Monday 17 September 2012

ဆုံးရှုံးမှုများတဲ့လကို တမ်းတခြင်း

မိုးရေကို အံ့တု
ဆန္ဒကိုထုတ်ဖော်
လမ်းပေါ်ကိုတက်
ငါတို့နိုင်ငံအတွက်
ကျန်ဆန်စိုးမိုး
ဆန္ဒတွေ ချော်ထွက်
အသက်တွေပျောက်ခဲ့ပြီးပြီ
မသေသေးတဲ့ရဲဘော်
မပြီးသေးတဲ့တော်လှန်ရေး
ဆက်ပြီး ဆက်ပြီး လျှောက်
ငါတို့ဘ၀တစ်လျှောက်
စက်တင်ဘာဆိုရင် အသက်(၁၈)နှစ်အောက် ဆိုရင် ဘုန်းကြီးတွေ ဆန္ဒပြတဲ့လလို့တောင် သိရှိထားကြတာ။ ဒီလိုနေ့ရောက်လာတွေ့မယ်ဆိုရင် နေရာတိုင်းမှာ သိုသိုသိပ်သိပ်နဲ့ အခမ်းအနားတွေကို ကျင်းပနေကြသလို့ တော်လှန်ရေးအသေးစားလေးတွေကို လစ်ရင်လစ်သလို့ သိရင်သိသလို့နဲ့  နအဖဆန့်ကျင်ရေးနှင့်ရွှေဝါရောင် တော်လှန်ရေးကို အသက်သွင်းပုံဖော်ခဲ့ကြပါတယ်။  ဒီလိုပုံဖော်အသွင်းရလောက်တဲ့ သမိုင်းကြောင်းတွေက လည်း အားလုံးက မေ့ပစ်ထားလို့မရလောက်အောင်ကို မြန်မာနိုင်ငံရေးသမိုင်းဖြစ်စဉ်ကြီးတစ်ခုဖြစ်ခဲ့တာကိုး ။ ဒီလိုမှတ်တမ်းတွေ ဖြစ်လာနိုင်ဖို့ ပြုစုဖို့ သမိုင်းဝင်လာဖို့ မရည်ရွယ်ခဲ့ပေမယ့်  သမိုင်းအထောက်အထားတစ်ခု အနေနဲ့သာ လက်ခံကျန်ရစ်ခဲ့ကြပါတယ်။ အဲဒီသမိုင်းအဖြစ် ကျန်ရစ်စေဖို့ တော်လှန်ရေးရဲဘော်တွေရဲ့ အသက် သွေး ချွေးတွေ ဘ၀တွေပါ မိသားစုရဲ့ငိုကြွေးမျက်ရည်တွေ ခါးသီးမှုတွေ လူပတ်ဝန်းကျင်ရဲ့ကြောက်ရွံ့ဘေး ထုတ်မှုတွေကြောင့် စတဲ့ ဖော်ပြနိုင်ခြင်းမရှိတဲ့လူမှုရေးပြသာနာတွေနဲ့ ရင်းနှီးပေးဆပ်ခဲ့ရတာပါ။ ဒီလို ပေးဆပ် မှုတွေရဲ့ အောင်မြင်မှုကကော ဘာတွေ  ကျွန်တော်တို့အတွက် ကျန်ရစ်ခဲ့သလည်းဆိုတာ ဆန်းစစ်မယ်ဆိုရင် ရုပ်သေးအစိုးရတစ်ရပ်ဖြစ်ပေါ်လာဖို့အတွက်နဲ့ (၂၀၀၈)ဥပဒေကြီးတွေ အမြန်ဆုံးဖြစ်ပေါ်လာအောင် မထင်မှတ် မရည်ရွယ်ဘဲနဲ့ တွန်းအားပေးခဲ့သလို့ဖြစ်ခဲ့ပါတယ်။
         သံဃာတော်တွေရဲ့ဦးဆောင်မှုကို ရဲရဲဝံ့ဝံ့ နဲ့ ကျွန်တော်တို့ပြည်သူတွေက လိုက်လာချီတက်ခဲ့ကြ ပါ တယ်။ မိုးကိုမကြောက် ထီးကိုမလို ဆန္ဒကိုသာ ထုတ်ဖော်ခဲ့ကြပါတယ်။ အောင်မြင်စွာနဲ့ လမ်းတွေ လမ်းတွေ ကို ဖြတ်ကျော်လာခဲ့ကြပါတယ်။ လမ်းမတစ်လျှောက် ငိုကြွေးသံ၊ ထောက်ခံမှု၊ အားပေးမှု ၊ဆုတောင်းမှု၊ လက်ခုပ် လက်ဝါးတွေနဲ့ ဆူညံစွာနဲ့  ပျော်ရွှင်ကြည်နူး ရင်ခုန်စွာနဲ့ပဲ  နအဖဆန့်ကျင်ရေးကို ကျွန်တော်တို့တွေ  သတိ ကောင်းကောင်း ကျော်ဖြတ်ချီတက်တောင်းဆိုနေခဲ့တယ်။  အောင်မြင်ရေးအတွက် ငါတို့ပြည်သူတွေဟာ ဗုဒ္ဒရဲ့ တရားတော်အတိုင်း ငြိမ်းချမ်းရေးလမ်းစဉ်ကို ဦးဆောင်ရွက်ခဲ့တယ်။ ငြိမ်းချမ်မှုအတွက် လုပ်ဆောင်ခဲ့တာတွေ ဟာ  ငါတို့ပြည်သူတွေသိယုံသာမက  နိုင်ငံတကာကပါ သိရှိလာခဲ့ကြတယ်။ ငါတို့ပြည်သူတွေဟာ သံဃာတော် တွေကို ဘေးကနေ ၀ိုင်းရံ တိုက်ပွဲစိန်ခေါ်သံတွေကို နအဖဘက်သို့ တရားဝင်လမ်းကြောင်းတွေဖွင့် တောင်းဆို ရေးတွေကို ပြုလုပ်ခဲ့တယ်။ အဲဒီအတွက် နအဖရဲ့တုန့်ပြန်ချက်တွေကတော့ ကျည်ဆန်မိုး၊ လက်ပစ်ဗုံးနဲ့ တုတ် မိုးတွေ ရွာသွန်းခဲ့ပါတယ်။ အဲဒီရွာသွန်းမှုတွေကို အံတုဖက်ပြိုင်ဖို့အတွက် ငါတို့မှာ မီဒီယာလက်နက်ကိုသာ အား ကိုးခဲ့ရပါတယ်။ ဒီလက်နက်ဟာ နအဖရဲ့လက်နက်ထက် ပိုပြီးအားသာခဲ့ပါတယ်။
         သံဃာတော်တွေရဲ့သွေးတွေ ရဲရဲနီ ဖြာထွက်ခဲ့ရသလို့  ငါတို့ပြည်သူတွေရဲ့ အသက်တွေလည်း ဒီပွဲကြီး မှာ နိုင်ငံတကာအသိဖြစ်အောင် ပြနိုင်ခဲ့တာဟာ ငါတို့အတွက် အကျိုးမြတ်ခဲ့ရတယ်။ ဒီပွဲကြီးရဲ့ ရလဒ်တိုင်းဟာ နိုင်ငံတကာအတွက် အသိတရားတွေရခဲ့ပါတယ်။  အဲဒီအသိတရားတွေက အချိန်ခဏသာ အောင်မြင်ခဲ့ရပါ တယ်။ ဒါတွေဟာ  ကျွန်တော်တို့နိုင်ငံအတွက် ယာယီရလိုက်တဲ့အောင်မြင်မှုတွေပါ။ ယာယီအတွက် အသက် တွေ အများကြီးပေးခဲ့ရတယ် နစ်နာမှုတွေရခဲ့ရတယ်။ ခဏလေးဆိုတဲ့အတိုင်းအတာဟာ ငါတို့ပြည်သူတွေ အတွက် နိုင်ငံရေးအကျိုးအမြတ်က ဘာမှမထူးခြားခဲ့ပါဘူး
         ဒီလိုနဲ့ပဲ ငါတို့ရွှေဝါရောင်တော်လှန်ရေးကြီးဟာ မိုးရေတွေရွှဲစိုပြီး ကျည်ဆန်တွေရဲ့ အောက်မှာ ပြား ပြား ၀ပ်လို့ ပျောက်ကွယ်စပြုခဲ့ပါတယ်။ ဒီလိုနဲ့ ဒီလိုအတိုင်း ငါတို့ရှေ့ဆက်ခဲ့ရတယ်။ ပျောက်ကျားစနစ်သာသာ နဲ့ပဲ ရွှေဝါရောင်တော်လှန်ရေးကို အဲဒီနှစ်အတွင်းမှာကိုပင်  ပုံမှန်ရုပ်လုံးဖော်ခဲ့ပါတယ်။ ဒါပေမယ့် ကျရှုံးမှုများနဲ့သာ ဆက်တိုက်ကြုံတွေခဲ့ရတယ်။ ဒီတော်လှန်ကြီးကြောင့် ငါတို့ပြည်သူတွေ ငါတို့ရဲ့ဘော်တွေဟာ ရေခြားမြေခြား တွေကိုသာ လွမ်းဆွေးမှုတွေ ကြောက်ရွံ့မှု၊ အားငယ်မှုတွေနဲ့သာ ဝေးကွာခဲ့ရတယ်။ ဒီလိုပါဘဲ ငါတို့ဟာ တော်လှန်ရေးစနစ်တွေ တော်လှန်ရေးပုံစံတွေအသီးသီးတွေသာ ဖော်ဆောင်နိုင်ခဲ့ကြပေမယ့်  အော
င်မြင် သောတော်လှန်ရေး သို့မဟုတ် နအဖတော်လှန်ရေးကို အခုချိန်ထိတောင် မအောင်မမြင်ဖြစ်နေတုန်းပါပဲ လို့ ဆို လိုရင်းနဲ့ နိဂုံးချုပ်လိုက်ရပါတယ်။

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။