောက် အလုပ်လုပ်ကိုင် အသက်အွေးဝမ်းကြောင်း ပြုနေကြသော မြန်မာအလုပ်သမားပေါင်း မြောက်များစွာရှိပါသည်။အများစုမှာ မိမိတို့၏ ကလေးငယ်များကို ပညာဆက်လက် သင်ယူနိုင်အောင်(သို့မဟုတ်)ပညာစတင်သင်ယူအောင် လုပ်ဆောင် ထောက်ပံ့နိုင်စွမ်း မရှိကြပါ။မိမိတို့၏ နေ့စဉ်ဘ၀အတွက် ယက်ကန်းခတ် ၊ကျောက်ထု၊ လက်သမား၊ပန်းတိမ်းအစရှိသည့် အလုပ်များကို လုပ်ကိုင်ရင်း တိုင်းတပါးတွင်း ရုန်းကန်လှုပ်ရှားနေကြပါသည်။ ထိုကြောင့် မိမိတို့၏ ကလေးငယ်များကို ပညာဆက်လက် သင်ယူနိုင်စေရန် အခက်အခဲများစွာရှိနေပါသည်။ ဒေသခံကျောင်းများတွင် အပ်နှံရံအတွက်လည်း ကလေးငယ်များတွင်း ဒေသခံ ဘာသာစကား မတက်ကျွမ်းသည့် အခြေအနေနှင့် အကြားလူမှုရေး ခွဲခြားဆက်ဆံခံရမှုများကြောင့် တက်ရောက်ပညာ သင်ကြားဖို့ရန် အလွန်ခက်ခဲလှပါသည်။ ထိုသို့သော အခြေအနေများကြောင့် မီဇိုရမ်ရှိ မြန်မာအလုပ်သမား ကလေးငယ် အများစုမှာ ကျောင်းနေအရွယ်ပင် ဖြစ်လင့်ကစား အလုပ်ခွင့်သာ အချိန်များကို ကုန်ဆုံးနေကြပါသည်။ မိဘများတွင်းလည်း မိမိတို့ ကလေးငယ်များကို ပညာနို့ရည် သောက်သုံးစေချင်သော်လည်း မိမိတို့၏လက်ရှိဘ၀ အခြေအနေအရ ကလေးငယ်များကို စာသင်ယူစေဖို့ရန် ကြိုးစားနိုင်ခြင်းမရှိကြပါ။

    မိမိတို့ကိုယ်တိုင်သည်လည်း နိမ်ကျလှသည့် ပညာရေးနဲ့သာ ကြီးပြင်ခဲ့ရပြီး အထက်ဖော်ပြပါ အခြေအနေများကို ကြုံတွေ့၊ မြင်တွေမိသောကြောင့် မိမိတို့ တိုင်းပြည်၏ အနာဂတ်ဖြစ်သော မျိုးဆက်သစ်ကလေးငယ်များကို တက်အားသရွေ့ ကူညီချင်သောကြောင့် လည်းကောင်း စာရေးသူတို့ လွတ်လပ်သော လူငယ်များ အစည်းအရုံးမှ မိုးသောက်ကြယ်ပညာဒါန သင်တန်းကျောင်း ကိုဖွင့်လှစ်ရခြင်းဖြစ်ပါသည်။လက်ရှိ ဦးဇင်းတို့၏ကျောင်းတွင်း ငါးနှစ်မှ ၁၂နှစ်အကြား ကလေးများကို ဒေသခံ မီဇိုဘာသာရပ်၊အင်္ဂလိပ်ဘာသာ၊နှင့်မြန်မာဘာသာရပ်များကို အစပျိုးအနေဖြင့် စတင်သင်ကြားနေပြီး ဖြစ်ပြီး နောက်ပိုင်းတွင် ကလေးငယ်များကို ဒေသခံ အစိုရအသိအမှတ်ပြု ကျောင်းများတွင်း ပညာဆက်လက် သင်ကြားနိုင်ရန်လည်း ကြိုးပမ်းနေပါသည်။

    သူတော်ကောင်းတရားများထွန်းကာနိုင်ပါစေ။

    ဖျာပုံ (အရှင်)

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။