Wednesday 27 August 2014

ရွှေည၀ါဆရာတော်ကြီးနှင့်စကားပြောရင် စာပေးကပေးသော အတွေးများ..........

ရွှေည၀ါဆရာတော်ကြီးနှင့်စကားပြောရင် စာပေးကပေးသော အတွေးများ..........

သင့်ကိုယ်သင်ဆင်းရဲနေပြီလို့ ထင်နေပြီလား

တကယ်လို့ သင့်ရေခဲသေတ္တာထဲမှာ စားစရာတွေကလဲ အဆင်သင့်၊၀တ်စရာ အ၀တ်အထည်တွေကလဲ အဆင်သင့်၊ပြန်ပြီး အိပ်စရာ အိမ်ကလဲအဆင်သင့် ရှိနေတယ်ဆိုရင်
င်ဟာ ကမ္ဘာ့လူဦးရေ ၇၅ ရာခိုင်နှုန်းထက်ချမ်းသာ ပါတယ်။ကမ္ဘာ့လူဦးရေ ၇၅ ရာခိုင်နှုန်းဟာ သင့်လောက် မချမ်းသာလို့ပါ။

တကယ်လို့ သင့်ပိုက်ဆံအိတ်ထဲမှာ ငွေအချို့ရှိတယ်။ရှိတဲ့ငွေနဲ့ သင်သွားလိုရာသွားနိုင်တယ်ဆိုရင် သင်ဟာ ၁၈ ရာခိုင်နှုန်းသော ကမ္ဘာ့လူချမ်းသာတွေထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်နေပါပြီ။

သင်ဒီနေ့ နေမကောင်းမဖြစ်ပဲ ကျန်းကျန်းမာမာ အသက်ရှင်နေတယ်ဆိုရင် သင်ဟာ လူတစ်သန်းထက်ပိုကံကောင်းပါတယ်။ကမ္ဘာပေါ်မှာ တစ်ပတ်လျှင်လူတစ်သန်းလောက် ရောဂါတွေကြောင့်သေဆုံးနေရပါတယ်။

တကယ်လို့ သင်ဒီစာကိုဖတ်ပြီး၊စာကိုနားလည်တယ်ဆိုရင် သင်ကလူသန်းသုံးထောင်ထက်ပိုပြီး ကံကောင်းပါတယ်။ကမ္ဘာပေါ်က လူသန်းသုံးထောင်လောက်က မျက်စိမမြင်နိုင်၊စာမဖတ်နိုင်၊စိတ်ဝေဒနာ ခံစားနေရပါတယ်တဲ့။

တကယ်တော့ ဘ၀ဆိုတာ နာကျင်မှုတွေကို ညည်းညူနေရုံမျှမဟုတ်ပါဘူး။
တကယ်တော့ နေတတ်ရင်ကျေနပ်စရာပါပဲဗျာ။

မိမိဘ၀ကို အတွေးများစွာပေးခဲ့ပါတယ်.မိမိလိုပဲ တစ်ခြားသောသူတွေလည် ဒီလို စာကောင်းပေးကောင်းလေးတွေရှိခဲ့မယ် ဆိုရင် အများအကျိုး အတွက် ကိုယ်အကျိုးတွေလည်စွန့်ဖို့ အရေးကြီးပါတယ်...ဒီလို့စာတွေကို FBအပေါ်တင်ထားတဲ့ သူကို အထူးကျေးဇူးတင်ပါတယ်....

မိမိတို့နိုင်ငံက လူငယ်များကတော့ ဘယ်လိုအခြေနေ ဘယ်လိုအခက်ခဲ့တွေ ရင်ဆိုင်ရပါစေ။ဘ၀ကို အကောင်းဆုံးနှင့်အပြီပြင်ဆုံဆောင်ရွက်ကြတာပါပဲ..အကြမ်းခံနိုင်တယ် ..လုပ်စရာရှိတာကို လုပ်ဆောင်တဲ့ နေရာမှာ နှစ်ခါမခိုင်ရဘူး။သူတို့ကို သင်ပြလမ်းညွန့်လိုက်တာနဲ့ ချက်ချင်လုပ်တက်တဲ့ ဖြတ်ထိုးဥာဏ်ဥနှောက်တွေလည်ရှိကြပါတယ်.။နေရာဒေသအလုပ်နာမည်ကောင်းနဲ့နာမည်ဆိုးကျော်ကြားတဲ့ နေရာမှာလည်နှစ်ယောက်မရှိ ပြိုင်ဘတ်ကင်းပါတယ်။တစ်ခါတစ်လေ့ အရွက်တိုက်ပြီးဆိုရင်တော့ ဘယ်လို့မှာ တားမရစီးမရပါပဲ။လူငယ်ဆိုတော့ ပေါက်ကွဲစရာရှိရင်လည် ပေါက်ကွဲပြစ်လိုက်တာပါပဲ။

မိမိကိုယ်တိုင်းက လူငယ်ဆိုတော့ အပြောကအစ စကားအသုံးအနူန်း မပြေပြစ်တာများပါတယ်.ကိုကိုယ်တော့ စကားပြောကောင်းသူ စကားပြေပြစ်သူလို ထင်ပင်မယ် တစ်ခြားသူနဲ့တွေ့ရင် မိမိပြောတဲ့ စကားက တစ်ဖတ်သူအတွက် နားမ၀ံသာဖြစ်စေပါတယ်။သူငယ်ချင်းတွေကတော့ မိမိကိုနားလယ်ပေးပင်မယ့် တစ်ခြား တစ်စိမ်းတွေ့ကတော့ နားလယ်ပေးဖို့ အတော့ ခက်ခဲ့တဲ့ အနေထားပါပဲ...။နေရာတစ်ခါ ပွင့်လင်းတာ ကောင်းပင်မဲ့ တစ်ချို့နေရာများကြတော့ ကန့်လန့်တိုက်သလို့ဖြစ်သွားတက်ပါတယ်။

လူငယ်ဆိုတဲ့ ဂုဏ်ဟာ အများစုဖြစ်လို မိမိတစ်ယောက်ထဲ အတွက်မဟုတ်ဘူးလို့နားလယ်ပါတယ်။ကိုကိုယ်တိုင်းပြုလိုက်တဲ့ ကိစ္စတစ်ခုဟာ တစ်ခြားလူငယ်တွေကို ထိခိုက်ခံရနိုင်ပါတယ်.အထင်သေချင်တဲ့ လူတွေက လူငယ်တွေကို အပြစ်တင်ကြ၊အပြစ်ဖို့ကြ၊သံသရာလည်မယ့်ကိစ္စမျိုးဖြစ်လို့ မိမိအပါဝင်လူုငယ်တွေစဉ်စားကြဖို့ အရေးကြီးပါတယ်။တစ်ခါတစ်လေ့ကိုယ်နဲ့မဆိုင်ဘူးဆိုပြီးနေလိုက်မယ်ဆိုရင် တာဝန့်မဲ့ရာကျပါတယ်။လောကမှာ ဖြစ်သလိုနေလိုရပါတယ်...သို့သော် အဲဒီဖြစ်သလို့နေလိုက်လို့ ဆုံးရှုံးရမယ် အရာတွေက အများကြီးပါပဲ။

တစ်နေ့က ကျောင်းနေဘတ်သူငယ်ချင်း တစ်ယောက်နဲ့ပြန်ဆုံတော့ သူကိုမေးကြည့်ပါတယ်။ဘာတွေလုပ်နေလည် စသည့်ဖြင့် ကလေးဘ၀တုန်းက သူကစာဖတ်အားကောင်းသူ ကိုယ်ကတော့ စာဖတ်တာဝါသနာမပါသူ။ကျောင်းတက်ရင် အလုပ်လုပ်ကျတော့ တစ်ယောက်တစ်နေရာ ရောက်ကြ ဘ၀မျိုးစုံ ဖြတ်သန်းကြရင် ပြည်ပရောက် လုပ်ငန်းခွင်ထဲမှာ ကိုယ်အလုပ်နဲ့ကိုယ်ဖြစ်နေကြတော့ စကားလည်မပြောပြစ် အကြောင်းတိုက်ဆိုင်လို့တွေ့ကြတော့ ရှေ့ဟောင်းနောက်ဖြစ်တွေပြောရင်၊တစ်ချိန်က စာဖတ်ဝါသနာပါသူက အခုတော့ စာဖတ်ရတာ ပျင်းနေတယ် ။စာဖတ်ဝါသနာမပါသူက စာဖတ်ရမှာ ပျော်နေတယ်။

အဲဒီတော့ မိမိတို့က လူငယ်တွေဖြစ်တော့ စာအုပ်စာပေး လူမိတ်ဆွေဆိုတော့ စာဖတ်ခြင်နှင့် စာမဖတ်ခြင်ကတော့ ဘာတွေခြားနားသွားလည်ဆိုရင် လောကကြီးကို မျက်စီနဲ့ကြည့်တာထက် စာဖတ်၍ကြည့်တာ ပို့၍တောက်ပနေတယ် ဆိုတာ အခုလက်တွေ့ အလုပ်လုပ်ကြတော့ ကိုယ်စီးလိုအပ်ချက်တွေများကြ၊လိုအပ်တဲ့စာပေးအသိပညာတွေ ထပ်ဖြည့်ကြ သင်ယူကြနဲ့ လူငယ်ဘ၀တွေဆိုတာ ပြီးဆုံးတယ်ဆိုတာကို မရှိဘူး။

လူငယ်တစ်ယောက် အတွက် စာဖတ်ခြင်းဟာ ဘ၀ အကောင်းဆုံးနဲ့အရိုးရှင်ဆုံး ကိစ္စဖြစ်တယ် ဆိုတာကို နှစ်ယောက်စလုံးက လက်ခံကြသလို့ တစ်ခြားသူတွေလည် တွေးဖြစ်မယ့်ထင်ပါတယ်။

စာဖတ်ခြင်က ဆင်ခြင်တိုင်းထွာနိုင်မှု ချင့်ချိန်သုံးသပ်တတ်မှု ဆိုတာ
အတန်းတွေအောင်ထားတယ်ဆိုတဲ့ စာတတ်မြောက်မှုနဲ့ သိပ်မဆိုင်လှဘူး
စာတွေသင်တယ်ဆိုတာ အကြောင်းအရာတွေကို သိအောင်လုပ်တာပါပဲ
အဲဒီအကြောင်းအရာတွေအပေါ်မှာ ကိုယ့်ရဲ့ဆင်ခြင်နိုင်မှု သုံးသပ်မှု ဆုံးဖြတ်မှုတွေက သိပ်အရေးကြီးတယ် ၊ အဲဒါတွေမရှိရင်ပညာမဖြစ်နိုင်ဘူး
သူပြောလူပြောနောက်မှာ ကိုယ်က ရောယောင်ပါနေတာလည်းမဖြစ်သင့်သလို
ဟိုစာအုပ် ဒီစာအုပ်ကြီးတွေအတိုင်းလဲ အတုံးလိုက်အတစ်လိုက် မဖြစ်သင့်ဘူး
စာပေတွေကို ဖတ်မှတ်လေ့လာ ၊ ကိုယ်တိုင်ချင့်ချိန်သုံးသပ်နိုင်မှ အမှန်တရားနဲ့ နီးလိမ့်မယ် ။

စာဖတ်တဲ့ လူငယ်တစ်ယောက် အတွေးက တစ်ခြားသူတွေ အတွက် စိတ်ဓါတ်ခွန်းအားတွေဖြစ်စေ့သလို့။ပညာဗဟုသုတတွေလည် အများကြီးဖြစ်စေ့ပါတယ်။မိမိတို့ကလေးဘ၀က အိမ်အနားက မြို့ကျောင်းသွားတက်တဲ့ အစ်ကိုကြီး တစ်ယောက်ရှိပါတယ် ..သူကရွှာကိုပြန်လာရင် သူဖတ်သမျှစာတွေအကြောင်း ခဏခဏကြားရပါတယ်။ဘယ်စာအုပ်တွေက လူတွေအတွက် အကောင်းဆုံးနှင့်အသင့်တော်ဆုံး စာဖတ်ဖို့ ရွှာကလူတွေကို သူအမြဲတမ်းတိုက်တွန်းအားပေးတယ် ..ကိုယ်တွေက ကလေးဘ၀ဆိုတော့ မြို့ကျောင်းသွားတဲ့ အစ်ကိုကြီးပြောတဲ့ ပုံတိုးပတ်စတွေကိုပဲသဘောကျတာပါ စာဖတ်ဖို့တော့မဟုတ်ပါဘူး။

အဲဒီ ပုံတိုးပတ်စတွေကပဲ ဒီကနေ့ စာဖတ်ဖို့ ဖြစ်လာတယ်လို့ ပြောရမှာပဲ လူငယ်တစ်ယောက်အတွက် အချိန်ဟာ နှစ်ပေါင်း၂၀ကြာတဲ့ အခါ ကလေးဘ၀က အမှတ်တစ်မှတ်တွေက လူလတ်ပိုင်းရောက်တဲ့ အခါက အသုံးပြန်ဝင်လာပါတယ်။မြန်မာစကားရှိပါတယ်။အသက်ကြီးစကား သက်ငယ်ကြားဆိုတာ အခုလက်တွေ့ပါပဲ။မိမိကတော့ စာဖတ်ရတဲ့ အချိန်ကို နေ့စဉ်သတ်မှတ်ပြီး ပြုလုပ်ပါတယ်။ ညအိပ်ရင် စာမဖတ်ပဲ အိပ်တဲ့ ရက်ဆိုတာ မရှိသလောက်ပါပဲ။စာဖတ်တဲ့ အခါအိပ်ပြောစေ့တာလည်ပါတယ်။စိတ်ဖတ်ပြီးအိပ်ရတာကို နှစ်သက်ပါတယ်..

မနက်မိုးလင်းတဲ့ အခါ စာဖတ်တယ်။က်ာဖီးသောက်တဲ့အခါ စာဖတ်တယ် အိမ်မှာ နှစ်ယောက်နေကြတော့ တစ်ယောက်ကတော့ အိမ်သာတက်ရင် စာဖတ်တာပါ။အိမ်သာတက်ရင် စာတ်ဖတ်တဲ့ အလုပ်ကိုတော့ မိမိအမုန်းဆုံးအလုပ်ပါပဲ။တစ်ခြားသူတွေ အချိန်တွေကို သူကယူသုံးပြစ်သလို ခံစားရပါတယ်။အဲဒါကြောင်း ခဏခဏ စကားပြောရတယ် သူနဲ့အိမ်သာထဲမှာ စာဖတ်ဖို့။တစ်ခြားသူတွေကို ငဲ့ညှာဖို့ မိမိကြောင်း သူတစ်ပါးစိတ်အနှောက်အယှက်ဖြစ်တာမျိုး မဖြစ်အောင်ပါ။

မိမိလည်းလူငယ်ပါပဲ လူငယ်ထဲကလူငယ်ဖြစ်နေလို့ လူငယ်တွေကို အားကိုးပါတယ်.။ရွှေည၀ါဆရာတော်ကြီး ပြောသလို့ နာဂတ်နိုင်ငံတော်ကြီး လှပဖို့ဆိုရင် လူငယ်တွေ ကြိုးစားရမယ့်။နိုင်ငံဖွံ့ဖြိုးရေး အတွက် လူငယ်တွေကြိုးစားရမယ့်။နေရာတိုင်းမှာ လူငယ်တွေ ကိုယ်ရဲ့ဘ၀ကိုယ်ယုံကြည်မှုအပြည့်နဲ့လျှောက်လမ်းနိုင်ဖို့ လူကြီးဆိုတဲ့ သူတွေကလည် လူငယ်တွေကို ဘေးဖယ်မထားကြဖို့အရေးကြီးပါတယ်။မိမိနေရာထိုင်းရာ နော်ဝေနိုင်ငံမှာဆိုရင် ကလေးတွေဘ၀ထဲက ပြုစုပျိုးထောင်တဲ့ စနစ်တွေကို ရေးတိုးရေးရည်စီးမံကိန်းတွေ ရေးဆွဲပြီး သင်ကြားပေးတဲ့ အလုပ်တွေနဲ့ပြည့်နေတာပါပဲ။ပါတီအဖွဲ့စည်းတွေကလည် မိမိတို့သတ်ဆိုင်ရာ အလိုက် လူငယ်တွေကို ပြုစုပျိုးထောင်ပေးတဲ့ စနစ်တွေကို ပြုလုပ်ပေးကြပါတယ်....

ဆက်ပါဦးမည့်.......
စက်တင်ဘာထာဝရ....

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။