Sunday, 10 June 2012


 
အစ္စလာမ်ဘာသာဝင်မူဆလင်လူမျိုးများမှရခိုင်ပြည်သူများအားအကြမ်းဖက်တိုက်ခိုက်နေမှုကြောင့်မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ
ကိုယ်စားလှယ်အဖွဲ၏ သဘောထားထုတ်ပြန်ချက်။ ၂၀၁၂ ခုနှစ်၊ ဇွန်လ (၁၀)ရက်
မြန်မာနိုင်ငံ ရခိုင်ပြည်နေရာတချို့ တွင် လတ်တလောဖြစ်ပွါးနေသည့် အစ္စလာမ်ဘာသာဝင် မူဆလင်လူမျိုးများမှ ရခိုင်ပြည်သူ များအား အကြမ်းဖက်တိုက်ခိုက်နေမှုကြောင့် အခင်းဖြစ်ပွါးရာနေရာရှိ ရခိုင်ပြည်သူပြည်သားများစွာမှာ ထိတ်လန့် စိုးရိမ်ဖွယ်ရာ အသက်ဘေးအန္တရာယ်ဆိုးများနှင့် ကြုံတွေ့နေ အပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်အဖွဲ့မှာ အထူးစိုးရိမ်းပါကြောင်းနှင့် မြန်မာနိုင်ငံအစိုးရ အပါဝင်မြန်မာနိုင်ငံသားက အမိမြန်မာပြည်အတွက် ၀ိုင်းဝန်းကာကွယ်ကြဖို့ တိုတွန်းနိုးဆော်အပ်ပါသည်။
အကြမ်းဖက်တိုက်ခိုက်မှုများမှာ ရပ်တန့်ငြိမ်သက်သွားခြင်းမရှိဘဲ တဖြည်းဖြည်း ကြီးထွားလာနေကြောင်း ကြားသိ နေရသည်။ ယခုအခါ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့ နယ်တ၀ိုက်နှင့် ရမ်း ဗဲမြို့ ပေါ် နေ ရာ()ခုတွင် ဆက်လက်ဖြစ်ပွါးလျှက်ရှိနေရာ ဗုဒ္ဒဘာသာဝင် ရခိုင်များအတွက် များစွာစိုးရိမ်နေရသည့် အခြေအနေ သို့ ရောက်ရှိနေပါသည်။ ရခိုင်ပြည်သူများစွာမှာ အိုးအိမ်များ မီးရှို့ခံရခြင်းနှင့် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခြင်းကို နေရာအနှံ့ ခံနေကြ ရသည်။ ထိုသို့ ဆိုးဝါးလှသော ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ကြရသည့် ရခိုင်ပြည်သူများအတွက် မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်အဖွဲ့မှ များစွာကြေကွဲဝမ်းနည်းရပါသည်။ အကြမ်းဖက်တိုက်ခိုက်မှုများ ရပ်တန့်သွား ခြင်းမရှိပါက ရခိုင်ပြည်သူများမှာ ဘ၀လုံခြုံမှုကင်းမဲ့နေသည့်အခြေအနေများနှင့် ပိုမိုဆိုးဝါးစွာ ဆက်လက်ကြုံတွေ့ နေမည်ကိုလည်း အထူးစိုးရိမ်မိပါသည်။ မည်သည့် ဘာသာတိုင်းတွင်မဆို ဘာသာတရား၏ အဆုံးအမတွင် လူအချင်းချင်း ချစ်ခင်ခြင်းတရားကိုသာ ဟော ပြော၍ လူအချင်းချင်း နှိပ်စက်သတ်ဖြတ်ခြင်းတရားကို ဟောပြောခြင်းမရှိခဲ့ပေ။ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာ နကို ရှေတန်းတင်၍ အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်ကျူးလွန်နေမည်ဆိုပါက ဗုဓ္ဒဘာသာဝင် ရခိုင်ပြည်သူ များနှင့် ရခိုင်ပြည်ရှိ မူဆလင်လူမျိုးများအကြားတွင် အကြမ်းဖက်မှုသံသရာ ရှည်နေအုံးမည်ဖြစ်သည်။ဘက်နှစ် ဖက်လုံးမှ ပြည်သူများအနေဖြင့် အကြမ်းဖက်မှုသံသရာ အဆုံးသတ်ရေးကို ဦးတည်သည့် လုပ်ရပ်များကိုကိုးစား လုပ်ဆောင်ကရပေမည်။
ယခုဖြစ်ပေါ်လာသောကိစ္စသည် အဓိကရုဏ်းဖြစ်ပွါးရန်စေ့ဆော်သည့် မည်သည့်အစွမ်းရောက် ပယောများ ကာင့်ဖြစ်သည်ကို သက်ဆိုင်ရာအာဏာပိုင်များမှ အမှန်တကယ်စုံစမ်းဖေါ်ထုတ်၍ ရခိုင်ပြည်ရှိလူသားများ အေးချမ်းသာယာရေးအတွက် အမြန်ဆုံးလုပ်ဆောင်ပေးပါရန် တိုက်တွန်းအပ်ပါသည်။
ထိုအတူ ရမ်းမဲမို့ ကျောက်နီမော်တွင် မဒိးကျင့်ခံရသည်သာမက ရက်ရက်စက်စက်သတ်ဖြတ်ခံသွားရရှာသော မသီတာထွေးနှင့်ပတ်သက်သည့် တရားခံများကို ဖမ်းဆီးအရေးယူမှုနှင့် မည်သို့ အပြစ်ပေးစီရင်ကောင်းကို ပြည်သူရုပ်မြင်သံကားမှ ထုတ်ဖေါ်ပြသပေးပါရန် မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်အဖွဲ့မှ ထပ်မံတောင်းဆိုပါသည်။
မြန်မာပိုင်နက်နယ်နမိတ်ထဲကို အစုလိုက်အပြုံလိုက် ကျူးကျော်ဝင်ရောက်နေထိုင်ပြီး မြန်မာ့မြေမှာ လက်သီးလက်မောင်းတန်း တုတ်တပြက် ဓားတပြက်နဲ့ မြန်မာတိုင်းရင်းသားတွေကို သတ်ဖြတ်၊နေအိမ်တွေကို မီးရှို့...မြန်မာတိုင်းရင်းသား ရခိုင်အမျိုးသမီးတွေကို မုဒိမ်းကျင့်.....လုပ်ချင်သလိုလုပ်လို့ ရလို့..ရမလား။
ထိုအပြင် မြန်မာနိုင်ငံမှာ အင်မတန် ဆိုးဝါးတဲ့ လူမျိုးရေး ပဋိပက္ခတွေ အစပျိုးခဲ့ပြီ။ သွေးမြေခခဲ့ပြီ။ ဆိုးဆိုးဝါးဝါး သွေးမြေခခဲ့ပြီ။ ဒီ့ထက်ပိုဆိုးဦးမလား သွေးချောင်းစီးတော့မလား ဆိုပြီး ရင်တမမဖြစ်နေရတယ်။ဒီကိစ္စတွေ ဘာကြောင့်ဖြစ်သလဲ။ ဘယ်သူတွေက သွေးထိုးလှုံ့ဆော်နေကြသလဲ။ ဘာ့ကြောင့် သွေးထိုးလှုံ့ဆော်နေသလဲ။ ဘာအကြံ အစည်ရှိသလဲ။ ဘယ်လိုရည်ရွယ်ချက်ရှိသလဲ။ဆိုတာကို မြန်မာနိုင်ငံ အစိုးရအပါဝင် မြန်မာနိုင်ငံသားအားလုံးက ၀ိုင်ဝန်းဖော်ထုတ်ကြရန်။
တဆက်တည်းတွင် ယခုဖြစ်ပေါ်နေသော အဓိကရုဏ်းကောင့် ရခိုင်ပြည်တ၀ှမ်း ဒုက္ခရောက်နေကြသော အပြစ်မဲ့ ပြည်သူများ၏အသက်ရှင်ရေးကို ကူညီပေးကပါရန် သက်ဆိုင်ရာအာဏာပိုင်များနှင့် လူမှုအဖွဲအစည်းများသို့ မေတ္တာရပ်ခံအပ်ပါသည်။
မြန်မာအစိုးရ တာဝန့်ရှိသူများ အနေဖြင့် အသက်အိုးအိမ်ပစ္စည်းများကိုတရားဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက် ပေးပါရန်နှင့် ၄င်းတိုဘ၀ လုံခြုံရေးအတွက် ပြည်ဝသော ကာကွယ်စောင့်ရှောက်မှုပေးပါရန် မိမိတို့  မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်အဖွဲ့မှ အလေးအနက် တောင်းဆိုတိုက်တွန်းအပ်ပေသည်။
ဗဟိုအလုပ်မှုဆောင်ကော်မီတီ
မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်အဖွဲ့ (ABMRC)
မြန်မာနိုင်ငံ ရန်ကုန်မြို့
ဆက်သွယ်ရန် အီမေလ် ...monks.2011@gmail.com


0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။