Wednesday, 25 April 2012

ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတွေ့ရတဲ့ အီတလီ နိုင်ငံခြားရေးဝန်ကြီး Giulio Terzi

ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၂၆ မနက်ပိုင်းက အီတလီ နိုင်ငံခြားရေးဝန်ကြီး Giulio Terzi နဲ့ တနာရီကြာ တွေ့ဆုံပြီးနောက် သတင်းထောက်တွေနဲ့ တွေ့ဆုံ ပြောကြားရာမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ NLD ပါတီ လွှတ်တော်တွင်း ၀င်ရောက်ရေး ကိစ္စဟာ နိုင်ငံရေး ချောက်ကျကိန်းလို့ ဆိုနိုင်တဲ့ နိုင်ငံရေး အကြပ်အတည်းမျိုး မဟုတ်ဘဲ နည်းနာပိုင်းဆိုင်ရာ ပြဿနာလို့ ဆိုရမယ့် ပြဿနာသေးသေးသာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ လွှတ်တော်တွင်း ဘယ်တော့လောက် သွားနိုင်မလဲလို့ ဘီဘီစီက မေးမြန်းတာကိုတော့ ဖြေဆိုဖို့ ငြင်းဆိုသွားပါတယ်။

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။