Tuesday 26 August 2014

ရွှေည၀ါဆရာတော်ပြောတဲ့ တောက်တက်အကြောင်း။

ရွှေည၀ါဆရာတော်ပြောတဲ့ တောက်တက်အကြောင်း။

လွတ်လပ်သောလူအဖွဲ့စည်းဆိုတဲ့အတိုင်း လွတ်လပ်တဲ့ အခွင့်အရေးတွေပိုင်းဆိုင်ကြတဲ့ နော်ဝေနိုင်ငံကိုရောက်လာကြတဲ့ ဆရာတော် သံဃာတော်တွေနဲ့တွေ့ရတဲ့ အခါ မိမိတို့မွေးရပ်မြေက အကြောင်းအရာပေါင်းစုံကို ပြောဆိုဆွေးနွေးကြ၊ မြန်မာလူုအဖွဲ့စည်းရဲ့ ညီညွတ်မူမရှိဘူးဆိုတဲ့ အသံကတော့ အမြဲတမ်းကြားနေရတာပါပဲ။မြတ်စွာဘုရားကတော့ ညီညွတ်ရင်ချမ်းသာမယ် မညီညွတ်ရင် ဆင်ရဲမယ်ဆိုတဲ့ စကားရပ်က မြန်မာလူအဖွဲ့စည်းအတွက် မဖြစ်မနေအရေးပါသော ကိစ္စရပ်ဖြစ်နေပါတယ်။
ရွှေည၀ါဆရာတော်ကြီးကတော့ မောင်ထာဝရရေး မင်းတို့မြို့မှာကော် ညီညွတ်ကြရဲ့လား မေးလာတော့ ဦးဇင်းကတော့ ပြုံးနေမိပါတယ်။
ဒီနေ့ဆရာတော်ကြီးနဲ့တွေ့ရတော့ ဆရာတော်ကြီးရဲ့ တိုင်းပြည်နဲ့ပြည်သူအပေါ်ထားတဲ့ စေတနာဟာ အနိုင်ယှဉ် သံသယဖြစ်စရာမရှိပါဘူး။ပြည်ပရောက် ဒကာ ဒကာမတွေကို မြန်မာပြည်က အဖြစ်အပြက်တွေကို ရှင်ပြီး ပြည်ပက ပြုံးပြီးနေနိုင်တဲ့ဒကာဒကာမတွေကိုကြည်ပြီးမြန်မာပြည်ကအမောတွေပြေပျောက်ရတယ်လိုဆိုပါတယ်။ဆရာတော်င်္ကြီးရဲ့ပင်ပန်းမှုတွေကိုကြည့်ပြီး..မိမိကတော့ စိတ်မသက်မသာဖြစ်ရပါတယ်။

နေ့စဉ်နဲ့အမျှ အလုပ်တွေအများပြားလှတဲ့ အကြားက ဥရောပသာသနာပြုကိစ္စတွေအပြင် ပြည်တွင်းပြည်ပ ကိစ္စတွေကလည် နေစဉ်နဲ့အမျှ များပြားနေတာကိုကြည့်ပြီး မိမိတို့အတွက် စံယူစရာတွေများပါတယ်။

မိမိ အတွက်တော့ ဆရာသမားတွေပြည်ပကြွလာရင် အသိပညာ ဗဟုသုတတွေအများကြီးရလို့ ဆရာသမားမိဘတွေရဲ့ကျေးဇူးကို ပို၍ သတိရမိပါတယ်။လူအများစုကတော့ ပြည်ပရောက်ဆရာတော်ကြီးတွေကို တံဆိပ်မျိုးမျိုးကပ်ကြပါတယ် ။အများပြားလှတဲ့ တံဆိပ်တွေထဲက အဓိကကျတဲ့ နှစ်ချက်ကတော့ နိုင်ငံရေးဘုန်းကြီး အစိုးရနဲ့အစဉ်ပြေအောင်ပေါင်းတဲ့ အခွင့်ရေးသမားဘုန်းကြီးတွေလို မြင်လာကြပါတယ်။

မိမိတို့ဘုန်းကြီးတွေဟာ ခေတ်ဆက်ဆက်မှာ အသုံးချခံ သက်သက်သာဖြစ်နေခဲ့တာ အမှန်းပါပဲ။ဘာအခွင့်အရေး ညှာအခွင့်အရေးစသည့်ဖြင့်လည် ပြောတက်ကြသေလိုဆိုကြပြန်ပါတယ်။ပြည်ပရောက်အများစုက အကြောင်းအမျိုးမျိုးနဲ့ပါ.သို့သော် ထိုအထဲမှာ အများစုကတော့ ကျောင်းသား၊နိုင်ငံရေးသမား၊သူပုန်းစသည့်ဖြင့်ပါဝင်ကြပါတယ်။ဒါပင်မဲ့ အများစုကတော့ နိုင်ငံရေး ခိုးလုံးခွင့်နဲ့ နေထိုင်ကြပါတယ်။ပစပ်ကသာ နိုင်ငံရေးသမား တစ်ကယ်တန်းကြတော့ အမည့်ခံတွေက အများပါတယ်။ဆရာတော်ကြီးဟောကြားတဲ့ တရားထဲမှာ ဘာမှန်းမသိတဲ့ နိုင်ငံရေးသမားက အများစုဆိုတာပါပဲ...။။

ဆရာတော်ကြီးပြောတဲ့ အထဲမှာ တစ်ခုမှတ်မိနေတာကတော့ မောင်ထာဝရရေး ငါ့တို့မြန်မာပြည်မှာ တောက်တက်ဆိုတဲ့ သတ္တာဝါတွေလည် မျိုးတုံးပျောက်ကွယ်နေပြီးကွတဲ့
ဆက်လက်ဖော်ပြပါမည်.....
စက်တင်ဘာထာဝရ

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။