Sunday, 10 June 2012

အစိုးရအာဏာပိုင်များနှင့် ပြည်သူသို့ ပန်ကြားချက် ၂၀၁၂ ခုနှစ်၊ ဇွန်လ (၁၀)ရက်


 





အစိုးရအာဏာပိုင်များနှင့် ပြည်သူသို့ ပန်ကြားချက်
၂၀၁၂ ခုနှစ်၊ ဇွန်လ (၁၀)ရက်
ရခိုင်ပြည်နေရာတချို့ တွင် လတ်တလောဖြစ်ပွါးနေသည့် အစ္စလာမ်ဘာသာဝင် မူဆလင်လူမျိုးများမှ ရခိုင်ပြည်သူ များအား အကြမ်းဖက်တိုက်ခိုက်နေမှုကြောင့် အခင်းဖြစ်ပွါးရာနေရာရှိ ရခိုင်ပြည်သူပြည်သားများစွာမှာ ထိတ်လန့် စိုးရိမ်ဖွယ်ရာ အသက်ဘေးအန္တရာယ်ဆိုးများနှင့် ကြုံတွေ့နေကြရသည်။
အကြမ်းဖက်တိုက်ခိုက်မှုများမှာ ရပ်တန့်ငြိမ်သက်သွားခြင်းမရှိဘဲ တဖြည်းဖြည်း ကြီးထွားလာနေကြောင်း ကြားသိ နေရသည်။ ယခုအခါ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့ နယ်တ၀ိုက်နှင့် ရမ်း ဗြဲမြို့ ပေါ် နေ ရာ(၃)ခုတွင် ဆက်လက်ဖြစ်ပွါးလျှက်ရှိနေရာ ဗုဒ္ဒဘာသာဝင် ရခိုင်များအတွက် များစွာစိုးရိမ်နေရသည့် အခြေအနေ သို့ ရောက်ရှိနေပါသည်။
ရခိုင်ပြည်သူများစွာမှာ အိုးအိမ်များ မီးရှို့ခံရခြင်းနှင့် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခြင်းကို နေရာအနှံ့ ခံနေကြ ရသည်။ ထိုသို့ ဆိုးဝါးလှသော ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ကြရသည့် ရခိုင်ပြည်သူများအတွက် မိမိတို့ ရခိုင်အမျိုးသမီးများအစည်းအရုံးမှ များစွာကြေကွဲဝမ်းနည်းရပါသည်။ အကြမ်းဖက်တိုက်ခိုက်မှုများ ရပ်တန့်သွား ခြင်းမရှိပါက ရခိုင်ပြည်သူများမှာ ဘ၀လုံခြုံမှုကင်းမဲ့နေသည့်အခြေအနေများနှင့် ပိုမိုဆိုးဝါးစွာ ဆက်လက်ကြုံတွေ့ နေမည်ကိုလည်း အထူးစိုးရိမ်မိပါသည်။
မည်သည့် ဘာသာတိုင်းတွင်မဆို ဘာသာတရား၏ အဆုံးအမတွင် လူအချင်းချင်း ချစ်ခင်ခြင်းတရားကိုသာ ဟော ပြော၍ လူအချင်းချင်း နှိပ်စက်သတ်ဖြတ်ခြင်းတရားကို ဟောပြောခြင်းမရှိခဲ့ပေ။ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာ နကို ရှေ့တန်းတင်၍ အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်ကျူးလွန်နေမည်ဆိုပါက ဗုဓ္ဒဘာသာဝင် ရခိုင်ပြည်သူ များနှင့် ရခိုင်ပြည်ရှိ မူဆလင်လူမျိုးများအကြားတွင် အကြမ်းဖက်မှုသံသရာ ရှည်နေအုံးမည်ဖြစ်သည်။  ဘက်နှစ် ဖက်လုံးမှ ပြည်သူများအနေဖြင့် အကြမ်းဖက်မှုသံသရာ အဆုံးသတ်ရေးကို ဦးတည်သည့် လုပ်ရပ်များကို  ကြိုးစား လုပ်ဆောင်ကြရပေမည်။
ယခုဖြစ်ပေါ်လာသောကိစ္စသည် အဓိကရုဏ်းဖြစ်ပွါးရန်စေ့ဆော်သည့် မည်သည့်အစွမ်းရောက် ပယောဂများ ကြောင့်ဖြစ်သည်ကို သက်ဆိုင်ရာအာဏာပိုင်များမှ အမှန်တကယ်စုံစမ်းဖေါ်ထုတ်၍ ရခိုင်ပြည်ရှိလူသားများ အေးချမ်းသာယာရေးအတွက် အမြန်ဆုံးလုပ်ဆောင်ပေးပါရန် တိုက်တွန်းအပ်ပါသည်။
ထို့အတူ ရမ်းမြဲမြို့ ၊ ကျောက်နီမော်တွင် မုဒိမ်းကျင့်ခံရသည်သာမက ရက်ရက်စက်စက်သတ်ဖြတ်ခံသွားရရှာသော မသီတာထွေးနှင့်ပတ်သက်သည့် တရားခံများကို ဖမ်းဆီးအရေးယူမှုနှင့် မည်သို့ အပြစ်ပေးစီရင်ကြောင်းကို ပြည်သူ့ ရုပ်မြင်သံကြားမှ ထုတ်ဖေါ်ပြသပေးပါရန် မိမိတို့ ရခိုင်အမျိုးသမီးများအစည်းအရုံးမှ ထပ်မံတောင်းဆိုပါသည်။ 
တဆက်တည်းတွင် ယခုဖြစ်ပေါ်နေသော အဓိကရုဏ်းကြောင့် ရခိုင်ပြည်တ၀ှမ်း ဒုက္ခရောက်နေကြသော အပြစ်မဲ့ ပြည်သူများ၏အသက်ရှင်ရေးကို ကူညီပေးကြပါရန် သက်ဆိုင်ရာအာဏာပိုင်များနှင့် လူမှုအဖွဲ့အစည်းများသို့ မေတ္တာရပ်ခံအပ်ပါသည်။   ထို့အပြင် အသက်အိုးအိမ်ပစ္စည်းများကိုတရားဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက် ပေးပါရန်နှင့် ၄င်းတို့ဘ၀ လုံခြုံရေးအတွက် ပြည့်ဝသော ကာကွယ်စောင့်ရှောက်မှုပေးပါရန် မိမိတို့  ရခိုင်အမျိုးသမီးများအစည်းအရုံးမှ အလေးအနက် တောင်းဆိုတိုက်တွန်းအပ်ပေသည်။


လေးစားစွာဖြင့်

ဗဟိုအလုပ်မှုဆောင်ကော်မီတီ
ရခိုင်အမျိုးသမီးများအစည်းအရုံး
ရခိုင်ပြည်။

ဆက်သွယ်ရန်
ဖုန်း။                            ။ ၀၀၆၆-၈၆၁၈၅၄၆၄၁

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။