Friday 23 September 2016

ရွှေဝါရောင်တော်လှန်ရေး (၉)နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သော အရှင်ထာဝရ(နော်ဝေ) ၏ သ၀ဏ်လွှာ။



ရွှေဝါရောင်တော်လှန်ရေး (၉)နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သော အရှင်ထာဝရ(နော်ဝေ) ၏ သ၀ဏ်လွှာ။

လေးစားအပ်ပါသော ရွှေဝါရောင်ဆရာတော်သံဃာတော်များနှင့်ကျောင်းသားများ၊ ပြည်သူများ၊ အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ အားလုံးကို (၉)နှစ်မြောက် ရွှေဝါရောင် နှစ်ပတ်လည်မှာ နှုတ်ဆက် သ၀ဏ်လွှာ ပါးခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ရှိပါသည်။
(၁) ရွှေဝါရောင်တော်လှန်ရေးအတွင်း အသက်စွန့်လှူခဲ့ကြသည့် ဆရာတော်သံဃာတော်များနှင့်ကျောင်းသား၊ ပြည်သူ များနှင့် ခေတ်အဆက်ဆက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တိုက်ပွဲများတွင် ကျဆုံးခဲ့ကြသည့် ပုဂ္ဂိုလ်များအားလုံးကို အဝေးတစ်နေရာမှ ဦးစွာပထမ ဦးညွတ် အလေးပြုအပ်ပါသည်။
 (၂) ယနေ့အချိန်တွင် မိမိတို့ မျှော်လင့်တောင့်တခဲ့သော ပြည်သူ့အစိုးရ တစ်ရပ် ရရှိနေပြီ ဖြစ်ပါသည်။ ပြည်သူ့အစိုးရ ၏ နိုင်ငံရေး ရည်မှန်းချက်ဖြစ်သော ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များကို မိမိတို့ ရွှေဝါရောင် သံဃာတော်များက ပြည်သူများနှင့်အတူ ဝန်းရံထောက်ခံရင်း ပြည်သူ့အစိုးရအား နိုင်ငံရေးအရ လူမျိုးရေး၊ ဘာသာရေး တို့ကို ခုတုံးလုပ်၍ အမျိုးသားရေး တလွဲလှုံ့ဆော်နေကြသည့် အဖွဲ့အစည်းဟူသမျှ တစ်ခဲနက် ကန့်ကွက်ရှုတ်ချ ဆန့်ကျင်ကြဖို့ရာ တိုက်တွန်းအပ်ပါသည်။
(၃) ၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်တော်လှန်ရေးကာလက မိမိတို့ ရွှေဝါရောင်သံဃာတော်များ တောင်းဆိုခဲ့သည့် အချက်(၅) ခု အနက် တစ်ခုဖြစ်သည့် ကုန်ဈေးနှုန်းကျဆင်းရေး ဆိုတဲ့ အချက်ကို လက်ရှိပြည်သူ့အစိုးရလက်ထက်တွင် လည်း ဖော်ဆောင်ပေးဖို့ရာ ဆက်လက်တောင်းဆိုဖို့ တိုက်တွန်းအပ်ပါသည်။ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးတွင် လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ၊ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ၊ မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ လူအချင်းချင်း မေတ္တာထားကာ ငြိမ်းချမ်းကြပါစေကြောင်း ဆုမွန်းကောင်း တောင်းရင်း နိဂုံးချုပ်အပ်ပါသည်။ အားလုံးကို ချစ်ခင်စွာဖြင့် အရှင်ထာဝရ (နော်ဝေ)

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။