Sunday 1 April 2012

သမိုင်းစာမျက်နှာသစ်စတဲ့နေ့ ကိုသိန်းဆွေး၏ ထေရုပ္ပတ္ထိအကျဉ်း

Eleven Media Group 7 minutes ago ဦးသိမ်းဆွေသည် ၈ လေးလုံးအရေးတော်ပုံတွင် တက္ကသိုလ်များ ရန်ကုန်မိသာစု(ဖျာပုံအသင်း) လှိုင်နယ်မြေ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဖျ
ာပုံ) အထွေထွေ အတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၅-၉၆ တွင် NLD မြို့နယ် လူငယ်တာဝန်ယူခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် NLD တိုင်းလူငယ်တာဝန်ယူခဲ့သည်။ NLD တိုင်းစည်းရုံးရေးအဖွဲ့ဝင် တာဝန်လည်းယူခဲ့သည်။ လက်ရှိတွင် ဗဟိုအောင်နိုင်ရေးကော်မတီအဖွဲ့ဝင် အဖြစ်လည်း တာဝန်ယူထားသည်။ ''ည ၁၀ နာရီဝန်းကျင်တွင် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်း ဦးအေးကြိုင်ကို ရွေးကောက်ပွဲအခြေအနေ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ခေါ်ဆို၍မရခဲ့ပါ။ ဦးသိမ်းဆွေသည် ဖျာပုံမြို့ပေါ် တွင် ခလရ ၉၈ တပ်ရင်း အခြေစိုက်ရာ မဲရုံအမှတ် ၁၃ တစ်ခုတွင်သာ ရှုံးနိမ့်ခဲ့ပြီး ကျန် ၁၈ ရုံစလုံးတွင် အနိုင်ရခဲ့သည်ဟုသိရသည်။ ''ဖျာပုံမြို့နယ်တွင်း ရှိကျေးရွာများတွင် လည်း မဲရလဒ်ရရှိပြီးသမျှ ကျေးရွာ များထဲတွင် ၃ ရွာသာ ရှုံးနိမ့်ခဲ့ပြီး ရေတွက်ပြီးသမျှ အများစု၌ အများ အားဖြင့်အပြတ်အသတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဖျာပုံမြို့ပေါ်ရှိ ရပ်ကွက် ၁၉ ခုနှင့် မြို့အနီးရွာသုံးရွာပေါင်းရလဒ်တွင် ကြံ့ခိုင်ရေး ကိုယ်စားလှယ်အပေါ် အပြတ်အသက် အသာရခဲ့သည်။ ယင်းရလဒ်ပေါင်းတွင် NLD မှ ၁၈၈၀၇ မဲရခဲ့ပြီး ကြံ့ခိုင်ရေးမှ ၃၇၇၂ မဲသာရရှိခဲ့သည်။ မဲခုနစ်ဆ တစ်ဆမျှ အပြတ်အသက်အသာရ ခဲ့ခြင်းဖြစ်သည်။ ကျေးရွာအုပ်စုများတွင်မူ ကြံ့ခိုင်ရေး ကိုယ်စားလှယ်ထက် မဲအသာရရှိမှု နှစ်ဆမျှရှိခဲ့သည်။ ရရှိပြီးသမျှ မဲစာရင်းများအရ ကျေးရွာအုပ်စုများတွင် NLD မှ ဦးသိမ်းဆွေက ၉၀၉၆ မဲရခဲ့သည်။ ကြံ့ခိုင်ရေးမှ ဦးအေးကြိုင်က ၄၄၄၃ မဲမျရရှိထားသည်။ ကျန်ကျေးရွာအုပ်စုများမှ မဲစာရင်းများကို ဆက်လက်စုဆောင်းဆဲဖြစ်သည်။ ဖျာပုံမြို့နယ်နှင့်ကျေးရွာများတွင် မဲရုံ ၂၅၁ ရုံရှိသည့်အနက် မဲရုံ ၂၀၀ ၀န်းကျင်မှရရှိလာသော ရလဒ်များအရ ဦးသိမ်းဆွေသည် ၅ ရုံတွင် သာရှုံးနိမ့်ပြီး ကျန်မဲရုံအားလုံးတွင် အနိုင်ရခဲ့သည်။

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။