Tuesday 26 August 2014

ရိုးရှင်တဲ့လူတစ်ယောက်ဖြစ်ဖို့ လူငယ်တွေကို လောကအကြောင်းအသိစေချင်တဲ့ ရွှေည၀ါဆရာတော်ကြီး....


ရိုးရှင်တဲ့လူတစ်ယောက်ဖြစ်ဖို့ လူငယ်တွေကို လောကအကြောင်းအသိစေချင်တဲ့ ရွှေည၀ါဆရာတော်ကြီး....

ရိုးရှင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ လူငယ်တွေကို လောကအကြောင်းအသိစေချင်တဲ့ ရွှေည၀ါဆရာတော်ဘုရားကြီးက အပြောင်းအလွှဲကာလမှာ လူငယ်တွေကို ခေတ်ကြီးကို မျက်လုံးဖွင့်ကြည့်ဖို့ လောကကြီးကို ခရီးထွက်ပြီး လူငယ်တွေနဲ့စကားပြောရတာ အကြိုက်ဆုံးပဲဆိုလာပါတယ်...

မိမိတာဝန်းကတော့ ရောက်လာသမျှဧည့်သယ်တွေကို ဧည့်ဝတ်ကျေးဖို့အတွက် ထူးခြားသော နေရာများ အမှတ်တရရှိစေမယ့်နေရာများကို လိုက်ပို့ပေးသော အလုပ်သာဖြစ်ပါတယ်..ဆရာတော်က လူငယ်တွေအကြောင်းပြောလာတော့ အလုပ်ကိစ္စနဲ့မဆိုင်တဲ့ ကိစ္စက ဖြစ်နေတော့ အဖြေးပေးဖို့ အတော့ အခက်ခဲ့ပါတယ်။ဒီတော့ ဆရာတော်ကြီးသိချင်တဲ့ လူငယ်တွေရှိမယ်နေရာ တွေကိုပြန်ပြီး လေ့လာရပါတယ် ...အထူးသဖြင့်တော့ စာကြည့်တိုက်တွေ ကျောင်းစာသင်ခန်းတွေပေါ့ ....ယခုအချိန်က မိမိတို့ကျောင်းတွေ ပြန်ဖွင့်တဲ့ အချိန်ဆိုတော့ ကျောင်းသားတွေအများစု ဖြစ်တဲ့ နေရာဒေသတွေကို ပို့ပေးဖြစ်ပါတယ်...

နော်ဝေနိုင်ငံက ကျောင်းတွေက မိမိအာရှနိုင်ငံတွေကလို့အခန်းလုံးပြည့်မရှိပါဘူး အလွန်ဆုံးရှိ ကျောင်းသား၁၅ယောက်သာ ရှိပါတယ်...ကျောင်းတွေက အာရှကကျောင်းတွေထက် အဆပေါင်းများစွာကြီးနေသေပါတယ်...ဆရာတော်ကြီးကတော့ ကျောင်းတွေ စာကြည်တိုက်တွေ၊လူငယ်အားကစားခန်းမတွေ၊ကပွဲရုံတွေကြည့်ပြီး မြန်မာပြည်က လူငယ်တွေကို ဒီလိုစာသင်ခန်းတွေမှာ ပညာသင်ကြားပေးလိုက်ရင် ခေတ်ကို လူငယ်တွေကြောက်စရာမလို့ဘူးကွာ.....အခုတော့ ကြည့်လိုက်ရင် ဒီက နွားတင်ကုတ်သာသာရှိတဲ့တို့ နိုင်ငံက ကျောင်းတွေနဲ့ကွာလိုက်တာ...ကျောင်းတိုင်က စာကြည့်တိုက်တွေကို ကြည်ပြီး မျက်ရည်ဝဲမိပါတယ်..ဆိုလာသူကလည်ရှိပါသေတယ်...ကျောင်းစာကြည့်တိုက်တွေမှာ အေးဆေးလွတ်လပ်စွာ စာထိုင်းဖတ်နေကြတဲ့ ကလေးတွေ၊ကလေးကစားစရာတွေနဲ့ပျော်နေကြတဲ့ ကလေးတွေအစုံပါပဲ...

မိမိကလည် အချိန်လေးရတုန်း အခွင့်ကြုံတုန်း ဆရာတော်ကိုလျှောက်မိတာကတော့ စာကြည့်တိုက်အသစ်တွေ ဘယ်လောက်ဖွင့်ဖွင့် စာအုပ်ကောင်းတွေ အများကြီးထွက်လာပေမယ်... စာ ဖတ် တဲ့ ဦးရေက စာအုပ် ထွက်ရှိမှု ရဲ့၃ ချိုး ၁ ချိုးတောင် မရှိဘူး ဖြစ်နေပါတယ်ဘုရား.. ခုခေတ်ကလေး တွေ စာများများ ဖတ်သင့်တယ် လို့ မိမိထင်ပါတယ်လျှောက်ပြီး .....
စာဖတ်သူများအောင် ဆရာတော်ကြီးလည်း တိုက်တွန်းပေးပါဘုရား အဲဒါမှာ သူတို့ကိုယ်တိုင် အသိပညာတိုးဖို့ရော..... တိုင်းပြည် တိုးတက်ဖို့ တစ်ဖက် တစ်လမ်းက နေ ကူညီ နိုင်ဖို့ အတွက် ဆို အသိပညာ တိုးပွားစေတဲ့ စာများများ ဖတ်ဖို့ လိုအပ်တယ်ဆိုတာ သိမှာပါဘုရား....

တပည့်တော်တို့နိုင်ငံက ဟိုလ်လူကြီးတွေကြောင်း လူငယ်တွေ အသိပညာ ဥာဏ်တွေ ဆင်ရဲသလို့ စီးပွားရေး မကောင်းတော့ လူငယ်တွေ စာဖတ်တာနည်းနေသေတယ်ဘုရား..ပွင့်လင်းလာတဲ့ ခေတ်မှာ လူငယ်တွေလည် လုပ်နေကြပင်မယ့် လောက ဗဟုသုတနည်းနေသေတာ မှန်ပါတယ်...ဆရာတော်ကြီးလို ဆရာတော်တွေက လူငယ်တွေကို မေးခွန်းတွေ မေးခွင့်ပြုပေးပါဘုရား ဒါမှာသာ လူငယ်တွေ စဉ်စားတက်လာမှာပါဘုရား...တပည့်တော်တို့နိုင်ငံက လူငယ်တွေက ဥာဏ်ကောင်းကြပါတယ်.. အာဏာရှင်စနစ်ကြောင့် လူငယ်တွေ စာဖတ်အားကျတယ်ဆိုရမှာပါပဲဘုရား...

တပည့်တော်တို့ ဘလော့ဂ်ကို စသုံးတဲ့ အချိန် က အင်တာနက်ကလည်းကောင်း အွန်လိုင်းပေါ်မှာလည်း တကယ် အရေး အသားကောင်းတဲ့ စာရေးစာရာများ ၊ဗဟုသုတ များ ကိုယ် မသိသေးတာကို အွန်လိုင်းပေါ်ကနေ ဖတ်ခွင့်ကို အများကြီး ရခဲ့ပါတယ်။

အလိမ်မာ စာမှာ ရှိဆိုတဲ့ အတိုင်း စာပေချစ်မြတ်နိုးတဲ့ လူက လိမ်မာ ယဉ်ကျေးပီး လူ့ အသိုင်းအ၀ိုင်းမှ သိပ် အမြင့်အမားကြီး မဟုတ်တောင် သူ့ နေရာနဲ့ သူ နေရာ ၁ ခုကို ရပ်တည် နိုင်မယ် လို့ တပည့်တော်ကတော့ ယုံကြည်မိပါတယ်...

ဟိုးအရင်ခေတ်ကတော့ စာအုပ် ဖတ်ချင်ရင်.... စာအုပ်အငှားဆိုင်၊ စာကြည့်တိုက် စတဲ့ နေရာတွေ မှာ စာသွားဖတ်ရပါတယ်. ခုခေတ်ကတော့ တိုးတက်နေတဲ့ ခေတ်ဆိုတော့ အွန်လိုင်းကနေပီး စာအုပ်တွေကို ကြိုက်သလိုဖတ်လို့ရပါတယ်..

ဘလော့ဂ်ပေါ်က စာတွေကို လည်း ဖတ်လို့ ရသလို စာအုပ် တွေကိုဒေါင်းလုပ် လုပ်ပီး ဖတ်လို့ရနေတဲ့ ခေတ် ဆိုတော့ စာအုပ်ဆိုင်တွေ တပည့်တော်တို့လို စာကြည့်တိုက်တွေ မှာ လူနည်း ပီး စာဖတ်တဲ့ သူ အန်မတန် နည်းပါးသွားပါတယ်

အင်တာနက်ကလည်း နေရာ တကာ ရ နေတာဆိုတော့ ဖုန်း က နေ တဆင့် ဖတ် လို့ ရတယ် ဆိုပမယ့် မြန်မာပြည် က အင်တာနက်လိုင်းနှေးတာရယ် ခု Social Network တွေ က အရမ်းခေတ်စားနေတော့ စာအုပ် ဘက်ကို ကြိုးစားဖတ်သူတွေကို အတွေ့ရ တကယ်နည်းပါတယ်...

ဒါက ကောင်းတဲ့ အလားအလာတော့ မဟုတ်ပါဘူး အွန်လိုင်း က သုံးတတ်ရင် တကယ် အကျိုး ရှိသလို မသုံးတတ်ရင်လည်း ဘေးထွက် ဆိုးကျိုးတွေ အများကြီး ရလာပါတယ်.... အင်တာနက်ကနေ မကောင်းတာကို အတုခိုးမြန်တဲ့ကလေးတွေ လည်း အများ ကြီး ပတ်ဝန်းကျင်မှာ တွေ့နေရပါတယ်..

ဆရာတော်ဘုရားကလည်း တိုက်တွန်းပေးပါအုံးဘုရား လျှောက်တော့ ဆရာတော်ကြီးက မိမိကိုယ်ပြုံးပြီး မိန့်တာကတော့ “ကိုယ်ကျင့်တရားဆိုတာ လူတို့၏ခြေထောက်သာဖြစ်ကြောင်း၊ ဘယ်ဘ၀၊ ဘယ်အနေအထား ဘယ်ပန်းတိုင် ဘာနဲ့သွားမလည်းဆိုရင် အကျင့်နဲ့ သွားရပါမည်။ ကိုယ်ကျင့်တရားနှင့်ပြည့်စုံလျှင် ခရီးလမ်းမှန်ကို ဖြောင့်ဖြောင့် သွားနိုင်ပြီး ကိုယ်ကျင့်တရားကုန်သောရင် ဘယ်လမ်းမှ သွားလို့မရပဲ…လမ်းခုလတ် အကုန်ရပ်ပါသည်။” ဟု မိမိကိုယ်ကျင့်တရားကို ထိန်းသိမ်းရပါမည်။
ဆရာတော်ကြီးက မောင်ထာဝရရေး သို့သော် အဲဒီလမ်းကိုလျှောက်သောလမ်းမှာ ခြေထောက်နှစ်ဘက် ကောင်းသော်လည်း မျက်လုံးမပါသောလမ်း (အကန်းလမ်းလျှောက်သလို) လမ်းမှား မလျှောက်ရအောင်. ခြေထောက်လည်း စုံအောင် မျက်လုံးလည်း ကောင်းဖို့ လိုတယ်ကွ။ လူဘ၀အတွက် မရှိမဖြစ်ဟာ ခြေထောက်နှစ်ခု(အကျင့်သီလ) နှင့် မျက်စိနှလုံး(ပညာ) ဖြစ်ပါကြောင်း သီလနှင့်ပညာ အပြန်အလှန်မေးပြီး အချင်းချင်း တောက်ပြောင်အောင် ဘ၀ကိုမြှင့်တင်ဖို့လိုပါသည်။ ဘ၀ရဲ့ အရင်းအနှီးဟာ သီလနှင့် ပညာ နှစ်ခုသာဖြစ်ပါကြောင်းကိုလည်း ထည့်သွင်းပြောခဲ့ပါသည်။

မြတ်ဗုဒ္ဓဘာသာ ရဲ့ အဆုံးအမခံယူပြီး လိုက်နာကျင့်သုံးနေသော ဗုဒ္ဓဘာသာလူငယ်များ အတွက် မှတ်သားစရာ အချက်များကိုလည်း ဗုဒ္ဓဘာသာဆိုတဲ့ စကား၊ အင်္ဂါရပ်များနှင့် ညီညွတ်အောင်… လိုအပ်တဲ့ အချက် များကိုသိအောင် လည်း တရားတော်များတွင် ထည့်သွင်းဟောကြားတော် မူခဲ့ပါသည်မှာ တပည့်တော် တို့အတွက် အလွန် တန်ဖိုးရှိလှပါသည်။
တုနှိုင်းမရသော ဆရာတော်ကြီး၏ သီလ၊ သမာဓိ၊ ပညာဂုဏ်နှင့် သာသာနာအပေါ်တွင် ထားသည့် မေတ္တာ၊ စေတနာတို့အား တပည့်တော် ဒီစာမူဖြင့် ရေးသားပူဇော်ပါတယ်ဘုရား။ ဆရာတော်ကြီး ကျန်းမာချမ်းသာစွာဖြင့် သာသနာ့ပြုလုပ်ငန်းများနှင့် တပည့်တော်တို့အား တရားဓမ္မများကို ဆက်လက်ပေး စွမ်းနိုင်ပါစေလို့ ဆုတောင်း ပူဇော်ကန်တော့ပါတယ် ဘုရား ။

ဆက်လက်ဖော်ပြဦးမည်........
စက်တင်ဘာထာဝရ.....

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။