Sunday 7 June 2015

“ခေတ်နှင့်အညီ ဖျက်ဆီးနေမှုကို လက်မခံပါ”

“ခေတ်နှင့်အညီ ဖျက်ဆီးနေမှုကို လက်မခံပါ”
==============================
မန္တလေးသား
ဝိဘဇ္ဇပဲ့တင်သံ ဆိုတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးလုပ်ငန်းကိစ္စကို လုပ်ကိုင် ဆောင်ရွက်နေတဲ့သံဃာတော်တွေကို စော်ကားပုတ်ခတ်ရှုတ်ချရေးသားထားတဲ့စာအုပ် ထုတ်ဝေသူ ဒေါ်မျိုးမျိုးလတ်(ရွှေခေတ်စာပေ) ပုံနှိပ်သူ ကိုအောင်ဇော်(ပုံရိပ်ရှင်) အမှတ်-၅၈၊အိမ်ကြီးလမ်း၊ ပုဇွန် တောင်၊ ရန်ကုန်၊ ထုတ်ဝေသည့်အကြိမ် ပထမအကြိမ်၊ မတ်လ၊၂ဝ၁၅-ခုနှစ်၊အုပ်ရေ-၁ဝဝဝ၊တန်ဖိုး ၂၅ဝဝ၊ စာရေးသားသည့်ပုဂ္ဂိုလ်အရေအတွက်(၂၆)ဦး၊ စာအုပ်မျက်နှာဖုံးရဲ့အောက်ပိုင်းမှာ ပြည့် အရေးအတွေးစာစုလို့ ရေးသားထားတဲ့စာအုပ်ကို မန္တလေး(မ.ဘ.သ)တိုင်းရုံးကိုရောက်ခိုက်၊ အရှင်ဣန္ဒောဘာသ(ရခိုင်အမျိုးသားရဟန်း တော်)ကပြသဖြင့်တွေ့ရပါတယ်။
အဲဒီစာအုပ်ထဲမှာ ပါတဲ့အကြောင်းအရာ အချို့ကိုအနည်းငယ်အမြည်း သဘောမျိုးဖြင့် ဖတ်ကြည့်လိုက်တဲ့အခါ ပါတီတစ်ခု၊ ပုဂ္ဂိုလ်တစ်ဦးကိုကိုးကွယ်မှု ဦးစားပေးမှုတွေများ ပြီးပါတီစွဲ၊ပုဂ္ဂိုလ်စွဲတွေနဲ့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထား ဘဲ အမျိုးသားနိုင်ငံရေးကို ဆောင်ရွက်နေတဲ့ သံဃာတွေနဲ့ လူပုဂ္ဂိုလ်တွေ ကို စစ်အာဏာ ရှင်သက်ဇိုးဝ်ရှည်အောင် ဆောင်ရွက်နေ့တဲ့ အဖွဲ့၊ စစ်တပ်လော်ဘီဆိုတဲ့ ဘွဲ့တံဆိပ်တွေ တပ်ပြီးစည်းလွတ်ဝါး လွတ်တိုက်ခိုက်ရေး သားထားတာတွေကိုတွေ့ရပါတယ်။
အဲဒီဝိဘဇ္ဇပဲ့တင်သံဆိုတဲ့စာအုပ်စာမျက်(၈၇)ပါတဲ့ အရှင်ထာဝရ၊ခေတ္တ၊နော်ဝေဆိုတဲ့အမည် နဲ့ရေးသားထားတဲ့ ခေတ်နှင့်အညီလက်ခံဖို့ အရေးကြီးပြီဆိုတဲ့ ခေါင်းစဉ်နဲ့ရေးသား ထားတဲ့အကြောင်း အရာတွေကိုပြန်လည်ဝေဖန်ရှင်းလင်းတင်ပြသွားပါမယ်။
အရှင်ထာဝရက ဘာသာတရားဆိုတာ အဆုံးအမတွေပါပဲ၊ အဲဒီအဆုံးအမတွေကို မျိုးဆက်သစ်လူငယ်တွေ လက်ထဲရောက် အောင် ပြုလုပ်ပေးရကြမှာက သံဃာတော် တွေရဲ့အလုပ်ပါ၊ အနာဂတ်ဟာ လူငယ် တွေရဲ့ လက်ထဲမှာလို့ဆိုတဲ့အတိုင်း မျိုးဆက် သစ်လူငယ်တွေရဲ့ရင်ထဲကိုဗုဒ္ဓရဲ့ အဆုံး အမတွေ ကိန်းအောင်းဖို့ ထိထိ ရောက်ရောက်ဆောင်ရွက်နိုင်ရင် မ.ဘ.သ အဖွဲ့ကြီးရဲ့ အမျိုးဘာသာသာသနာ အတွက် စည်းရိုးတွေထိုးဖို့ နံရိုးတွေစုနေ စရာလိုမယ်မထင်ပါဘူး-လို့ရေးသားထား တာတွေ့ ရပါတယ်။
ပါဠိအဘိဓာန်မှာရော၊တိပိဋကပါဠိ+မြန်မာ အဘိဓာန်မှာရော ဘာသာရဲ့အဓိပ္ပါယ်ကို ဖွင့်ဆို ပြ တဲ့နေရာမှာ ဘာသာဆိုတာစကားပဲဖြစ်ပါ တယ်၊ တရားဆိုတာကတော့ ပါဠိစကားလုံး ဓမ္မ- ကို အလွယ်တကူပြောဆိုနေကြတာပါ၊ အဓိပ္ပါယ် ကား ဓမ္မဆိုတာဆောင်တယ်ဆိုတဲ့အဓိပ္ပါယ် ကို ဖေါ်ပြပါတယ်။ ပါဠိနဲ့မြန်မာကိုတွဲပြီး ဘာသာတရားလို့ ခေါ်ဝေါ်သုံးနှုန်းကြတာတွေ့ရ ပါတယ်၊ အမှန်အတိုင်းအဓိပ္ပါယ် ပြန်ရရင်တော့ ဘာသာတရားဆိုတာ စကားကိုဆောင်တယ် ဆိုတဲ့အဓိပ္ပါယ်ကိုပဲ ဖေါ်ပြပါတယ်။
အဆုံးအမဆိုတဲ့မြန်မာစကားဟာ ပါဠိဘာသာ သြဝါဒ,သာသန,အနုသာသနဆိုတဲ့ စကားလုံး တွေကလာပါတယ်။ အရှင်ထာဝရကတော့ ဘာသာတရားဆိုတာအဆုံးအမပါတဲ့။ ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို လေ့လာပြီးတော့ ရေးသားထားတယ်ဆိုတာတော့ မိမိမသိပါ၊ အဲဒီအဆုံးအမတွေကို မျိုးဆက်သစ်လူငယ်တွေ လက်ထဲရောက်အောင် ပြုလုပ်ပေးရကြမှာ က သံဃာတော်တွေရဲ့အလုပ် ပါတဲ့- သိပ်ကောင်း တဲ့ စကားရပ်ပါပဲ၊ မှန်လည်း မှန်ပါတယ်၊ ဒါပေမဲ့ အရှင်ထာဝရကိုယ်တိုင် ဗုဒ္ဓအဆုံးအမဗုဒ္ဓစာပေတွေကို ဘယ်အတိုင်းအတာအထိသင်ယူအားထုတ်ခဲ့ဖူးသလဲဆိုတာ မိမိ မသိရပါ၊ အနာဂတ် မျိုးဆက်သစ်လူငယ်လေးတွေရဲ့နှလုံးသားထဲကို ဘယ်လောက်အထိ ထည့်သွင်း သင်ကြားပေးနေပါသလဲ၊ အပြော သာရှိပြီးအလုပ်မပါလျှင် လေသာများ လက်ကားမပါဆိုတဲ့ စကား အတိုင်း မိမိကိုယ်၌ တကယ်အရေးကြီးတဲ့ ဗုဒ္ဓအဆုံးအမတွေကို အနာဂတ်ဗုဒ္ဓဘာသာဝင်ရင် သွေးငယ်များ နှလုံးသားထဲမှာ ထည့်သွင်းပေးဖို့မိမိမှာ တာဝန်ရှိတယ်ဆိုရင်၊ မိမိတိုင်းပြည်၊ မိမိတို့ရဲ့ ကိုးကွယ်ရာ ဗုဒ္ဓအဆုံးအမတွေ တကယ်အရှည် တည်တံ့ခိုင်ခန့်စေချင်တယ်ဆိုရင် မြန်မာနိုင်ငံ အတွင်း မှာနေထိုင်ပြီး အနာဂတ်မြန်မာပြည်ကြီး ကို ပခုံးပြောင်းတာဝန်ယူကြမယ့် ဗုဒ္ဓဘာသာဝင် ရင်သွေးငယ်များရဲ့ နှလုံးသားထဲကို ဗုဒ္ဓ အဆုံးအမများကိုသင်ကြားပေးခြင်းဆိုတဲ့ အလုပ်ကို မဖြစ်မနေလုပ်ရမှာဖြစ်ပါတယ်။
အခုတော့ ကိုယ့်ဗုဒ္ဓဘာသာဝင် မြန်မာ ကလေးများရဲ့နှလုံးသားထဲကို ဗုဒ္ဓအဆုံး အမတရားများ ထည့်သွင်းပေးရမှာကို စိတ် မဝင်စားလို့လား၊ ဒါမှမဟုတ်အောက်ကျတယ် လို့ထင်လို့လား၊ ဒါမဟုတ် ဗုဒ္ဓဘာသာဝင် ရင်သွေးငယ်များနှလုံးသားထဲမှာ ဗုဒ္ဓအဆုံး အမများသင်ကြားပေးရတာ အခကြေးငွေဒေါ်လာ မရလို့လား၊ ဒါမှမဟုတ် ဗုဒ္ဓအဆုံးအမများကို သင်ကြားပေးနိုင်တဲ့ စွမ်းရည်မရှိလို့လား၊ ဒါမှမဟုတ် မိမိကိုယ်၌ကပဲ အမိမြန်မာပြည်ကို ချစ်ခင်ထိန်းသိမ်းရမှန်းမသိ၊ အမိမြန်မာပြည်မှာ ဗုဒ္ဓအဆုံးအမ ရေရှည်တည်တံ့ရေးကို မလို လားတဲ့အတွက်ကြောင့်လားတော့ မသိပါ။ အမိမြန်မာပြည်မှာ ကိုယ်စွမ်း နိုင်တဲ့ဘက်က အုတ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ပါဝင်ဆောင်ရွက် ခြင်းမရှိဘဲ နော်ဝေဆိုတဲ့ ဒီမိုကရေစီ နိုင်ငံကြီးမှာ သွားပြီး အမျိုးဘာသာ သာသနာအတွက် မိမိတို့စွမ်းနိုင်သလောက် လုပ်ဆောင်နေတဲ့ သံဃာတွေနဲ့ မျိုးချစ်လူပုဂ္ဂိုလ်တွေကို အဝေးကနေ ခွေးဟောင်သလို ဟောင်နေတာတော့ သဘာဝ မကျလှပါဘူး။
အရှင်ထာဝရက မျိုးဆက်သစ်လူငယ်တွေရဲ့ ရင်ထဲကို ဗုဒ္ဓရဲ့အဆုံးအမတွေ ကိန်းအောင်း ဖို့အရေး ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရင် မဘသအဖွဲ့ကြီးရဲ့ အမျိုးဘာသာ သာသနာ အတွက် စည်းရိုးတွေထိုးဖို့ နံရိုးတွေ စုနေစရာ လိုအပ်မယ်မထင်ပါဘူးလို့ ရေးသားထားတာတွေ့ ရပါတယ်၊ အဲဒီ စကားရပ်ဟာ မှန်သင့်သလောက်မှန်ပါတယ်၊ ဒါပေမဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ရင်ထဲ ကို ဗုဒ္ဓရဲ့အဆုံးအမတွေ ကိန်းအောင်းဖို့ အရေး ထိထိရောက်ရောက် ဆောင်ရွက် နိုင်ဖို့ ကိစ္စကို အရှင်ထာဝရအနေနဲ့ ဘယ်လောက် များ ကိုယ်အား, Óဏ်အား, ဓနအား တွေနဲ့ ဆောင်ရွက်နေပါသလဲ၊ ဒါမှမဟုတ် ဆောင်ရွက်နေတဲ့သူတွေကို ဘယ်လောက်အထိ ကူညီပံ့ပိုးနေပါသလဲ၊ တကယ်တမ်းဒီကိစ္စတွေကို အားကြိုးမာန်တက် ကာယအား, Óဏအား, ဓနအားတွေနဲ့ ဆောင်ရွက်နေသူတွေဟာ ဘယ် သူတွေလဲဆိုတာကို မသိရင် သိအောင် လေ့လာကြည့်စေလိုပါတယ်၊ အရှင်ထာဝရတို့လို လေသာ များ လက်ကားမပါတဲ့ပုဂ္ဂိုလ်တွေရယ်၊ လူ့အခွင့်အရေးလို့ သန်သန်အော်နေ သူတွေ ရယ်၊အရှင်ထာဝရတို့ ဖူးဖူးမှုတ်ကိုးကွယ်နေ တဲ့နိုင်ငံရေးပါတီက ပုဂ္ဂိုလ်တွေရယ် မပါဘူး ဆိုတာကတော့ သေချာသလောက်ပါပဲ၊ ရင်သွေးငယ်တို့ရဲ့နှလုံးသားထဲမှာ ဘုရား တည်ပေးခြင်းဆိုတဲ့ ဗုဒ္ဓအဆုံးအမတွေကို သင်ကြားပေးခြင်းကိစ္စတွေ မိမိတို့ရရှိထားတဲ့ နဝကမ္မဝတ္ထုငွေတွေကို စိုက်ထုတ်လှူဒါန်းပြီး ဆောင်ရွက်နေသူတွေဟာ မဘသအဖွဲ့ဝင် ဟုတ်သည်ဖြစ်စေ, မဟုတ်သည်ဖြစ်စေ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုး သူတွေကသာ ဆောင်ရွက်နေကြတာပါ။ ဒါမျိုးတွေဆောင်ရွက်လို့ သူတို့သက်ဆိုင်ရာ ပါတီမဲ အနိုင်ရမှုဖြစ်နိုင်မယ်မထင်တဲ့အတွက် အခြားမည်သည့်နိုင်ငံရေးပါတီနှင့် ပါတီဝင်ပုဂ္ဂိုလ်တွေကမှ ဒီလို အနာဂတ် မျိုးဆက်သစ်များရဲ့ရင်ထဲကို ဗုဒ္ဓအဆုံးအမ ရောက်အောင် ထည့်သွင်းပေးဖို့ ပြုလုပ်ပေး ခြင်း လည်းမရှိ၊ လုံးဝစိတ်ဝင်စားမှုလည်း မရှိဘူးဆိုတာလက်တွေ့ တွေ့မြင်ကြား သိနေရပါတယ်။
ပြီးတော့အနာဂတ်မျိုးဆက်သစ်တို့ရဲ့ ရင်ထဲမှာ ဗုဒ္ဓအဆုံးအမများရောက်အောင် သင်ကြား ပေးတာဟာ Óဏ်ခြံစည်းရိုးကာတာဖြစ်ပါ တယ်၊ လက်တွေ့ဖြစ်စဉ်တွေကို လေ့လာ ကြည့်တဲ့အခါÓဏ် စည်းရိုးတစ်ခုတည်းနဲ့ မပြည့်စုံ၊ မလုံလောက်တာကိုတွေ့ရပါတယ်။ ဘာသာခြားလူမျိုးခြားတို့ ဖျက်ဆီးမှုကိုခံရတဲ့ တချို့ကိစ္စရပ်များကို ကြည့်တဲ့အခါ စော်ကားခံရတဲ့မိန်းခလေးဟာ ဘာသာရေး အခြေခံမရှိလို့၊လျပ်ပေါ်လောလီလို့ခံရတာ မဟုတ်ပါဘူး၊ ဘာသာခြားလူမျိုးတို့ရဲ့ယုတ်ညံ့ အောက်တန်းကျ ညစ်ပတ်တဲ့နည်းမျိုးစုံကိုအသုံး ပြုပြီးအကွက်ကျကျစီမံကိန်းချ ဖျက်ဆီးတဲ့အတွက် ဗုဒ္ဓဘာသာဝင် မြန်မာတိုင်းရင်းသူမိန်းခလေး များ စော်ကားဖျက်ဆီးခြင်းကို ခံရတာဖြစ်ပါ တယ်၊ အဲဒီလိုစော်ကား ဖျက်ဆီးမှုကိုမျိုးကို ဥပဒေခြံစည်းရိုးနဲ့ကာကွယ်မှ ပိုမိုလုံခြုံစိတ်ချ ရပါတယ်၊အဲဒီအတွက် ဥပဒေအကာအကွယ် တစ်ခုရဖို့ အမျိုးစောင့်ဥပဒေဆိုတာကို တောင်းဆိုနေခြင်းဖြစ်ပါတယ်၊ ကိုယ့်ကိုယ်မှ၊ ကိုယ့်အမျိုး, ကိုယ့်ဘာသာ, ကိုယ့်သာသနာကိုမှ ကာကွယ်ရမှန်း၊ ထိန်းသိမ်းစောင့်ရှောက်ရမှန်း မသိတဲ့ပုဂ္ဂိုလ်၊ ထိန်းသိန်းကာကွယ် စောင့်ရှောက်မှုကို မပြုလိုတဲ့ပုဂ္ဂိုလ်တွေဟာ တိရစ္ဆာန်အဆင့်တောင် မရှိသူတွေလို့ ပြောရပါလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုရင် ဘုရားအလောင်းတော်တို့ဟာ တိရစ္ဆာန် ဖြစ်တာတောင် ကိုယ့်ကိုယ်လုံခြုံအောင်, ကိုယ့်အမျိုးဇာတ်တူ သူတွေလုံခြုံအောင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခဲ့ တဲ့ဖြစ်ရပ် သာဓကတွေကို ပိဋကတ်တော်လာဇာတ်တော် တွေမှာတွေ့မြင်ရလို့ပါပဲ။
ဒီနောက် အရှင်ထာဝရက ''အခုတော့ သံဃာ တွေက ကိုယ့်အလုပ်ကိုယ်မလုပ်ကြတဲ့အခါ စသည်ဖြင့်ရေးသားပြီး ထေရဝါဒဗုဒ္ဓသာသနာဟာ အခြားသူတွေရဲ့ အထင်အမြင်သေးစွာနဲ့ ပြော ဆိုဝေဖန်ခံလာရတာကြောင့် စိတ်မကောင်းစွာ နဲ့ သုံးသပ်တင်ပြဆွေးနွေးရပါတော့မယ်''လို့ရေးသား ထားတာတွေ့ရပါတယ်။ သံဃာ တွေက ကိုယ့်အလုပ်ကိုယ်မလုပ်ကြတဲ့ အခါတဲ့။ သြော် အရှင်ထာဝရကိုယ်၌ကတော့ သံဃာတွေကဆိုတဲ့ စာရင်းမှာမပါတဲ့သဘော ပေါ့။ ဗုဒ္ဓမြတ်စွာရဲ့သာသနာတော်မှာ ရဟန်း တော်တို့ ပြုလုပ်ရမယ့် အလုပ်နှစ်ခုရှိတယ် ဆိုတာတော့ အရှင်ထာဝရသိလောက်ပါရဲ့။ စာပေပို့ချမှုဂန္ထဓုရတာဝန်နှင့် ဝိပဿနာ တရားပွါးများအားထုတ်မှု ဝိပဿနာဓုရ တာဝန်ဖြစ်ပါတယ်၊ အရှင်ထာဝရဟာ ဗုဒ္ဓစာပေကိုသင်ကြားပို့ချပေးနိုင်တဲ့ စွမ်းရည်ရှိ တယ်ဆိုရင် အဲဒီနော်ဝေမှာ အရှင်ထာဝရ စာဝါတွေ ဘယ်နှစ်ဝါပို့ချပြီး ဂန္ထဓုရတာဝန်တွေကို ထမ်းဆောင်နေပါသလဲ၊အရှင်ထာဝရပို့ချပေးတဲ့ ဗုဒ္ဓစာပေတွေကို လာရောက်သင်ယူမှတ်သား ကြတဲ့ ကိုရင်ရဟန်းဘယ်နှစ်ပါးရှိပါသလဲ၊ ဝိပဿနာဓုရကို ဘယ်အတိုင်းအတာအထိ ကြိုးကြိုးစားစားပွားများအားထုတ်ပါသလဲ၊ နော်ဝေနိုင်ငံကို သွားရောက် နေထိုင်တာဟာ မြတ်စွာဘုရားရဲ့ ဂန္ထဓုရ,ဝိပဿနာဓုရတာဝန် တွေကိုထမ်းဆောင်ဖို့သွားတာလား ဒါမှမဟုတ် မြန်မာနိုင်ငံမှာ ဗရုတ်သုက္ခတွေပြုမူပြော ဆိုသွားလာနေထိုင်ရအားမရလို့၊ မချောင်လို့ နိုင်ငံရပ်ခြားသွားပြီးဗရုတ်သုက္ခပြုနေတာလား၊ အခုအမျိုးဘာသာသာသနာနဲ့ပတ်သက်တဲ့ကိစ္စရပ်တို့ကို မိမိ စွမ်းနိုင်သမျှဦးဆောင်ပြီး ဆောင်ရွက်နေတဲ့ သံဃာတော်များကအစ မိမိသဘောနဲ့ဝိုင်းဝန်း ပါဝင်ဆောင်ရွက်နေကြ တဲ့သံဃာတော်များဟာ များသောအားဖြင့် မိမိတို့ ကျောင်းတိုက်ရဲ့သက်ဆိုင်ရာ စာဝါပို့ ချပေးမှုဆို တဲ့ ဂန္ထဓုရတာဝန်ကို ထမ်းဆောင်နေကြတယ်၊ အခြား သံဃာတော်တွေလည်း ကိုယ်စွမ်းနိုင် သလောက်ဝိပဿနာဓုရကိုထမ်းဆောင်နေကြ တယ်ဆိုတာကို မယုံကြည်ရင် တိတ်တဆိတ် လာရောက် လေ့လာကြည့်ပါ သိပါလိမ့်မယ်။ အရှင်ထာဝရကိုယ်၌ကား ဘာမှမလုပ်တဲ့အတွက် အခြားသံဃာတွေ လည်းငါ့လိုနေမှာပဲလို့တွေးပြီးမဟုတ်မဟပ်တွေတော့မရေးပါနဲ့လို့ပြောလိုပါတယ်။
''စစ်အာဏာရှင်ရဲ့လှည့်စားမှုအောက်မှာ သံဃာဂိုဏ်းကွဲ၊ဆရာဒကာအစိပ်စိပ်အမွှာမွှာကွဲ ပြဲ ကြတဲ့ အဖြစ်ကို ရောက်နေတဲ့အပြင်''လို့ ရေးသားထားပြန်ပါတယ်၊ ဟုတ်ပြီ စစ်အာဏာရှင်ရဲ့ ဖမ်းဆီးနှိပ်စက်မှုဒဏ်ကို အရှင်ထာဝရကိုယ်တိုင်ခံစားခဲ့ရပါသလား၊ အခုအမျိုးဘာသာ သာသနာရေးကိစ္စရပ် များကို ဦးဆောင်ဦးရွက်ပြုနေတဲ့ အင်းစိန် ရွာမပရိယတ္တိစာသင်တိုက်ပဓာနမဟာနာယက ဆရာတော်ကြီးဟာ ကိုယ်တိုင်စစ်အစိုးရရဲ့ ဖမ်းဆီးနှိပ်စက်မှုကိုခံခဲ့ရသူပါ။ ကိုယ့်ဘို့ တစ်ဘို့သာကြည့် တတ်တဲ့နိုင်ငံရေးသမားများနဲ့ ဘာသာခြားမူစလင်ကုလားရဲ့အဆဲအမုန်း ခြိမ်းခြောက်မှုတို့ကို အများဆုံးအမုန်းခံရတဲ့ အရှင်ဝီရသူအစရှိတဲ့ သံဃာတော်တွေဟာ စစ်အစိုးရရဲ့ မတရားဖမ်းဆီး နှိပ်စက် ထောင်ချ တာတွေကိုနှစ်ပေါင်းများစွာခံခဲ့ရတဲ့သူတွေပါ။ စာရေးသူရဲ့ဖခင်ကိုယ်တိုင် စစ်အစိုးရရဲ့ မတရား ဖမ်းဆီးနှိပ်စက်မှုကိုခံခဲ့ရသူပါ ဒီလိုကိုယ့်ကိုယ်နှိပ်စက်ခဲ့ ကိုယ့်မိသားစုကို နှိပ်စက်ခဲ့တဲ့စစ်အစိုးရကို အားပေးတဲ့အလုပ်၊ စစ်အစိုးရသက်ဇိုးဝ်ရှည်မယ့် အလုပ်ကို လုပ်မလုပ်ဆိုတာ အသိÓဏ်မဲ့သူတွေ မသိနား မလည်ပေမယ့်အသိÓဏ်နဲ့ပြည့်စုံသူတွေနား လည်ပါတယ်။ သားသမီးမွေးရ တဲ့ဆင်းရဲဒုက္ခကို သားသမီးမမွေးတဲ့အမြုံမက မသိနိုင်သလို၊ စစ်အစိုးရရဲ့နှိပ်စက်မှု လက်တွေ့ ခံရတဲ့သူလောက် ဘေးကနေ အသံကောင်းဟစ်အော်နေသူတွေ မသိနိုင်ပါဘူး။ ဒါကြောင့် ဒီဆရာတော်တွေဟာ စစ်အစိုးရအာဏာ သက်ရှည်အောင်လုပ်မည့်သူများမဟုတ်ဘူးဆိုတာ သေချာ သဘောပေါက်နားလည်သင့်ပါတယ်။
ပြီးတော့ သံဃာဂိုဏ်းကွဲ ဆရာဒကာကွဲ စသည်ဖြင့်လည်း အရှင်ထာဝရကရေးသား ထားပြန်ပါတယ်၊ သံဃာဂိုဏ်းကွဲတယ် မကွဲဘူးဆိုတာ ရန်ကုန်မှာကျင်းပတဲ့ အင်းစိန် သံဃာ့ညီလာခံနဲ့ မန္တလေးမှာကျင်းပတဲ့ အတုမရှိသံဃာ့ညီလာခံတွေကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။ အဲဒီသံဃာ့ညီလာခံတွေြ<ွကလာတဲ့ သံဃာတော်တွေကို အမိန့်နဲ့ မဖြစ်မနြေ<ွက ရမယ်လို့ အမိန့်ထုတ်တာလည်းမပါဘူး။ြ<ွကရောက်လာတဲ့ သံဃာတွေကို ခရီးစရိတ် လည်းမပေးနိုင် ဘူး။ ဒါပေမယ့် အမျိုးဘာသာ သာသနာ ချစ်စိတ်နြဲ့<ွကလာကြတဲ့ သံဃာ တွေရဲ့အရေအတွက်ဟာ မနာလိုဝန်တိုသူတွေ, ပါတီစွဲ၊ ဂိုဏ်းစွဲ၊ ပုဂ္ဂိုလ်စွဲနဲ့ လုပ်ဆောင်နေသူတွေ ငြူစူမှုဖြစ်လောက်အောင် များပြားတာကိုတွေ့မြင်ရပါတယ်၊ ဟိုတုန်းက သုဓမ္မာ၊ ရွှေကျင်၊ ဒွါရတစ်ဝိုင်း ဆွမ်းအတူ မစားနိုင်လောက်အောင် ကွဲပြားခဲ့ပေမယ့် အခုတော့ညီ အကိုတတွေချစ်ချစ်ခင်ခင်နဲ့ အတူစား အတူသွားအလာလုပ်ကိုင်ဆောင်ရွက် နေတာကိုတွေ့ရပါတယ်။ တပည့်တော်ဟာ ဒွါရမဟုတ်တော့ ဘူးဘုရား ဒွါရောဖြစ်နေပါပြီလို့ အင်းစိန် သံဃာ့ညီလာခံနှစ်ပတ်လည်အခမ်းအနားမှာအောင်ဆန်းတပ်ဦးကျောင်းဆရာတော် ဘဒ္ဒန္တကိတ္တိသာရ ပြောကြားတဲ့ စကားကိုရော အရှင်ထာဝရကြားမိပါရဲ့လား၊ အဲဒီတော့ဘယ်မှာ တင်သံဃာဂိုဏ်း ကွဲပြားမှုဖြစ် နိုင်တော့မှာလဲ၊ အမျိုးဘာသာ သာသနာကိုစောင့် ရှောက်ထိန်းသိမ်းဖို့လို အပ်ပြီလို့လက်ခံထားတဲ့ ဒကာ,ဒကာမတွေဟာစိတ်ဝမ်းမကွဲပြားတဲ့အပြင် မိမိတို့စွမ်းနိုင်သမျှ ဝတ္ထုငွေတို့ဖြင့် ပံ့ပိုးလှူဒါန်းကြတာအများပါပဲ အရှင်ထာဝရပြောသလို သံဃာဂိုဏ်းလည်း မကွဲပါဘူး၊ ဆရာဒကာလည်း မကွဲပါဘူး။ အရှင် ထာဝရတို့လို ''ပါတီတစ်ခု ပုဂ္ဂိုလ်တစ်စုကို သာ သရဏံ ဂစ္ဆာမိ''လုပ်နေကြတဲ့ တစ်ဖက်သတ် အမြင်သာရှိတဲ့ ပုဂ္ဂိုလ်တွေကတော့ကွဲပြားမှာ ပေါ့။
ပြီးတော့ အရှင်ထာဝရက''တစ်ချိန်က အများသူငါ လေးစားကြတဲ့ မြန်မာနိုင်ငံ ရဲ့ ထေရဝါဒဗုဒ္ဓသာသနာဟာ အခြားသူ တွေရဲ့ အထင်အမြင်သေးစွာနဲ့ ပြောဆို ဝေဖန်ခံလာရတာကြောင့် စိတ် မကောင်းမစွာနဲ့ သုံးသပ်တင်ပြဆွေးနွေးရပါတော့မယ်''လို့ ရေးသားထားပြန်ပါတယ်။ သူရေးသားပုံက မဘသသံဃာတော်များရဲ့ပြုမူဆောင်ရွက်ချက် တွေက အများဝေဖန်အထင်သေးစရာဖြစ်တယ် လို့ဆိုချင်ပုံရပါတယ်။ မ.ဘ.သကို ဦးဆောင် ဦးရွက်ပြုနေကြတဲ့ သံဃာတော်တွေဟာ ဗုဒ္ဓမြတ်စွာထေရ ဝါဒသာသနာကို တန်ဖိုး ထားလွန်းလို့ ဂုဏ်သိက္ခာတွေကျဆင်းသွားမှာစိုးလို့ သူများတွေရဲ့အပြစ်တင် အကဲ့ရဲ့အဝေဖန်ခံပြီး ကိုယ်စိတ်နှစ်ပါးအပင်ပန်းခံဆောင်ရွက်နေကြတာပါ။ ကိုယ့်ဘာသာ ကိုယ့်သာသနာကို ပျက်စီးစေချင်ရင်ဒီလိုအပင်ပန်းခံဆောင်ရွက်နေဖွယ်တောင်မလိုပါဘူး၊ ဒကာ, ဒကာမတွေဆွမ်းစားပင့်ရင် လိုက်စားလိုက်၊ ကရဏီယမတ္ထကုသလေန-စသည်ကိုရွတ်လိုက်၊ ဒကာ, ဒကာမလှူဒါန်း တဲ့ပစ္စည်းကိုယူလိုက်၊ ကျောင်းပြန်ရောက်တဲ့အခါ အဲယားကွန်းခန်းထဲမှာ ဇိမ်နဲ့နေလို့ရပါတယ်၊ အမျိုးဘာသာ သာသနာထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးကိစ္စကို ကိုယ်နှင့် မဆိုင်သလို နေသာသလိုနေထိုင်တဲ့ သာသနာတော်က သူတို့ရဲ့တာဝန်တွေကို ထမ်းဆောင်နေရတဲ့ သာသနာဝန်ထမ်းတွေ လည်းအများရှိကြပါတယ်။ အများသော အားဖြင့်မဘသမှာပါဝင်ဆောင်ရွက်နေကြတဲ့ သံဃာတွေဟာအဲဒီလိုဇိမ်ခံအတန်းစားထဲမှာမပါဝင်ကြပါဘူး။ ကိုယ်လုပ်သင့်လုပ်ထိုက် တဲ့အလုပ်ကို အပင်ပန်းခံလုပ်နေကြတာပါ၊ အဝေဖန်ခံနေရတယ်လို့ အရှင်ထာဝရက ရေးသားထား ပါတယ်၊ ဘယ်ပုဂ္ဂိုလ်တွေက ဝေဖန်နေတာတုံး။ လူ့အခွင့်အရေးလို့ အသံ ကောင်းဟစ်နေကြတဲ့နိုင်ငံ အချို့နဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးပါရဂူနိုင်ငံရေးယောင်ဝါးတွေက ဝေဖန်နေကြတာမဟုတ်လား၊ တကယ်ကော မြန်မာနိုင်ငံက နိုင်ငံရေးယောင်ဝါးပုဂ္ဂိုလ်တွေ, လူ့အခွင့်အရေးလို့အော်နေတဲ့ ပုဂ္ဂိုလ်ဟာ ဘာသာခြားလူမျိုးခြားတို့ရဲ့ သက်ဆိုင်ရာ အာဏာပိုင်တို့ကို လာဘ်ထိုးပြီးအနိုင်ကျင့် စော်ကားလူ့ အခွင့်ရေး အချိုးဖေါက်ခံနေရတဲ့ ဗုဒ္ဓဘာသာဝင် မြန်မာတိုင်းရင်းသား, တိုင်းရင်းသူ တို့ များစွာရှိပါတယ်၊ အဲဒီလိုလူ့အခွင့်အရေး အချိုးဖေါက်ခံနေရတဲ့ ဗုဒ္ဓဘာသာဝင်တွေ ကို ဘယ်လောက်များ ကူညီစောင့်ရှောက် အားပေးထောက်ပံ့မှုကိုပြုလုပ်ဖူးကြပါသလဲ။ အရှင်ထာဝရဆိုတဲ့ပုဂ္ဂိုလ်ရော ဘာသာခြားလူ မျိုးခြားတို့ရဲ့ အနိုင်ကျင့်စော်ကားခံရတဲ့ ကိုယ့် ဗုဒ္ဓဘာသာဝင်မြန်မာတိုင်းရင်းသား, တိုင်းရင်းသူတို့ကို အကူအညီပေးဘူးပါသလဲ။ မိမိတို့ဟာ ဗုဒ္ဓသာသနာကိုခုတုံးလုပ်ပြီး ဗုဒ္ဓသာသနာညှိုးနွမ်းအောင် စေတနာဆိုးဖြင့် အမြတ်ထုတ်လုပ်ကိုင်တာ မရှိတဲ့အတွက် ဘယ်လူ့အခွင့်အရေးသမားကဝေဖန်ဝေဖန် ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ စောင့်ရှောက်ရေးလုပ်ငန်းကိစ္စကို မျက်ကွယ် ပြုရပ်တန့်သွားမှာမဟုတ်ပါဘူး၊ ဥပမာ ခပ်ရိုင်းရိုင်းပေးရရင်တော့ ခွေးဟောင်တိုင်း ထမကြည့်ဘူးလို့ဆိုလိုပါတယ်။

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။