Saturday, 31 March 2012

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၉၄ရပ်ကွက်၊ဒေသခံမိသားစု မှာမဲပေးခွင့်ရရှိရေးအတွက် တောင်းဆိုလျှက်ရှိကြောင်းကြားသိရ


စစ်ကိုင်းဒေသကြီး ပုလဲမြို့နယ် လက်ပုကန်ကျေးရွာ၌ မဲပေးနိုင်သူ ၁၂၀၀ ရှိရာတွင် ကြိုတင်မဲမည်မျှပေးပြီးရှိသလဲဟု မေးမြန်းရာ၌ ကျေးရွာကော်မရှင် တာဝန်ရှိသူတစ်ဦးက ကြိုတင်မဲအရေအတွက်ကို မပြောနိုင်ဘူးဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ယင်းကျေးရွာ၌ မဲပေးရန် ပြန်လာသော ဆေးတက္ကသိုလ်ပထမနှစ်ကျောင်းသား တစ်ဦးသည် မဲစာရင်း၌ နာမည်မပါ၍ မဲပေးခွင့်မရခဲ့ကြောင်း၊ ထို့အတူ သမ၀ါယမ ကျောင်းသူတစ်ဦးနှင့် GTC ကျောင်းသားတစ်ဦးတို့ကလည်း ယင်းရွာ၌ပင် နေထိုင်ပြီး မဲပေးခွင့်မရခဲ့ကြောင်း ဖြေကြားကြသည်။ ယင်းကဲ့သို့ အထောက်အထားအပြည့်အစုံရှိပါလျက် မဲပေးခွင့်မရသူပေါင်း ၁၇၀ ဦးခန့်ရှိကြောင်းသိရသည်။


Shwe Myitmakha Media Group

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၉၄ရပ်ကွက်၊ အထက ၂ ကျောင်းဝင်းအတွင်းတွင်ရှိသော မဲရုံများသို့ ဒေသခံမိသားစု တစ်စုမှ လာရောက်ပြီး မဲစာရင်းတွင် နာမည်မပါသောကြောင့် မဲပေးခွင့်ရရှိရေးအတွက် တောင်းဆိုလျှက်ရှိကြောင်း အဆိုပါ မိသားစုမှာ ၉၄ရပ်ကွက်၊ ၁၀နှစ်ခန့် နေထိုင်လာပြီး ယခုထိလည်း ပုံစံ (၁၀) ဖြင့် နေထိုင်လျက်ရှိသော မိသားစုဖြစ်ကြောင်း ၊ ၂၀၁၂ ခုနှစ်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရရှိခဲ့ကြောင်း ယခုမဲပေးလိုသောကြောင့် တောင်းဆိုနေခြင်းဖြစ်ကြောင်း ပြောဆိုလျှက်ရှိရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြေလည်အောင်ဖြေရှင်းပေးပါမည်ဟု ဆိုကာ ထိုမိသားစုအား ခေါ်ယူ ညှိနှိုင်းလျှက်ရှိကြောင်း မြစ်မခသတင်းထောက် အောင်ကိုကိုလတ်မှ သတင်းပေးပို့သည်။

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။