Thursday 28 August 2014

ရွှေည၀ါဆရာတော်ကြီးပြောတဲ့ နိုင်ငံရေးမာယာဆိုတဲ့ ထောင်ချောက်...

ရွှေည၀ါဆရာတော်ကြီးပြောတဲ့ နိုင်ငံရေးမာယာဆိုတဲ့ ထောင်ချောက်...
လောကမှ ဘာတွေအရေးကြီးဆုံးလဲ ၊ဘာတွေက လူတွေရဲ့တန်ဖိုးကိုဖြတ်ပေးနိုင်သလဲ။ မေးခွန်းပေါင်းမြောက်များစွာနဲ့ ရှုပ်ထွေးတွေဝေနေမယ့် အစား မိမိတို့ လူသားတစ်ယောက်အနေနဲ့ လူသားဆန်စွာ ဘယ်လိုနေထိုင်ရမလဲ၊ဘယ်လိုပြုမှုရမလဲ၊ဘယ်လိုပြောဆိုရမလဲစတဲ့
အခြေခံတရားတွေကို အရင်ဆုံးလေ့လာသင်ယူပြီး ကိုယ့်ပတ်ဝန်းကျင်မှာ အားလုံးနဲ့ သဟဇာတဖြစ်အောင် သာယာသော အခြေအနေတစ်ရပ်ကို ဖန်တီးနိုင်ဖို့ပဲ အရင်ဆုံးလိုအပ်လှပါတယ်။ အဲဒါကြောင့် လူနဲ့လူချင်း ဆက်ဆံပေါင်းသင်းတဲ့ နေရာမှာ မိမိကိုယ်ကို အတ္တတွေ ဘယ်လောက်ထုံမွှမ်းထားသလဲဆိုတာ ပြန်ပြီးကြည့်ရပါမယ်။ တစ်ဖက်လူနဲ့ ဆက်ဆံတဲ့နေရာမှာ ငါ့နှလုံးသားက ဘယ်လောက်ဖြူစင်သလဲဆိုတာကို အမြဲလိုလို စမ်းစစ်ပြီး မှတ်ကျောက်ကောင်းတွေ ရနိုင်ဖို့အတွက် အစဉ်ကြိုးစားနေဖို့လိုအပ်ပါတယ်။ နှလုံးသားလှတယ် မလှဘူးဆိုတာ တစ်ခြားသူတွေ သိသည်မသိသည် အပထား မိမိကိုယ်တိုင်က အရင်ဆုံးသိတာဆိုတော့ မိမိရဲ့ နှလုံးသားကလှပတယ်ဆိုရင် မိမိကိုယ်ကို လိပ်ပြာသန့်စွာနဲ့ လူ့ပတ်ဝန်းကျင်မှာ ရဲဝံ့တည်ကြည်စွာ နေနိုင်မှာပါ သို့မဟုတ်ရင်တော့ နောက်ကွယ်မှာ ပဲ တိမ်ငုတ် သိမ်ငယ်စွာနဲ့ နေကြရမှာမလွဲပါဘူး။ ဒါကြောင့် လူနဲ့ လူချင်း ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ မိမိတို့ နှလုံးသားတွေ ဘယ်လောက် ဖြူစင်သလဲဆိုတာ ပြရင်း ကောင်းမွန်တဲ့ လူမှု့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ကြပါစို့လို့ ရည်ရွယ်ရင်းဖြင့်........။

ဤလောက၌ လူရယ်လို့ဖြစ်လာသောအခါ နေမှု၊ ထိုင်မှု၊ စားသောက်မှုဆိုသော ကိစ္စတို့သည် မလွဲမသွေ လှုပ်ရှား ရုန်းကန်ကြရမှာ ဖြစ်ပါ၏။ ဤသည်မှာ သဘာဝပင်ဖြစ်ပါ၏။

လူသားတွေသည် မွေးဖွါးကြီးပြင်းလာပြီးနောက် သေဆုံးသောအချိန်ထိ မိမိတို့ဘ၀ကို ရုန်းကန်လှုပ်ရှားသွားရတာချည်းပင် ဖြစ်ပါ၏။ သက်သက်သာသာ ရုန်းကန်ရခြင်းနှင့် ဆင်းရဲပင်ပမ်းစွာ ရုန်းကန်ရခြင်း၌သာ ကွာခြားသော်ငြားလည်း အားလုံးသော လူသားတွေသည် အသက်ရှင်နေထိုင်ရစဉ်ကာလ တလျှောက်လုံး၌ ဘ၀ကိုအမျိုးမျိုးသော အခက်အခဲများအကြား ရုန်းကန်ဖြတ်သန်းကြရမည်သာ ဖြစ်သည်။.မိမိကတော့ လူငယ်ဖြစ်လို လူငယ်တစ်ယောက်ရဲ့ အတွေးသာဖြစ်ပါတယ်။

မိမိနိုင်ငံရေး လောကကို မသိပါ ။ဤသည်ကိုပင် လူငယ်တစ်ယောက်၏ နိုင်ငံရေးဖြစ်စဉ်ဟုဆိုပါ၏။ ဤကမ္ဘာလောက၌ လူတဦးတယောက်တည်းသာ အသက်ရှင် ရုန်းကန်ရသည်မဟုတ်ပေ။ ဤကမ္ဘာမြေ၌ လူသားသန်းပေါင်းများစွာတို့သည် တပြိုင်နက်တည်း ဘ၀ကိုရုန်းကန် ဖြတ်သန်းနေရသောကြောင့် လူသားသန်းပေါင်းများစွာ ပါဝင်လှုပ်ရှားနေသော နိုင်ငံရေးဖြစ်စဉ်ကြီးသည် မိမိတို့၏ မိသားစု၊ မိမိတို့၏ ပတ်ဝန်းကျင်၊ မိမိတို့၏ဒေသ၊ မိမိတို့၏နိုင်ငံ ထိုမှတဆင့် ကမ္ဘာနှင့် အ၀န်းဆီသို့ ဆင့်ကဲဆင့်ကဲ ပေါင်းကူးဆက်စပ်မျှက် ဤကမ္ဘာကြီးနှင့် ဤလူသားတွေ တည်ရှိနေသ၍ တနည်းအားဖြင့် လူတို့၏စားဝတ်နေရေး၊ ကျန်းမာရေး၊ စီးပွါးရေး စသည့် လူမှုစီးပွားရေးအရာကိစ္စများ တည်ရှိနေသ၍ ဤနိုင်ငံရေးဖြစ်စဉ်ကြီးသည် အစဉ်အမြဲဖြစ်ပေါ်နေမည်သာ ဖြစ်ပါသည်....

ရွှေည၀ါဆရာတော်ကြီးက နော်ဝေနိုင်ငံရောက် မြန်မာနိုင်ငံသား မိသားစုတွေနဲ့တွေ့ဆုံပွဲမှာ ဟောကြားတဲ့ တရားထဲက မိမိ မှတ်မိသလောက် ပြောပြရရင် ဆရာတော်ကြီးက နိုင်ငံသားတွေ ဆင်ရဲနေသ၍ နိုင်ငံရေးကို လုပ်နေအုံးမယ်တဲ့ ဆရတော်ကြီး စကားဟာ နိုင်ငံရေးကို သဘောကျသော သူနှင့်နိုင်ငံရေးတွင် သံဃာတွေမပါဝင်သင်သော သူတွေအခြား ဒွီဟဖြစ်စေမှုကို အထိုက်လောက် သက်ရောက်မှုတွေရှိခဲ့တာ အမှန်းပါပဲ။ဆရာတော်ကြီး စကားထဲမှာ မှတ်သားစရာကောင်းတာကာတော့ တို့တိုင်းပြည်နဲ့တို့ပြည်သူတွေ မငြိမ်းချမ်းသ၍ တို့များ နိုင်ငံရေးမှာ ပါဝင်နေရအုံးမှာပါပဲတဲ့။

ဒီနေ့နိုင်ငံရေးဆိုလိုက်တာနဲ့ မိမိတို့ မြန်မာ့လူအဖွဲ့စည်းတွေ အခြား ပြည်သူအခြားမှာ အမြင်တွေအမျိုးမျိုးရှိကြတာကိုတွေ့ရပါတယ်။ဘယ်လို့မြင်ပါစေ့၊မြန်မာနိုင်ငံသားတိုင်းမှာ မိမိနိုင်ငံရဲ့အကျူိးစီးပွားအတွက် မိမိကိုယ်တိုင်း မလုပ်ရင်တောင် တစ်ပါးသူကိုအားပေးကြပါ။ လောက၌ နိုင်ငံရေးဟုဆိုလိုက်သည်နှင့် အစိုးရအုပ်ချုပ်ရေး၊ ပါတီအဖွဲ့အစည်း၊ အစိုးရဆန့်ကျင်ခြင်း၊ အစိုးရထောက်ခံခြင်း၊ တော်လှန်ခြင်း၊ စစ်မက်ဖြစ်ပွားခြင်း စသဖြင့် လူအများစုသည် လျှင်မြန်စွာဖြင့် အလွယ်တကူ နားလည်တတ်ကြပါ၏။ အမှန်အားဖြင့် "နိုင်ငံရေး" ဟူသော အနက်အဓိပ္ပါယ်အား သည်ထက်ပို၍ သဘောပေါက် နားလည်ထားသင့်ပါ၏။ အဘယ့်ကြောင့်ဆိုသော် မိမိဘ၀နှင့် တိုက်ရိုက် ပတ်သက်နေသောကြောင့်ပင် ဖြစ်ပါ၏။။

ဆရာတော်ကြီးက ဥပမာအားဖြင့် အိမ်ထောင်စုတစုအတွင်းတွင် စားဝတ်နေရေး၊ မိသားစုအတွင်း ကျန်းမာရေး စသည်လိုအပ်ချက်များအား နေ့တဓူဝ တွေ့ကြုံဖြည့်စည်းနေရမည်သာ ဖြစ်၏။ ဤသို့ ဖြည့်စွမ်း ပေးနိုင်ရန်အတွက် လုပ်အား၊ ငွေကြေး၊ ၀န်ဆောင်မှုတွေသည် ထပ်မံလိုအပ်လာမည် ဖြစ်ပါတယ်။ထိုလိုအပ်ချက်အားလုံးသည် မိမိတို့မိသားစုအ၀န်းအ၀ိုင်း၏ ပတ်ဝန်းကျင်နယ်ပယ် အပြင်ဘက်သို့ ရောက်ရှိသွားးမည်ဖြစ်ပြီး အခြားအခြားသော မိသားစုတို့၏ ပတ်ဝန်းကျင်နယ်ပယ်နှင့် ပေါင်းကူး ဆက်စပ်သွားမည် ဖြစ်ပါသည်။

ထပ်၍ အဓိပ္ပါယ်ဖွင့်ရရင် စား၊ ၀တ်၊ နေရေး၊ ကျန်းမားရေး၊ ငွေကြေး၊ လုပ်အားနှင့် ၀န်ဆောင်မှု စသည့်တို့၏ လိုအပ်ချက်တွေသည် ပိုမိုနက်ရှိုင်းစွာ ကြီးမားလာမည်သာ ဖြစ်၏။ ထိုမှတဆင့် ဒေသတစ်ခု၊ ခရိုင်တစ်ခု၊ ပြည်နယ်တစ်ခု၊ နိုင်ငံတစ်ခု စသဖြင့် ပိုမိုကျယ်ပြန့်သွားပြီး နောက်ဆုံး ကမ္ဘာနှင့်အ၀န်းဆီသို့ ငြိမ်သက်နေသော ကန်ရေပြင်ထဲသို့ ခဲလုံးတစ်လုံး ကျသွားသည့်အခါ၌ ဖြစ်ပေါ်လာသော လှိုင်းဂယက်ပမာ အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံနှံရိုက်ခတ်သွားပြီး အပြန်အလှန် ပေါင်းကူး ဆက်စပ်သွားမည်ဖြစ်ပါသည်.

တနည်းအားဖြင့် နိုင်ငံရေးဖြစ်စဉ်ဆိုသည်မှာ လူတစ်ယောက်၊ မိသားစုတစ်စုဆီမှ လူသန်းပေါင်းများစွာ၊ အိမ်ထောင်စုသန်းပေါင်းများစွာတို့၏ စားဝတ်နေမှု ကိစ္စရပ်များ၊ ထိုမှတဆင့် ဆက်စပ်ဖြစ်ပေါ်လာသော ပြဿနာများအား အနည်းစုမှ အများစုအထိ ဆက်စပ်ဖြေရှင်းရသော ဖြစ်စဉ်သာဖြစ်၏၊ တနည်းအားဖြင့် ပြဿနာများအား ဖြေရှင်းပေးသော နည်းစနစ်များအား ဆွေးနွေးခြင်း၊ တိုင်ပင်ခြင်း၊ ငြင်းခုန်ခြင်း၊ ပြိုကွဲခြင်း၊ တိုက်ခိုက်ခြင်း၊ စသည့်အကျိုးဆက်များအား မိမိတို့ပြုလုပ်လိုသော အကြောင်းတရားအပေါ်မီ၍ အကျိုးဆက်ဟူသည် ဖြစ်ပေါ်စေမည်သာ ဖြစ်ကြောင်း ဆရာတော်ကြီး မိန့်ပါတယ်။

ထို့ကြောင့် မိမိတို့လူငယ်များက နိုင်ငံရေးဟူသော စကားလုံးနှင့်အတူ ဤကမ္ဘာမြေ၌ ငြိမ်းချမ်းရေးဟူသော စကားရပ်သည် လွန်ခဲ့သောနှစ်ပေါင်း (၂၅၇၀) ခန့်ကတည်းက ပေါ်ထွက်လာခဲ့ပါ၏။ ထိုမှစ၍ လူတို့၏စားဝတ်နေရေး ကျန်းမာရေး၊ စီးပွားရေး စသည့်ပြဿနာရပ်များအား ဖြေရှင်းရာ၌ ငြိမ်းချမ်းစွာဖြေရှင်းရေးဟူသော ဖြစ်စဉ်သည် ပြဿနာရပ်များအပေါ် ချဉ်းကပ်ဖြေရှင်းရာ၌ ယနေ့ထက်တိုင် ပထမနေရာမှစ၍ စဉ်းစားဆုံးဖြတ်သော အစဉ်အလာတရပ် ပေါ်ထွန်းလာခဲ့ခြင်းသာ ဖြစ်ပါသည်....

လူငယ်တိုင်းဟာ နိုင်ငံရေးရဲ့ သားကောင်းများမို့ နိုင်ငံရေးဟူသည် မိမိတို့၏ အရေးကိစ္စသာ ဖြစ်ပါတယ် နိုင်ငံရေးအား စဉ်းစားရာ၌ မိမိတို့၏ဖြစ်စဉ်နှင့် တိုက်ရိုက် ချဉ်းကပ်စဉ်းစားရန် လိုပါ၏။ ဝေဖန်ဆန်းစစ်ရန်လိုပါ၏။ တွေးခေါ်မြော်မြင်၍ အဖြေရှာရန်လို၏။ သို့မဟုတ်ပါက မိမိသည် လူသားတယောက်၌ရှိသော လောကတာဝန်ဝတ္တရားအပေါ် တာဝန်ကျေပြွန်လိမ့်မည် မဟုတ်ပါ။

ဆရာတော်ကြီးက "လူ"ဟူသည် လူသားတာဝန် ကျေပြွန်ရန်လိုအပ်ပါ၏၊ ဤလောက၌ မိမိ၏ကာယအား၊ ဉာဏအားတွေဖြင့် ဤကမ္ဘာလောကအကျိုး၊ ဤလူသားတွေအကျိုးစီးပွါးကို ဆောင်ရွက်သည့်နေရာ၌ တစ်တပ်တစ်အား ပါဝင်သင့်ပေ၏။ ဤသို့ တစ်တပ်တစ်အား ပါဝင်ရာ၌လည်း မိမိအကျိုးစီးပွား တစ်ခုတည်းကိုကြည့်၍ ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ မိမိအကျိုးစီးပွါးထက် အများအကျိုးစီးပွားကို ရှေ့ရှုသော ကာယအား ဉာဏအားမျိုးသာ ဖြစ်သင့်ပါ၏။ သို့မှသာ မိမိ၊ မိမိတို့၏ မိသားစု၊ မိမိတို့၏ ပတ်ဝန်းကျင်၊ မိမိတို့၏ ဒေသ၊ မိမိတို့၏ နိုင်ငံ၊ မိမိတို့၏ ဤကမ္ဘာ၌ ငြိမ်းချမ်းသာယာ ၀ပြောသော လူ့ဘောင်ကြီး ဖြစ်ပေါ်နေမည်ဖြစ်ပါ၏။

ဤသို့အားဖြင့် နိုင်ငံရေးဟူသည် မိမိတို့ရှင်သန်နေထိုင်ရာ ဤကမ္ဘာကြီး၌ လူသားအားလုံးတို့သည် မိမိတို့အသက်ရှင်နေသ၍ ကာလပတ်လုံး နေ့တဓူဝရင်ဆိုင်ကြုံတွေ့နေရသော စားဝတ်နေရေးတည်းဟူသော ဒုက္ခသစ္စာ (အမြဲတမ်းမှန်ကန်စွာ မဖေါက်မပြန်ဖြစ်ပေါ်နေသော ဆင်းရဲခြင်းအမှန်တရား) ပင်ဖြစ်ပါသည်။....
ဆက်ပါဦးမည်။……
စက်တင်ဘာထာဝရ

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။