Saturday, 31 March 2012

မြန်မာ နိုင်ငံ ၏ သမိုင်း ၀င် မဲပေးမှု ကို စတင်

ကျောက်ပန်းတောင်းမြို့ လွတ်လပ်ရေးရပ်ကွက် မဲရုံအမှတ် (၃)အနီး နေထိုင်သူအများစုက ၂၀၁၀ ခုနှစ်တွင် မဲပေးခွင့်ရခဲ့သော်လည်း ယခုကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းတွင် အမည်စာရင်းမပါဝင်ခြင်းအတွက် စုပေါင်းစာရင်းကောက်ယူ၍ မြို့နယ်ကော်မရှင်ရုံးသို့ သွားရောက်ကြမည်ဖြစ်ကြောင်း ဒေသခံများကပြောသည်။
"မနှစ်က အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်ပါရင် မဲပေးလို့ရတယ်။ ဒီနှစ်ကပေးလို့မရဘူး။ ၂၄ ရက်နေ့မဲစာရင်းပိတ်တယ်ဆိုတာ ကျူပ်တို့ကိုမှ မပြောတာ။ ကြိုတင် မဲစာရင်းကောက်တုန်းက လော်နဲ့အော်ပြောသလို အခုမဲစာရင်းပိတ်တဲ့ဟာကို လော်နဲ့အော်ပြောရင် ဘာဖြစ်မှာမို့လို့လဲ"ဟု မိသားဝင် ၆ ဦးစလုံး မဲပေးခွင့်မရရှိခဲ့သူ အမျိုးသမီးကြီးတစ်ဦးကပြောသည်။

Popular Myanmar News Journal

မရမ်းကုန်းမြို့နယ်ရှိ မဲရုံတွင် လူအများလာရောက်မဲပေးစဉ်။

မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် ရှိ အလက(၅)ကျောင်းတွင် လူအများ လာရောက် မဲပေးနေကြစဉ်။ အဆိုပါမဲရုံတွင် မဲရုံ အမှတ်(၁)(၂)(၃)(၄)(၁၃)ဲ ရုံ(၅)ရုံ ဖွင့်လှစ်ထားကြောင်း သိရသည် ။ "၂၀၁၀တုန်းကနဲ့ အခု မဲပေးရတာ အတူတူပါပဲ၊ ၂၀၁၀တုန်းကတော့ အလုပ်တခု အနေ့နဲ့လာပေးဖြစ်တယ်။ အခုကတော့ ကိုယ်အသိ စိတ်ဓာတ်နဲ့ကိုယ် လာပေးဖြစ်တာပါ"ဟု မဲလာေ၇ာက် ပေးခဲ့သည့် အသက်(၅၀) အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။သူကတော့ NLDကို မဲပေးခဲ့သည်ဟု ဆိုသည်။

Yangon Press International

တိုက်ရိုက် သတင်းတင်ဆက်မှု (၆)

ဒေါ်အောင်ဆန်းစုကြည် ၀ါးသင်္ခမှ ငှက်အော်စမ်းဘက်သို့ မဲရုံများကြည့်ရှုဖို့ သွားနေပြီ၊ မဲစာရင်းမပါရှိမှုများ နေရာအနှံ့အပြား ကြုံတွေ့နေရဆဲ၊မဲလက်မှတ် မှားယွင်းခြစ်မိရာမှ ပြန်လဲလှယ်ရန် တောင်းဆိုသော်လည်း မလဲလှယ်ပေးသည့် မဲရုံများရှိနေ

ဧပြီ ၁ ရက်၊ နံနက် ၈နာရီ ၅၀ မိနစ်

ယမန်နေ့ညက ၀ါးသင်္ခရွာတွင် ညအိပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် သည် နံနက် ၆နာရီက ၀ါးသင်္ခကျေးရွာ မဲရုံများကို ကြည့်ရှုကာ ငှက်အော်စမ်းဘက်သို့ ဆက်လက်ထွက်ခွာလာပြီဖြစ်သည်။

မဲစာရင်းကို မဲပေးသည့်နေ့မှ ကပ်သည့် မဲရုံများလည်း မဟာအောင်မြေ မြို့နယ် (မန္တလေး) တွင် မဲစာရင်းမပါသည့် လူ ၃၀၀ ကျော်ရှိနေပြီဖြစ်သည်ဟု သတင်းထောက်မှ သတင်းပေးပို့သည်။

မန္တလေးမြို့ မဟာအောင်မြေ ရဲမွန်တောင် ရပ်ကွက်ရှိ ကျူးကျော်ရပ်ကွက်တွင် နေထိုင်သူ ၁၀၀ ကျော်မှာ မှတ်ပုံတင်ရှိသော်လည်း မဲစာရင်းတွင် မပါရှိသဖြင့်မဲပေးခွင့်မရကြပဲ ပြန်သွားကြရသည်ဟုလည်း သတင်းထောက်က သတင်းပေးပို့သည်။

ကျူးကျော်ရပ်ကွက်ဖြစ်ခြင်းကြောင့် မဲပေးခွင့်မရှိဟု ဆိုသည်။

နေပြည်တော်တွင် ဆောက်လုပ်ရေး လုပ်သား တထောင်ကျော်မှာ မူ ယာယီမှတ်ပုံတင်များဖြင့် မဲပေးခွင့် ရရှိနေခဲ့သည်။

အခြားသတင်းတရပ်တွင် ဥတ္တရ သီရိမြို့နယ် တပ်နယ်မဲရုံတရုံတွင် မဲပေးခွင့်ရှိသူ ၂၀၀ အနက် ၁၉၉ ဦးမဲပေးပြီးဖြစ်ကာ ကြံ့ခိုင်ရေး ၁၉၆ မဲ၊ ဒီချုပ် ၁ မဲ၊ တစည ၁ မဲနှင့် ပယ်မဲ ၁ မဲဟု သိရှိရသည်။

မဲပေးသူအားလုံး ပြီးစီး၍ ရေတွက်ကာ သိရှိရခြင်းဖြစ်သည်။

မဲစာရွက်တွင် မှားယွင်းခြစ်မိခြင်း၊ နှစ်ကြောင်း ထပ်ခြစ်မိခြင်းတို့ကြောင့် မဲစာရွက် ပြန်လဲလှယ်ပေးရန် တောင်းဆိုသော်လည်း မဲရုံမှူးက မဲစာရွက် ပြန်လဲခွင့်မရှိဟု ပြောဆိုမှုလည်း မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်တွင် ဖြစ်ပွားခဲ့သလို အခြားမြို့နယ်များတွင်လည်း ကြုံတွေ့နေရသည်ဟု သိရသည်။

မင်္ဂလာတောင်ညွန့် မလွှကုန်း မဲရုံ ၁၊ ၂၊ ၃ တို့ကို လှည့်လည်ကြည့်ရှုသူ ဒီချုပ်ကိုယ်စားလှယ်လောင်း မဖြူဖြူသင်းက ၎င်းအနေဖြင့် မဲရရှိမှု အခြေအနေ ကောင်းသည်ဟု YPI သို့ပြောသည်။


Eleven Media Group
စစ်ကိုင်းတိုင်ဒေသကြီး၊ ပုလဲမြို့နယ်၊ ပန်းရွာကျေးရွာ၊ ကုန်းပေါ်ရပ်ကွက်တွင်နေထိုင်သူ မမိမာ(မှတ်ပုံတင်အမှတ်- ၅/ပလန(နိုင်)၁၀၄၈၉၆)ကိုင်ဆောင်ထားသော မဲနံပါတ်(၇၁)အား တစ်ရွာထဲနေသူ ဦးပြည်အေးဆိုသူကလုယူပြီး ကြံ့ခိုင်ရေးပါတီအား မဲပေးသွားသဖြင့် ရပ်/ကျေးကော်မရှင်ထံတိုင်ကြားရန်သွားရောက်ခဲ့ရာတွင် ကော်မရှင်မှတာဝန်ရှိသူများက မမိမာအားဝင်ရောက်ခွင့်မပြုခဲ့ကြောင်းသိရှိရသည်။

Yangon Press International
မဲရံမှူး စည်းကမ်းချိုးဖေါက်

တိုက်ရိုက် သတင်းတင်ဆက်မှု (၈)

လားရှိုး-နံနက် ၉နာရီ ၄၀ မိနစ် ၊ ဧပြီ ၁ ရက်၊ YPI

လားရှိုးမဲဆန္ဒနယ်မြေ အမက (၁၂) ကျောင်းဝင်းထဲက မဲရုံအမှတ် (၄) မှာ မဲထည့်နည်း နားမလည်တဲ့ မဲဆန္ဒရှင်တွေကို ကြံ့ခိုင်ရေး အကွက်လက်ညှိုးထိုးပြပြီး ခြစ်ခိုင်းတယ်လို့ သိရပါတယ်။ ဒါကို ပါတီ မဲရုံကိုယ်စားလှယ်တွေက ကန့်ကွက်တာကို မကန့်ကွက်ဖို့ တားမြစ်ပါတယ်။

ဒါတင်မက မဲရုံစည်းကမ်းနဲ့ မကိုက်ညီပဲ နယ်မြေမှူးနဲ့ လုံခြုံရေးအဖွဲ့ဝင်တွေကလည်း မဲရုံထဲ ၀င်ရောက်နေတယ်လို့ သိရပါတယ်။ လုံခြုံရေးတွေ ၀င်ရောက်နေတဲ့ကိစ္စကိုတော့ မဲရုံမှူးက မသိနားမလည် လို့ပါဆိုပြီး တောင်းပန်ကြောင်း သွားရောက်ကြည့်ရှုတဲ့ ကျားဖြူ ကိုယ်စားလှယ်လောင်းတစ်ဦးက ပြောပါတယ်။

လားရှိုးက မဲရုံတွေမှာ ကြိုတင်မဲ အနည်းငယ်စီသာ ရှိကြောင်း စုံစမ်းသိရပါတယ်။
7Day News Journal
မကွေးမြို့ အမှတ် ၈၈ တပ်မဌာနချုပ် ခြေမြန်တပ်ရင်းအတွင်းရှိ မဲရုံနှင့် ခုတင်တစ်ရာဆံ့ဝင်းအတွင်းရှိ မဲရုံနှစ်ရုံတွင် ပြည်ခိုင်ဖြိုးပါတီမှ မဲရုံကိုယ်စားလှယ်နှင့် တာဝန်ရှိသူများမှ လွှဲ၍ အခြားပါတီများမှ မဲရုံကိုယ်စားလှယ်နှင့်တာဝန်ရှိသူများကို မတွေ့ရှိရကြောင်း 7Day News သတင်းထောက် သတင်းပေးပို့ထားသည်။
ထိုမဲရုံ ၂ ရုံတွင်မဲပေးခဲ့သော မဲဆန္ဒရှင်တပ်မတော်သားများနှင့် မိသားဝင်အချို့ကို မေးမြန်းရာတွင် ၄င်းတို့၏ ဆန္ဒအလျောက်သာ

လွတ်လပ်စွာမဲပေးခဲ့ကြကြောင်းပြောဆိုသည်။ မည်သည့်ပါတီကို မဲပေးရမည်ဆိုသည့် ညွှန်ကြားချက်မျိုးလည်းမရှိကြောင်းသိရသည်။ အသက် ၂၃ နှစ်အရွယ် တပ်မတော် သားတစ်ဦးက "သိတဲ့အတိုင်းပဲလေ။ တပ်မတော်သားဆိုတော့ ပြည်ခိုင်ဖြိုးကိုပဲ မဲပေးခဲ့တယ်။ ကိုယ့်ဆန္ဒနဲ့ကိုယ် ကြိုက်လို့ပေးခဲ့တာ" ဟုဆိုသည်။

Popular Myanmar News Journal
ပုသိမ်မြို့နယ် မဲရုံများမှ မဲပေးပြီး မဲရုံမှပြန်ထွက်လာသူများကို မေးမြန်းစုံစမ်းမှုများအရ NLD ကိုသာ မဲပေးခဲ့ကြသည်ဟု အတိအလင်းပြောကြားကြကြောင်း၊ ထိုအထဲတွင် မီးရထားဝန်ထမ်းများနှင့် အငြိမ်းစားဝန်များလည်းပါဝင်ကြောင်း၊ လူငယ်အချို့ဆိုလျှင်"ခွပ်ဒေါင်းကိုပဲမဲပေးခဲ့တယ်ဟေ့"ဟု အော်ဟစ်ပြီးပင်ပြောဆိုနေကြကြောင်း၊ ပုသိမ်သတင်းထောက်ထံမှ သတင်းပေးပို့သည်။

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။