အခြေအနေ တိုးတက်ပြီး စိတ်ချရတဲ့ အနေအထားကို တစတစ ရောက်လာတဲ့ အတွက် ( ၂၀.၃.၂၀၁၂ ) နေ့က အသဲအစားထိုးခွဲစိတ်ကုသမှုခံယူထားတဲ့ ကိုစောလှိုင်နဲ့ သား ဇွဲရန်နိုင်တို့ကို ၅ ရက်အကြာမှာ အထူးကြပ်မတ်ခန်းမှ ရိုးရိုးလူနာခန်းသို့ပြောင်းရွှေ့ ပေးနိုင်လိုက်ပါပြီ။ မနေ့က စပြီး အရည်တိုက်ကျွေးပါတယ်။ အခု သူတို့ကို ခေါက်ဆွဲပြုတ်။ ကွေကာအုတ် ။ အာလူး စတဲ့ အစာများစတင်ကျွေးနေပါပြီ။ ဇွဲရန်နိုင်မှာ အဖျားသွေးအနည်းငယ်ရှိတဲ့အတွက် ဂရုစိုက်နေကြပါတယ်။ စိုးရိမ်စရာမရှိဘူးလို့ ပြောပါတယ်။ စိတ်အားလူအား ငွေအား တတ်နိုင်သမျှကူညီပန့်ပိုးကြတဲ့ ပြည်တွင်းပြည်ပ မှ မိတ်ဆွေများအားလုံး ။ ရင်းနှီးသိကျွမ်းခြင်းမရှိသော်လည်း စေတနာ မေတ္တာဖြင့် ကူညီပန့်ပိုးကြတဲ့ မိတ်ဆွေများအားလုံး၊ ဖုံးဆက်ပြီးသတင်းမေး အားပေးကြတဲ့ မိတ်ဆွေများအားလုံးစိတ်ရောကိုယ်ပါ ချမ်းမြေ့ကြပါစေ လို့ ....ကိုစောလှိုင်တို့ သားအဖမှ မေတ္တာပို့အပ်ပါတယ်
0 comments:
Post a Comment