Thursday 22 March 2012

၂၀၀၇ မှာ ပတ္တနိက္ကုဇ္ဇနကံ ပြုထားတာ ပြီးပြီလားဘုရား။ ဆက်လက် ပတ္တနိက္ကုဇ္ဇနကံဆောင်နေတာ လား။ ဘာကြောင့်လဲ။








    ဦးဇင်းတို့ပတ္တနိက္ကုဇ္ဇနကံ ပြုထားတာကပြီးဆုံးသွားမှာ မဟုတ်ပါဘူး အာဏာရှင်တွေ ဖိနှိပ်နေသမျှ ပတ္တနိက္ကုဇ္ဇနကံ ဆောင်မှုကိုဦးဇင်းတို့ဆက်လက်လုပ်ဆောင်နေ့မှာဖြစ်ပါတယ်မြတ်စွာဘုရားဝိနည်းတော်နဲ့အညီဆောင်ရွှက်ထားတာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ ၂၀၀၇ခုနှစ်ကမတရားဖမ်းစည်းထားသော သံဃာတော်များကိုမြန်မလွတ်ပေးသ၍ ဦးဇင်းသံဃာတော်တွေကတော့ ဒီကံကို ဆက်လက်ဆုပ်ကိုင်ချီးတက်နေမှာပါပဲ။“ပြည်သူတွေ ထောက်ခံမှုတွေ ရှိတော့ ဦးဇင်းတို့မှာ တာဝန်ရှိပါတယ်၊ လူထုက ထောက်ခံတယ် ဆိုတာ ဟာ မျှော်လင်...့ချက်နဲ့ ထောက်ခံတာပါ၊ ဒါလည်း ဖြစ်သင့်တယ်လို့ဦးဇင်းမြင့်ပါတယ်။ ပြည်သူလူထုဘက်ကလည်း ကိုယ်မျှော်လင့်နိုင် သလောက်ထောက်ခံရမှာပေါ့၊မဟုတ်လို့ရှိရင်ဘာလို့ထောက်ခံမလဲ၊တယောက်ယောက်ကိုမျှော်လင့်ချက်နဲ့ ထောက်ခံတယ် ဆိုတော့ ဦးဇင်းတို့ကလည်း ကိုယ့်တာဝန် ကိုယ်ကျေရမယ် ဆိုတာ ဦးဇင်းတို့ အများကြီး နားလည်ထားပါတယ်"

    ဦးဇင်းတို့တာဝန့်ကို ကျေပွန်အောင် လုပ်ဆောင်ဖို့ ဦးဇင်းတို့သံဃာတွေမှာ တာဝန့်ရှိနေတော့ မြန်မာနိုင်ငံရေးမှာ ဦးဇင်းတို့သံဃာတွေဟာ ကိုယ်တက်နိုင်တဲ့ ဘက်ကနေပြီး ပတ္တနိက္ကုဇ္ဇနကံဆောင်မှုကို လုပ်ဆောင်နေကြမှပါပဲ။ဦးဇင်းတို့နားလယ်ထားတာက “နိုင်ငံရေးဆိုတာဘာလဲဆိုတော့  ကိုယ့်နိုင်ငံကို တိုးတက်အောင် အေးချမ်းအောင်လို့ တည်ငြိမ်အောင်လို့ ညီညွတ်အောင်လို့ ဒါမှသာ နိုင်ငံရေးခေါ်တယ် အဲဒီတော့ဦးဇင်းတို့ဟာ နိုင်ငံရေးဟာ နိုင်ငံရေးပဲ နိုင်ငံရေးကို ရှေ့ထားပြီးတော့ ဦးဇင်းတို့ လုပ်နိုင်ရမယ်၊ အမှန်ပြောရမယ်ဆိုရင် နိုင်ငံသူနိုင်ငံသားအားလုံး တယောက်ချင်း တယောက်ချင်းစီမှာဇောက်ချ ပြီးတော့ ဘဝပေးပြီးတော့ နိုင်ငံရေးမှာ လုပ်နိုင်ရဖို့ ဦးဇင်းတို့သံဃာတွေက ကြားဝင်ဆောင်ရွှက်ပေးတာပါပဲ။

    ဆက်လက် ပတ္တနိက္ကုဇ္ဇနကံဆောင်မှုကို လုပ်နေပါလားဆိုတာကတော့ အထက်ဖေါ်ပြခဲ့တဲ့ အတိုင်းပဲ ဦးဇင်းတို့ပတ္တနိက္ကုဇ္ဇနကံဆောင်မှုကိုဆက်လက်လုပ်ဆောင်နေတုန်းပါပဲအာဏာရှင်အစိုးရလက်ထက်ကမတရားဖမ်းစည်းထားသော သံဃာတော်တွေ အမြန်ဆုံးပြန်လွတ်ပေးဖို့က ဦးဇင်းတို့ကံဆောင်မှုကို စဉ်စားရမယ် အချက်ဖြစ်ပါတယ်။သံဃာတော်တွေကိုမြတ်စွာဘုရားဝိနည်းဥပဒေနဲ့အညီမလုပ်ဆောင်သ၍ကတော့သံဃာတော်တွေ၏ပြောဆိုနေမှုတွေကရှိနေမှာပါပဲ

    ဦးဇင်းတို့နိုင်ငံမှာ အများစုကပြောပြောနေပါတယ်။နိုင်ငံဝန်ထမ်းတွေလိုတယ်၊ ကျောင်းဆရာ ဆရာမတွေလိုတယ်၊ ဆရာဝန်တွေလိုတယ် အမျိုးမျိုးပေါ့၊ အဲဒီတော့ ဦးဇင်းတို့နိုင်ငံမှာ လိုအပ်ချက်တွေက အများကြီးရှိတဲ့အခါကျတော့ လူတိုင်းလူတိုင်းကအချိန်ပြည့်နိုင်ငံရေးလုပ်ရမယ်လို့မဆိုလိုဘူး”ကိုတက်နိုင်တဲ့ ဘက်ကနေ့ပြီးလုပ်ဆောင်ဖို့ ဦးဇင်းတို့သံဃာတွေဟာ၊ကိုယ်တက်နိုင်တဲ့ တာဝန့်ကိုကိုယ်ယူပေးနေတာဖြစ်ပါတယ်။ တစ်ချို့တွေကပြောကျပါတယ်။ရဟန်းတော်တွေနဲ့နိုင်ငံရေဘာဆိုင်လို့လည်းတဲ့ဦးဇင်းက သူတို့ကိုပြန်မေးချင်တာကတော့ မြတ်စွားဘုရားအလောင်းတော် ဘ၀က နိုင်ငံတာဝန့်တွေ၊တိုင်းပြည်သူလူထုဘ၀ရှေ့ရေအတွက် မားမားမက်မက်ရပ်တည်းပြီး လုပ်ဆောင်ခဲ့တာတွေကို ပိဋကတ္တတော်တွေထဲမှာ၊ဇာတ်တော်တွေ၊ရာဇာဝင်တွေအထင်အရှားရှိနေပါတယ်။ဦးဇင်းတို့မြန်မာနိုင်ငံနဲ့နည်းစပ်တဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံတို့သီရီလင်္ကာနိုင်ငံတို့မှာ ဘုန်းတော်ကြီးတွေဟာ နိုင်ငံတာဝန့်တွေကို လွတ်တော်တွေထဲမှာ လုပ်ဆောင်နေကြပါတယ်။ဦးဇင်းတို့မြန်မာနိုင်ငံက သံဃာတွေဟာ အချိန်တန်ရင် ငြိမ်းအေးတဲ့ သာသနာနယ်မြေကို ပြန်သွားကြမှာဆိုတာကိုတော့ပြောထားချင်းပါတယ်။

ဦးဇင်းတို့“နိုင်ငံရေးလုပ်တယ်ဆိုတာဟာ အဓိက ရည်ရွယ်ချက်ကတော့ ပြည်သူတွေ ကိုယ်စားပြုတဲ့ ပြည်သူလူထု မျှော်လင့်ချက်တွေကို အကောင်အထည် ဖေါ်ဖို့ဖြစ်ပါတယ်။ အဲဒီတော့ နိုင်ငံရေး လုပ်တယ် ဆိုတာဟာ အလုပ်နဲ့ တာဝန်နဲ့လည်း တွဲရမယ်၊ဦးဇင်းတို့ ပြည်သူတွေမှာလည်း တာဝန်ရှိပါတယ်၊ဦးဇင်းတို့ ပြည်သူတွေ တာဝန်သိမှ ကိုယ်လိုချင်တဲ့ ကိစ္စတခုကို ပုံစံဖေါ်နိုင်မှာ၊ ကိုယ်က တာဝန်မယူဘဲနဲ့ ငါတို့လုပ်ချင်တဲ့ ပုံစံမဖြစ်ဘူး အဲဒီလို ပြောလို့ မရဘူး၊ ကိုယ်ဖြစ်ချင်တဲ့ပုံစံကို ရအောင်လို့ ဦးဇင်းတို့တိုက်တွန်းချင်တယ်”။ဦးဇင်းတို့ အင်မတန်မှ စိတ်ချမ်းသာစရာတစ်ခုက ဘာလဲဆိုတော့ အခုဦးဇင်းတို့ကို ထောက်ခံအားပေးတဲ့ လူအုပ်တွေထဲမှာ လူငယ်တွေ အင်မတန်များတယ်။ ဒါဦးဇင်းတို့တိုင်းပြည်ရဲ့ အနာဂတ်အတွက် အန်မတင်ကောင်းပါတယ် လူငယ်တွေဟာ ဦးဇင်းတိုင်းပြည် ရဲ့ အနာဂတ်ကို စိတ်ဝင်စားရမယ် ကိုယ့်တိုင်းပြည် ဘာဖြစ်မယ်ဆိုတာကိုကိုယ်ကနေ သိချင်တဲ့ စိတ်ရှိရမယ် ကိုယ့်တိုင်းပြည်ကို ကိုယ်လိုချင်တဲ့လမ်းပေါ်ကို တင်ပေးချင်တဲ့ စိတ်ရှိရမယ် ငါတို့ တင်ပေးလို့ရတယ် ဆိုတဲ့ ယုံကြည်မှုရှိရမယ် အဲဒီလိုလူငယ်တွေကို တွေ့ရတဲ့အခါ ကျတော့ ဦးဇင်းအင်မတန်မှ အားတတ်တယ် ဒီတော့ ဦးဇင်းတို့လူကြီးတွေကိုတန်ဖိုးမ ထားဘူးလို့ လား မဟုတ်ဘူး အင်မတန်မှ တန်ဖိုးထားတယ် ဒါပေမဲ့ လက်တွေ့ကျကျပြောရမယ်ဆိုရင် လူငယ်တွေမှာ အချိန်တွေအများကြီးရှိတယ် ရှေ့မှာ လူကြီးတွေက လူငယ်တွေ လောက်အချိန်မရှိဘူး ဒီတော့ လူငယ်တွေကို အနာဂတ်အတွက်အားကိုးရမယ် လူကြီးတွေနဲ့လူငယ်တွေ ဆိုတာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ပေး နိုင်တဲ့ကိစ္စ တွေအများကြီးရှိပါတယ်။ နောက်ဆုံးတော့ဦးဇင်းတို့ကိုယ်တိုင်းပြည်အတွက် တကယ်ပဲပူးပေါင်းဆောင်ရွက်ချင်တယ်။ ဆိုလို့ရှိရင် တစ်ယောက်နဲ့တစ်ယောက် ပူးတွဲပြီးလုပ်နိုင်စရာ အကြောင်းတွေအများကြီးရှိတယ်။ ဆိုတာကို ဦးဇင်းတို့ တိုက်တွန်းချင်းပါတယ်။

နောက်ဆုံးပြောချင်တာကတော့ ဦးဇင်းတို့ ပတ္တနိက္ကုဇ္ဇနကံဆောင်မှုက အာဏာရှင် စစ်အုပ်ချုပ်ရေရှိနေသ၍ကတော့ ရှိနေအုံးမယ်။ဆိုတာကတော့ ပြောချင်းပါတယ်။

အလုပ်များတဲ့သူက စကားမများနိုင်ဘူး။ စကားများတဲ့ သူကြတော့ အလုပ်မများနိုင်ဘူးလေ။တောပြောတောင်ပြောဆိုတာကတော့အခွင့်အရေးသမားတွေများတာတနည်းပြောရင်တော့စကားများတဲ့သူတွေပဲပေသူမှာကအလုပ်မရှိတော့စကားများဖိုနဲအတင်းဖျင်းပြောဖိုလောက်ပဲလေတကယ်အလုပ်လုပ်တဲ့ သူမှာလေ ဒါတွေပြောဖိုကို အချိန်မရှိပါဘူး

စာရေးသူ ဖျာပုံ နဒီ

၁၅--၂၀၁၁

တနင်္လာနေ့ ည ၈နာရီ ၂၅မီနစ်။

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။