Thursday 22 March 2012

“စက်တင်ဘာ အရှင်ထာဝရသို့ တိုင်တည်ခြင်း”


“စက်တင်ဘာ အရှင်ထာဝရသို့ တိုင်တည်ခြင်း”
ရွေးကောက်ပွဲကြီးက နီးသထက်နီးလာပေပြီ။လူထုပြည်သူများအကြား လက်ကမ်းစာစောင်များက ဥဒဟို ဟိုလူနိုးနိုး ဒီလူနိုးနိုး မျှော်ကိုးချင်စိတ်တွေလဲ ခပ်ပျောက်ပျောက် ဖြစ်နေရတဲ့ သာမာန်ပြည်သူများအဖို့ကတော့ ဒီမိုကရေစီနိင်ငံသစ်မှာ လိုင်းကားတိုးစီးရစဲ.....ညအချိန် ကားခနှစ်ဆပေးရစဲ....ဧည့်စာရင်းကို ငွေပေးတိုင်ရမြဲ(အလှူခံအမည်တပ်)....မီးသတ်တပ်ဖွဲ့ အလှူငွေဆိုတာထည့်ရစမြဲ.....အခမဲ့ မူလတန်းပညာရေးဆိုတာကို.....တက်နိင်ဖို့ အလှူငွေအတွက် မိဘများ ရှုံးကန်ရစမြဲ....နိင်ငံရေးအကျဉ်းသားတွေကရှိနေမြဲ...ပြည်တွင်းစစ်တွေက ရှိနေစမြဲ...မြစ်ဆုံစီမံကိန်းက နောက်ကွယ်က လှုပ်ရှားမှုတွေ ကြားနေရမြဲ...
အုပ်စုဖွဲ့ ရမ်းကားမှုတွေက ပြုနေစမြဲ.....ဥပဒေအထက်မှာ ဟိုလူဒီလူတွေက ရှိနေစမြဲ...အော်...ဘာမှကို မမြဲပါဘူးဆိုတဲ့ သင်္ခါရတရားတွေတောင်.....အာဏာရှင်စနစ်ကိုတော့ အချိန်တစ်ခုပေးရှင်သန်နေရစေသလို ခံစားရပါတယ် အရှင်ဘုရား...
ကိုဝေဠု မြောက်ဥက္ကလာ ကျောင်းသားလူငယ်

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။