Sunday 7 June 2015

ငါနှင့်မတူငါ့ရန်သူ သဘောထားနေသောဦးဝီရသူထံသို့

ငါနှင့်မတူငါ့ရန်သူ သဘောထားနေသောဦးဝီရသူထံသို့
--------------------------------------------------------------------------
ဦးဝီရသူရဲ့ Facebook ပေါ်မှာ “၀ိဘဇ္ဖပဲ့တင်သံ” စာအုပ်နဲ့ပတ်သတ်ပြီး ဝေဘန်ထားတာကိုတွေ့ရပါတယ်။စာအုပ်ထဲမှာရေးထားတဲ့ ဦးထာဝရကိုလည်း စာအ ရေးအသားများကိုဝေဘန်တာထက် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေကပိုများနေပါ တယ်။ကိုယ့်ညီနောင်သံဃာတော်အချင်းချင်းသာသနာပြုဖေါ်ပြုဘက်သံဃာကိုပင် အဝေးကနေလှမ်းပြီးဟောင်မနေနဲ့ဆိုပြီး ခွေးနဲ့နှိုင်းပြီးစော်ကားထားပါ တယ်။
ပြီးတော့ ပြည်ပမှာ သာသနာပြုနေသူတွေကို ဒေါ်လာစားတွေဆိုပြီးပုတ် ခတ်စော်ကားထားပါတယ်။ တနိုင်ငံလုံးက လေးစားတန်ဖိုးထားမြတ်နိုးရတဲ့ မန္တလေးမြို့ ၊မစိုးရိမ်တိုက်ဟောင်းဆရာတော်ကြီး ဦးကောဝိဒါဘိဝံသဟာ အမေရိကန်နိုင်ငံမှာသာသနာပြုရင်းပျံလွန်တော်မူသွားတာဖြစ်ပါတယ်။
----
ဆရာတော် ဦးသေဌိလာဘိဝံသ၊ ဦးသီလာနန္̔ဒာဘိဝံသ၊စသည့်ဆရာတော်မြောက်များစွာ ပြည်ပမှာသာသနာပြုသွားကြတာဖြစ်ပါတယ်။ယနေ့ထိအောင်လည်း ပြည်ပမှာ ကိုယ်စွမ်းရာဖြင့် အခက်အခဲပေါင်းမြောက်များစွာကိုရင်ဆိုင်ရင်းသာသနြာ ပုနေကြတာဖြစ်ပါတယ်။ ယနေ့ဝိဘဇ္ဖပဲ့တင်သံစာအုပ်မှာ ဘယ်သူကိုယ်မှ ရိုင်းရိုင်းစိုင်းစိုင်း ရေးသားထားတာမရှိပါဘူး။မြတ်စွာဘုရားရှင်၏ လမ်းစဉ်နှင့်အညီ အကြောင်းအကျိုါ် အကောင်းအဆိုး ခွဲခြားစိတ်ဖြာနိုင်အောင် ဗုဒ္ဓရဲ့လမ်း စဉ်ဟာ ဒီအတိုင်းဖြစ်တယ်ဆိုတာကို ရဲရဲရင့်ရင့် ဝေဖန်ပိုင်းခြား ရေးပြထားခြင်းသာဖြစ်ပါတယ်။
ဝိဘဇ္ဖပဲ့တင်သံ စာအုပ်မှာရေးသားထားကြတဲ့ ဆ၇ာတော်များဟာ ဘွဲ့နာမည်အရင်း ကလောင်နာမည်အရင်းတွေနဲ့ တာဝန်ယူမှုတာဝန်ခံမှုအပြည့်ဖြင့် ရေးသားထားတာဖြစ်ပါတယ်။
------
ယနေ့ ၀ိဘဇ္ဖပဲ့တင်သံ စာအုပ်ကို ဝေဘန်သူကတော့ ဘယ်သူမှန်းလည်းမသိပါဘူး။ မန္တလေးသား” ဆိုပြီး ကလောင်ဝှက်နဲ့ဖေါ်ပြထားပါတယ်။ စာရေးဆရာအစဉ်အဆက် ဝေဖန်စာကိုရေးကြ ပီဆိုရင် နာမည်အရင်း ကလောင်နာမည် အရင်းနဲ့ပဲရေးပါတယ်။ အခုတော့ သူများကိုဝေဖန်ထောက်ပြမည့်သူသည် မိမိနာမည် အရင်း ကလောင်နာမည်အရင်းကို မထည့်ရဲတာဟာလည်း အံ့သြစရာဖြစ်ပါတယ်။
ဝိဘဇ္ဖပဲ့တင်သံ စာအုပ်ထဲမှာပါဝင်ရေးသားသူ ဆရာတော်ကြီး ဦးအရိယာဝံသာဘိဝံသ (သ.စ.အ ၀ဋံသကာ)မြ၀တီမင်းကြီးဆရာတော်ဆိုရင် တောင်မြို့မဟာဂန္ဓာရုံဆရာတော်ကြီး ၏တပည့်အရင်းဖြစ်ပါတယ်။ သံဃာထောင်ကျော်ရှိတဲ့ မဟာဂန္̕ဓာရုံကျောင်းတိုက်ကြီးမှာစာချခဲ့တဲ့ ဆရာတော်ကြီးဖြစ်ပါတယ်။ယခုတိုင်အောင်လည်း မြ၀တီမင်းကြီး စာသင်တိုက်ကြီးမှာ သံဃာတော်အပါးတစ်ရာကျော်ကို စာပေပို့ချပေးနေတဲ့ဆ၇ာတော်ကြီးဖြစ်ပါတယ်။ တရားထိုင်နည်းစနစ်များကို တရားစခန်းဖွင့်ကာ သင်ကြားပြသပေးနေတဲ့ ဆရာတော်ကြီးလည်းဖြစ်ပါတယ်။
-------
ဝိဘဇ္ဖပဲ့တင်သံ စာအုပ်ထဲမှာပါဝင်ရေးသားထားသူမှန်သမျှဟာ ပြည်တွင်းပြည် ပ စာရေးစာချ တရားဟော တရားပြ ဆရာတော်တွေဖြစ်ကြပါတယ်။ကိုယ်စွမ်းရာ ကိုယ်ယုံကြည်ရာဖြင့် သာသနာပြုနေကြသူတွေဖြစ်ပါတယ်။ ဒီလိုသာသာနာပြုနေကြသည့် ဆရာတော်သံဃာတော်တွေကို ဦးဝီရသူသည် ၀ိဘဇ္ဖပဲ့တင်သံမှာ ပါဝင်ရေးသားနေသူ ဆရာတော်သံဃာတော်တွေကို ခွေးဟောင်တိုင်းထမကြည့်နိုင်ဘူးဆိုပြီး ခွေးနဲ့နှိုင်းတာဟာ သာသနာတော်ကို စော်ကားလွန်ရာကျပါကြောင်းကိုရေးသားဖေါ်ပြလိုက်ပါတယ်။
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

0 comments:

Post a Comment

ပြောချင်တာလေးတွေ ပြောခဲ့ပါ။