Tuesday 26 August 2014

တိရစ္ဆာန်ဆန်နေတဲ့ နေရာကနေ လူဆန်လာအောင် လုပ်စေချင်တဲ့ ရွှေည၀ါဆရာတော်ကြီး၏ တရားတော်မှာ ကောက်နှုပ်ချက်......

တိရစ္ဆာန်ဆန်နေတဲ့ နေရာကနေ လူဆန်လာအောင် လုပ်စေချင်တဲ့ ရွှေည၀ါဆရာတော်ကြီး၏ တရားတော်မှာ ကောက်နှုပ်ချက်......

ရွှေည၀ါဆရာတော်ကြီးက မောင်ထာဝရရေး နော်ဝေနိုင်ငံကတော့ ဘယ်အချိန်ကြည့်ကြည့် အေးချမ်းနေတာပဲကွာ...ဒီကခွေးတွေကြည်လိုက်ရင်လည် ရန်ဖြစ်နေတယ် မရှိဘူး ..အဲဒါပဲကွ အစားဝရင် ခွေးတွေတောင်ရန်မဖြစ်ကြဘူး.. ငါ့ထိုင်နိုင်ငံရောက်တော့ လမ်းသွားရင် ခွေးအများကြီးမွေးထားတဲ့ နေရာတစ်ခုအရှေ့ရောက်တယ်..ကားဆရာကို ရပ်ခိုင်ပြီး အသင်ပါလာတဲ့ ပေါင်းမုန့်ကို ခွေးအုပ်ထဲ နှစ်ပိုင်းချိုပြီး ပြစ်ပေးလိုက်တာ ဘယ်ခွေးကမှာ မကြည့်ဘူးထွက်သွားကြတယ် ..ငါ့ကွာ စိတ်မကောင်းဖြစ်လိုက်တာ... ငါနိုင်ငံမှာဆိုရင် ရွှေည၀ါဓမ္မသင်တန်းကြီးလုပ်တဲ့ အချိန်မှာ ဆွမ်းခံကြွလို့ရတဲ့ အစားအသောက်တွေကို လှိုင်သာယာဘတ်မှာ ကျောင်းကသံဃာတွေနဲ့ ငါ့ကပ္ပိယတွေ သွားလှူကြတာ လူတွေများတိုးတိုက်ကြပြီး အလုယက်ယူကြတာ ငါ့မှာ ရန်မဖြစ်ကြဖို့ ကျောင်းက ကပ္ပိယတွေကျောင်းသားတွေကို တန်းစီးကြဖို့ ဒုတ်တချောင်းကိုင်ပြီး လုပ်ရတယ် ... ဒီကခွေးတွေကတော့ ငါ့ပြစ်ကြွေးလိုက်တဲ့ ပေါင်းမုန့် အကောင်းစားကို လည်တောင်မကြည့်ပဲ ထွက်သွားလိုက်ကြတာကွာ ငါ့ဖြင့် စိတ်ကို မကောင်းလိုက်တာ ..

မှန်းပါဘုရား တပည့်တော်တို့ နေတဲ့ နော်ဝေနိုင်ငံမှာ ခွေးတွေက လူတွေထက် အခွင့်အရေးရှိကြတယ်ဘုရား ဒီနေရာလေးက ခွေးတွေပါဝင် တရိစ္ဆာန်တွေတည်းခိုးကြတဲ့ တည်းခိုးခန်းပါဘုရား.. တစ်ချို့ နိုင်ငံကလူတွေကပြောကြတယ်ဘုရား ကလေးတစ်ကောင်းမွေးတာထက် ခွေးတစ်ယောက်မွေးတာက ပို၍ဈေးကြီးပါတယ်ဘုရား ဒီနိုင်ငံမှာ..နွေးရာသီးအလုပ်နားရက် ခရီးထွက်ကြတဲ့ သူတွေက သူတို့အိမ်တွေမှာ မွေးထားကြတဲ့ တရိစ္ဆာန်တွေကို တရိစ္ဆာန်တည်းခိုးခန်းထားခဲ့ကြပါတယ်။ဒီနေ့ရာ ၀န်းထမ်းတွေက အစားစာ တရိစ္ဆာန်ကျန်းမာရေးစသည့်ဖြင့် တာဝန်ယူပြီး လုပ်ကြပါတယ်....ဈေးနှုန်းကတော အမျို အမျိုးရှိပါတယ်...

ငါ့တို့နိုင်ငံမှာ ဖြစ်လိုက်ကြတဲ့ ရန်ပွဲတွေ အစိုးက ပြည်သူကို ၀အောင်မကြွေးနိုင်တော့ လူတွေက အစိုးရနဲ့ရန်ဖြစ်..ပညာတက်အချင်ချင်ရန်ဖြစ်...အစိုးရနဲ့လယ်သမားတွေရန်ဖြစ်...နိုင်ငံရေးသမားအချင်ချင်ရန်ဖြစ်....ပါတီအချင်ချင်ရန်ဖြစ်...လူမျိုးအချင်ချင်ရန်ဖြစ်...အဲဒီတော့ ငါ့တို့နိုင်ငံကို တရုတ် ကုလားက စိစိညက်အာင် လုပ်ဖြစ်နဲ့ဒီအကြားထဲ ဘုန်းကြီးပါးမ၀ကြတဲ့ သူတွေကလည် ပြောသင်မပြောသင်မစဉ်စားကြ ၂၀၁၅ကြရင် ခင်ဗျားတို့ မဲ့မရစေရဘူး...ပြောကြနဲ့ တို့များတိုင်းပြည်မှာ ဖြစ်လိုက်တဲ့ ရန်ပွဲတွေများတော့ ပြည်သူတွေ ထမင်းမ၀တာလည်မပြောကြနဲ့ကွာ.အခုပြည်ပရောက်တဲ့ အခါ လူကိုလူလို့ကြည်တဲ့ သူတွေများတော့ စိတ်ချမ်းသာတယ် အကောင်းစားတွေ စားရတဲ့အခါ ငါ့တိုင်းပြည်က ပြည်သူတွေကို စားစေချင်တယ်..အဲဒါကြောင့် ရန်ဖြစ်တာတွေရပ်ပြီး ပြည်သူတွေ အကျိုးရှိစေမယ် အရာတွေလုပ်ကြဖို့ အစိုးရမင်းတွေကို တိုက်တွန်းပါတယ်....

ဒီလိုတော့ထပ်ပြောရမယ်ထင်တယ်ကွာ တို့နိုင်ငံက အစိုးရဆိုတဲ့ လူကြီးတွေကို ဒေါသက ဘာလဲ ဆိုရင် ဗမာစကားလည်း ရှိပါတယ် ကရုဏာဒေါသော - ဒေါသတော့ ဒေါသ၊ ကရုဏာတွေလည်း ရှိပါတယ်။ ကရုဏာတွေ ဆိုတာ ခံရတဲ့လူတွေအတွက်လည်း ကရုဏာဖြစ်တယ်။ နှိပ်စက်ညှဉ်းပန်းတဲ့ လူတွေအတွက်လည်း ဘာပဲ ပြောပြော ကရုဏာဖြစ်တယ်။ အဲဒီလူတွေဟာ တိရစ္ဆာန် မဆန်တဲ့ အပြုအမှုတွေကို ပြုမှုလောက်အောင် ဖြစ်နေရတဲ့ဟာက ဒီစစ်အာဏာရှင်တွေက ခိုင်းတိုင်း လုပ်နေရလို့။ ခိုင်းတိုင်း လုပ်နေကာ လူစိတ်ကိုပျောက် လူမဆန် လုပ်နေတဲ့ဟာကြောင့် အဲဒီ ဒေါသက ကရုဏာဒေါသောလို့သာ ပြောချင်ပါတယ်။ သူတို့ကို ပြင်စေချင်တဲ့ ဆန္ဒနဲ့ သူတို့ဟာ နည်းနည်းလေး တိရစ္ဆာန်ဆန်နေတဲ့ နေရာကနေ လူဆန်လာအောင် လုပ်စေချင်တဲ့ ကရုဏာနဲ့ ဖြစ်စေချင်တဲ့ ဒေါသလို့ ပြောချင်ပါတယ်။

လမ်းလာရင် မောင်ကုသသသာမိကပြောသေတယ် ဆရာတော် ဒီကလူတွေကြည့်ရတာ အပြုံးနေတာပဲဘုရား စိတ်ချမ်းသာလိုက်တာတဲ့ ပြုံးနေမှာပေါ့ကွာ ဒီအစိုးရက ပြည်သူကို ထမင်းဝအောင်ကြွေးထားတော့ ပြုံးနေတာ ဘာစမ်းလည်ကွ....

အဲဒါပဲမောင်ထာဝရရေး ဘယ်နေ့ရာပဲဖြစ်ဖြစ် ထမင်းဝရင် ရန်မဖြစ်ကြဘူး၊တို့နိုင်ငံများ ဖြစ်လိုက်ကြတဲ့ ရန်ပွဲတွေနေ့တိုင်းပဲကွာ ...ငါ့ကတော့ ရောက်တဲ့နေ့ရာ ရောက်တဲ့ဒေသက တို့တိုင်းသူပြည်သူသားတွေကို တိုးတက်စေမယ့် အတွေးအမြင်တွေကျ.ယ်စေဖို့ အခုလို အမေရိကား အပါဝင် ဥရောပသာသနာပြု ကိစ္စတွေ ဆောင်ရွက်နေတာ ငါတိုင်းပြည်ပြန်ရောက်သွား အခါ နေရာစုံတရားဟောသွားရင် အခုလေ့လာလိုရတဲ့ ဗဟုသုတတွေကို ပြည်တွင်းက မျက်စီပိတ် နားတွေပိတ်ခံထားရတဲ့ လူငယ်တွေ ဒကာ ဒကာမတွေကို ဘယ်နိုင်ငံက ဘယ်လိုရှိတယ် စသည့်ဖြင့် ပြောပြ ဗဟုသုတတွေမျှဝေးရင် တိုင်းပြည်အတွက် အရေးကြီးတဲ့ အချိန်ရောက်လာရင် ၀မ်းစာပြည့်ဖို့ ငါ့တို့ပြင်ဆင်ကြရမယ် ရန်ဖြစ်နေလိုမပြီးဘူး.။။

ဒီနေ့ကမ္ဘာကြီးကို ခရီးထွက်တဲ့ အခါ ငါ့တို့အတွက် မကုန်နိုင်တဲ့ ၀မ်းစာတွေ အိမ်စာတွေအများကြီးရလိုက်တာပါပဲ...ဒီနေ့လူငယ်တွေကိုကြည်လိုက်ရင် ပြုပြင်ပြောင်လွှဲရေးကာလမှာ ကိုယ်နဲ့မဆိုင်သလိုနေကြတယ်ကွာ....

ဆက်လက်ဖော်ပြပါမည်.....
စက်တင်ဘာထာဝရ

အမှားပါခဲ့ရင် ပြင်ဖတ်ပေးပါ...ဆရာရေးဆရာမဟုတ်ပါ ၀ါသနာအရ ရေးသားချင်ဖြစ်ပါတယ်.............

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။