Tuesday 29 May 2012

ဒေါ်အောင်ဆန်းစုကြည်လေယာဉ် မထွက်ခွာမီ နားနေဆောင်တွင် တွေ့ရစဉ်

Yangon-Media-Groupအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ဗန်ကောက်သို့ ထွက်ခွာရန် ယနေ့ ညနေ ၆း၄၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သ
ို့ ရောက်ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် TG-306 လေယာဉ်ဖြင့် Business Class တွင် လိုက်ပါကြောင်းသိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်သူ့လွှတ်တော် လွှတ်တော် ကိုယ်စားလှယ် အမတ် ဒေါ်စန္ဒာမင်း ၊ ကိုယ်ရေး အရာရှိ ဒေါက်တာ ဒေါ်ငယ်ငယ် ၊ကိုစိုးဝင်း (လုံခြုံရေးအရာရှိ) တို့လိုက်ပါသွားကြောင်း သိရသည်။ ဦးခွန်သာမြင့် သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ကြိုတင်ရောက်ရှိ ကာ ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့ ကို လာရောက် ကြိုဆိုမည် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

ပြောချင်တာလေးတွေ ပြောခဲ့ပါ။