Tuesday 3 April 2012

ကိုမောင်အေး အသက်(၄၀) နှစ်၊ ABSDF ရင်း(၂၀၁) မင်းသမီးစခန်း၊ လက်ရှိ ဒိန်းမတ်နိုင်ငံ ဘာမင်း (Bramming) ... ယနေ့ (၃.၄.၂၀၁၂) တွင် ကွယ်လွန် အနိစ္စရောက်ရှိ ...





ကိုမောင်အေး- အသက်(၄၀)နှစ် ....

ဒိန်းမတ်နိုင်ငံ၊ ဘာမင်း (Bramming) မြို့တွင် နေထိုင်သောကိုမောင်အေး (ABSDF ရင်း- ၂၀၁ မင်းသမီးစခန်း) သည်ယနေ့ (၃.၄.၂၀၁၂)နေ့ နံနက် (၆)နာရီ အချိန်တွင်ဒိန်းမတ်နိုင်ငံ၊အက်စ်ပီးယား(Esbjerg)ခရိုင် ဆေးရုံကြီးပေါ်၌ကွယ်လွန်အနိစ္စရောက်ရှိသွားပြီး ဖြစ်ကြောင်းရပ်နီးရပ်ဝေး ဆွေမျိုးမိတ်သင်္ဂဟအပေါင်းအား ရိုသေစွာ အသိပေး အကြောင်းကြားအပ်ပါသည်။

နာရေး အစီအစဉ်များ။ ။-မနက်ဖြန် (၄.၄.၂၀၁၂)နေ့၊ ညနေ (၅)နာရီတွင် ဒိန်းမတ်ယဉ်ကျေးမှုများအရ ကွယ်လွန်သူ ကိုမောင်အေး၏ ရုပ်ကလပ်အား မိတ်ဆွေ သင်္ဂဟများအနေဖြင့် နူတ်ဆက် ကြည့်ရှုနိုင်ရန်အတွက် ဘာမင်း(Bramming)မြို့လယ်ရှိ ခရစ်ယာန် ဘုရားကျောင်းတွင် နူတ်ဆက်ခြင်း ပြုလုပ်မည် ဖြစ်ပါသည်။

-လာမည့် စနေနေ့ (၇.၄.၂၀၁၂)နေ့၊ နေ့လည်(၁)နာရီတွင်ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာများနှင့်အညီဆုတောင်းတရားနာ ပြုလုပ်ပြီးမီးသဂြိုလ်မည် ဖြစ်ပါသည်။

-(၉.၄.၂၀၁၂)နေ့တွင် ကျန်ရစ်သူ မိသားစု နေထိုင်ရာနေအိမ်၌ ဆွမ်းကျွေး တရားနာ ပြုလုပ်မည်ဖြစ်ကြောင်းအသိပေး ဖိတ်ကြားအပ်ပါသည်။

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။