""""""""လူငယ်က တိုင်းပြည်အနာဂတ်ကို ဆုံးဖြတ်ပေးတယ်""""""
အောင်မြင်သူ
- ဆုံးဖြတ်ချက် ပြတ်သားတယ်
- ကိုယ်တာဝန်ကိုယ်ယူရဲတယ်
- အတတ်နိုင်ဆုံးအကောင်းမြင်တဲ့အမြင်နဲ့ကြည့်တယ်
- ကိုယ့်လမ်းကိုဖောက်တယ်
ရှုံးနိမ့်သူ
- ဆုံးဖြတ်ချက်ေ၀၀ါးတယ်
- သူတစ်ပါးကို အပြစ်ပုံချဖို့ဝန်မလေးဘူး
- အရာရာကို အဆိုးမြင်အကြည့်နဲ့ကြည့်တယ်
- သူတစ်ပါးလမ်းအတိုင်းသွားတယ်။
လူငယ်ဆိုတာ ဖျက်လတ်တက်ကြွသော၊ ရဲရင့်သော၊ သန်စွမ်းသော၊ ခိုင်မာသော၊ သတ္တိရှိသော၊ နိုးကြား၍ဇွဲရှိသောသူကို လူငယ်ဟု ခေါ်ပါသည်။ သို့သော်ထိုလူငယ်၏ ဂုဏ်ပုဒ်များသည် ကောင်းမွန်သော၊ အကျိုးရှိသော နေရာများတွင်သာ အသုံးချသင့်ပါသည်။ အမျိုးဘာသာကို ထိခိုက်စေနိုင်သော၊ ယဉ်ကျေးမှုကို ပျက်ပြားစေနိုင်သော အမှုကိစ္စများတွင် အသုံး ချမည်ဆိုပါက မသင့်တော်နိုင်ပေ။ အမျိုးကိုဆက်မည့်၊ ထိန်းသိမ်းမည့် သစ်လွင်ရဲရင့်သော မျိုးဆက်သစ် လူငယ်များသာ ဖြစ်သင့်ပါသည်။ ထို့ကြောင့် တမျိုးသားလုံး၏ ကောင်းမွန်သော ယဉ်ကျေးမှုများ၊ ဓလေ့စရိုက်များ၊ ထုံးတမ်းစဉ်လာများ ကိုအမွေဆက်ခံမည့် “မွေခံထိုက်စေ လူငယ်များ” ဖြစ်ဖို့ရန်မှာ မိမိတို့ ထေရ၀ါဒဗုဒ္ဓဘာသာ မြန်မာလူငယ်များ အားလုံးတွင် တာဝန်ရှိပါသည်။ ကောင်းသည့်အမွေများအား ဆက်ခံသင့်သလို မကောင်းသည့်အကျင်၊့ စရိုက်ဆိုး များကိုလည်း ဖယ်ရှားပစ်ရမည့် တာဝန်မှာ အမျိုးသားရေးတာဝန်ပင်ဖြစ်ပေတော့သည်။

ယနေ့ခေတ်သည် ပညာ ခေတ်ဖြစ်ရာ ပညာနောက်ကျ လျှင် နိုင်ငံပါ နောက်ကျသွားလိမ့်
မည်။ ပညာဆိုသည်မှာလည်း ဤ လူငယ်ဘ၀၌ နေ့နေ့ညည သဲကြီး မဲကြီး လုပ်နိုင်ပါမှ
တန်ကာကျ ပေမည်။ အဘယ့်ကြောင့်ဆိုသော် ယနေ့ခေတ်သည် နည်းပညာတိုး
တက်ပြောင်းလဲမှုက မြန်ဆန်လွန်းသောကြောင့် ဖြစ်သည်။ ထို့ပြင်
မိမိတို့နိုင်ငံသည် ဒေသတွင်းနိုင်ငံများနှင့် ယှဉ်လျှင်ပင် ဖွံ့
ဖြိုးမှုနောက်ကျနေသေးသည်ဖြစ်ရာ ပို၍ ကြိုးစားရန်လိုပေသည်။ ယနေ့
မြန်မာနိုင်ငံတွင် ပညာသင် ယူလိုစိတ်ရှိပါက အခွင့်အလမ်း ပေါင်း
မြောက်မြားစွာ ပေါ်ပေါက် နေပေပြီ။ လူငယ်များသည် ““ဘီ ယာ သောက်ပြီး
ဂီတာခေါက်”” နေရတော့မည့်အချိန် မဟုတ် တော့ပေ။ လူငယ်ဘ၀အချိန်များ သည်
နွေဦးကာလသစ်ရွက်များ ကြေသလို စက္ကန့်တိုင်း တဖြုတ် ဖြုတ်ကြေကျနေသည်။ ဘာပညာ
မှ မည်မည်ရရ မတတ်လိုက်ဘဲ လူငယ်ဘ၀ ကုန်ဆုံးသွားလျှင် အရှုံးကြီး
ရှုံးပေတော့မည်။
တစ်နေ့က မိမိလမ်းလျှောက်ရင်း လူငယ် နှစ် ယောက်စကားပြောနေတာ ကြားရပြီး ဒီနေ့ခေတ်လူငယ်တွေပုံစံက ဟိုလ်တုန်းကမြင်နေ တွေ့နေကျ ပုံစံတွေမဟုတ်။ ဆံပင် ဆေးဆိုးပြီး ကောက်ထားကာ နားကပ်ဝတ်ထားပြီး လက်မောင်း တွင်လည်း ဆေးမင်ကြောင်အ ပြည့် ထိုးထားသည်။ နှစ်ယောက် စလုံးပိန်ချုံးကာ ဖန်စီဆွဲကြိုးကို လည်းဝတ်ထားကြသည်။ မျက် တွင်းတွေကလည်း ညိုလို့။ သူတို့ပြောတဲ့စကားကို ကြားပြီး မိမိစိတ်ထဲမှာ ပထမဆုံး မှတ်ချက်ချလိုက်တာက ““ရိုင်းလိုက် တာ”” လို့မှတ်ချက်ကြဘူးတယ်။
မိမိရဲ့အတွေးက လူငယ်နှစ်ယောက်ပြောတဲ့ စကားကြောင့် ယနေ့ခေတ်လူငယ်များ အကြောင်း အတွေးပွားစရာ ဖြစ်လာရပါတယ်။ လူငယ်နှစ်ယောက်ပြောတာနော်။ မိမိပြောတာမဟုတ်ဘူး။
““...အထူးသဖြင့်တော့ ရပ်ကွက်ထဲက အသက် ၁၅၊ ၂၀
လူငယ်တွေ ရိုင်းစိုင်းကုန်ကြ ပြီလား။ အရက်သမား လူရမ်း ကားတွေ ဖြစ်ကုန်တဲ့ လူငယ်တွေ များနေကြပြီလား။ သူတို့ရဲ့ အ ချိန်တွေကို ရပ်ကွက်ထဲမှာ ဘယ် လိုဖြတ်သန်းနေပါသလဲ။ လက် ဖက်ရည်ဆိုင်မှာလား၊ ဘီယာဆိုင် မှာလား၊ ရှိုးပွဲတွေမှာလား၊ နိုက် ကလပ်၊ ဒေးကလပ်တွေမှာလား။ တစ်နိုင်ငံလုံးမှာ ဘယ်လောက်ရာ ခိုင်နှုန်းအထိ ရှိနေပြီလဲ။သူတို့ ဟာ ဒီအတိုင်းဖြတ်သန်းသွားလျှင် နောင်တစ်ချိန်မှာ “လူကြီး” ဖြစ်ပါ့မလား။ နိုင်ငံ့တာဝန်ကို ပခုံးပြောင်းထမ်းဆောင်နိုင်ပါ့မလား။ နိုင်ငံတကာနှင့်ရင်ပေါင်တန်း၍စီးပွားရေးလုပ်ငန်းများကိုလုပ်ဆောင်နိုင်ပါ့မလားဆိုတာမိမိအတွေးဝင်လာခဲ့ပါတယ်။
သူတို့ပြောတဲ့ စကားတွေ ခေတ်သိပ်ဆန်ပြီး ကြောက်စရာကောင်းလောက်အောင်ပါပဲ
““...အဲဒီ့ဘဲကြီးက ဘာတွေလုပ်လဲတော့ မသိဘူး ငါ့ကို တွေသွားရင် ဘီယာ အမုန်းတိုက်တယ်။ ရေလည်လျှံတဲ့ ဘဲကြီးကွာ ..””
ဒီလိုစကားမျိုး မိမိကတော့ဒီတစ်ခါပဲ ကြားဖူးတယ်။ အခြားအကြောင်းအရာ တော်တော်များများလည်း ပြောနေကြသေးတယ်။ ဘယ်ကောင်မလေးကို ဖန်လျှင် ရနိုင်ကြောင်း၊ ဘယ်နေ့ဘာရှိုးပွဲရှိကြောင်း၊ဘယ်ဘီယာဆိုင်မှာ အသစ်ကလေးတွေ ရောက်နေကြောင်း၊ဘယ်ကောင့်ကိုကြည့်မရကြောင်း...စသဖြင့်ကောင်းတဲ့အကြောင်းအရာ တစ်ခုမှ မပါဘဲ အရည်မရ၊ အဖတ်မရ စကားလုံး၊ သေးနုပ်သိမ်ဖျဉ်းသော စကားလုံးများချည်းသာကြားနေပါတယ်။ နောက်ဆုံးပြောလိုက်တဲ့စကားကတော
့ ““မင်းမနက် ဖြန်ကျောင်းလာမှာလား””တဲ့။
မိမိက သူတို့ကို ကလေကချေအကောင်တွေ အောက်မေ့နေတာ။ လက်စသတ်တော့ ကျောင်းသားတွေကိုး။ မိမိကတော့ သူတို့ကိုစိတ်ထဲကနေပြီးနာမည်ပေးလိုက်ပါတယ်။ ဘာကျောင်းသားလဲ။ ““ဘုရားစူး ကျောင်းသား၊ မိုးကြိုးပစ် ကျောင်းသား”” လို့။
မိမိအဆိုအမိန့်တစ်ခုကြားဖူးပါတယ်။
““နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ကို သိချင်ရင် အဲဒီ့နိုင်ငံမှာ ရှိတဲ့ လူငယ်တွေ ယနေ့ဘာတွေ လုပ်နေသလဲဆိုတာကို ကြည့်ပြီး ပြောနိုင်ပါတယ်”” တဲ့။
ထိုစဉ်က မိမိသည် ဆယ်ကျော်သက် အရွယ်သာသာ ဖြစ်၍ သူတို့က လမ်းညွှန်၊ ဆုံးမမှုများ အမြဲလုပ်သည်။ အကျိုးနှင့် အကြောင်းနှင့်၊ သာဓကနှင့် ယုတ္တိ ရှိရှိ ဆိုဆုံးမသည်ဖြစ်၍ နာယူရန် လွယ်သည်။ တကယ်တော့လူငယ် ဆိုသည်မှာ ““ဒါမလုပ်နဲ့”ဆိုလျှင် ပို ၍ လုပ်ချင်ကြသည်မဟုတ်လား။ အကျိုးအကြောင်းနဲ့မှ နာယူကြမှာပါ။ နောက်တစ်ချက်က သူတို့သည် မိမိအဖို့ ဘယ်လို ကြည့်ကြည့် လေးစားအားကျလောက်ဖွယ်ရ လူငယ်များဖြစ်သည်။ သူတို့၏ ဆိုဆုံးမမှုလမ်းညွှန်မှုများကို တလေးတစားတန်ဖိုးထားမိပါသည်။
မိမိ တစ်ခါက လူငယ်လေးတစ်ယောက် တွေ့ဖူးပါတယ်။ ဆယ်တန်းကို တဖုန်းဖုန်းကျနေတဲ့ လူငယ်လေးပေါ့။ သူဟာ အရက်တော် တော်သောက်ပါတယ်။ ဆယ်တန်းကျလို့ အရက်သောက်၊ အရက်သောက်လို့ ဆယ်တန်းကျ သံသရာလည်နေသူပေါ့။ တကယ် တော့ သူအရက် စသောက်ဖြစ် တာဟာ မိဘများရဲ့ အိမ်တွင်းရေး ကြောင့်ပါ။ ကာယကံရှင်ကတော့ မသိဘူး။ ဘေးက လူအနေနဲ့ အဲဒီ့ အိမ်တွင်းရေးဆိုတာ ဘာမှကြီး မားတဲ့ ကိစ္စမဟုတ်ပါဘူး။ စကားထဲကို ထည့်ပြောနေစရာကိစ္စ မဟုတ်ပါဘူး။ အဲဒါကို အဆိုပါ လူငယ်လေးက ရေးကြီးခွင်ကျယ် လုပ်၊ ခံစားချက်တွေ ကြီးမား၊ အရေးကြီးတဲ့ ဆယ်တန်းကို မထီမဲ့မြင်လုပ်၊ အရက်သောက်၊ သောက်ရင်းနဲ့စွဲ၊ စွဲရာက စာမေး ပွဲကျ၊ စာမေးပွဲကျလို့ အရက် သောက်၊ အရက်သောက်ပြီး ဘာမဟုတ်တဲ့ အိမ်တွင်းရေးကို ထုတ်ဖော်။ သူဟာ သူ့ဘ၀ကို ပစ်စလက်ခတ် ရေစုန်မျှောနေခဲ့ တာ လေး၊ ငါးနှစ်တောင်ကြာပြီ။ တစ်နေ့ မိမိနယ်ကို ပြန် ရောက်ခိုက် သူနဲ့အေးအေးဆေးဆေးတွေ့ဖြစ်တော့ သူတို့ အကျိုးအကြောင်းနဲ့လမ်းကြောင်းများအကြောင်း၊ ယုတ္တိရှိရှိ ပြောပြပါတယ်။ ပြောရင်းပြောရင်းနဲ့ မိမိကပဲ စည်းရုံးရေးကောင်းတာလားတော့မသိဘူး။ အဲဒီ့လူငယ်လေး မျက်ရည်ပိုးပိုးပေါက် ပေါက်ကိုကျတော့တာပဲ။ တကယ် က လူငယ်ဆိုတာ ပင်ကိုက ဖြူစင်တယ်။ ကောင်းမွန်ချင်ကြ တယ်။ ပညာရေးအောင်မြင်ချင် ကြတယ်။ အတွေးတစ်ချက်မှား သွားလျှင် ဘ၀ပါ ပျက်သွားနိုင် လောက်သည်အထိဖြစ်ကြမဟုတ်ပါလား။ အဲဒီမှာ မိမိ တစ်ခုသိလိုက်ရတာက ရပ်ထဲရွာထဲမှာ သူ့ကို ဘယ်သူမှ မဆုံးမကြပါလား ဆိုတာကိုပဲ။ မိမိသူ့ကို နောက်ဆုံး အကြံ ပေးလိုက်ပါတယ်။ ပထမဆုံး မင်း အရက်ဖြတ်၊ နောက်ပြီးရင် မင်း မိဘကို အကျိုးအကြောင်းပြောပြီး နောက်နှစ် စည်းကမ်းကောင်းတဲ့ ဘော်ဒါတစ်ခုခုကို သွားနေပြီး ဆယ်တန်းပြန်ဖြေလို့။ ဒီကောင် လေးက ငွေရှိပါတယ်။ ဒါ့ကြောင့်ဒီပတ်ဝန်းကျင်က ခွာခိုင်းပြီး ကောင်းမွန်ရာနေရာကိုသွားဖို့ ပြောလိုက်တာပါ။ ပတ်ဝန်းကျင် ဆိုတာလည်း လူငယ်တွေအပေါ် မှာ ကြီးကြီးမားမား လွှမ်းမိုးမှုရှိ ပါတယ်။ စာကြိုးစားသော ပတ် ၀န်းကျင်ရောက်လျှင် စာကြိုးစား ဖို့ အခွင့်အလမ်းပွင့်သွားမှာပါ။
ယခုမူ ထိုလူငယ်လေးကျေးဇူးကြောင်း သူလိုဘ၀တူ မိတ်ဆွေတွေဝိုင်းဝန်တည်းတောင်ထားတဲ့ဘ၀ကို အဆင့်အတန်းမြင့်မြင့်၊ဂုဏ်သိက္ခာရှိရှိရပ်တည်နေကြတဲ့လူငယ်အဖွဲ့လေးဖြစ်တဲ့အဖြစ်နှလုံးသားမှာ”ထာဝရမော်ကွန်းတင်ထားကြောင်းသိလိုက်ရတော့ဝမ်းသာပိတိဖြစ်ရပါတယ်။
မည်သို့ပင်ဖြစ်စေကာမူ မိမိအနေဖြင့် “လူငယ်အရေး၊ ပေါ့သေးသေးမဟုတ်” ဟုဆိုချင်ပါသည်။ ယနေ့ မြန်မာနိုင်ငံတွင်ပညာရေးကို ပြင်းပြင်းထန်ထန်လိုက်စားနေကြကုန်သော လူငယ်များရှိသကဲ့သို့ လမ်းဘေးမှာ ဂျလေဘီ လုပ်နေကြသူများလည်း ဒုနဲ့ဒေးနဲ့ရှိနေပါသည်။ အချိုးချ ကြည့်လျှင်ဘယ်ရွေ့ ဘယ်မျှဟု တပ်အပ်မပြောနိုင်သော်လည်း သေချာတာကတော့ အချိုးမညီ မှာကတော့ သေချာပါသည်။ ဆို ကြပါစို့။ ခုနေအခါ ဤနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားများ သန်း နဲ့ချီဝင်လာပြီ။ ကမ္ဘာ့အဆင့်မီ ကုမ္ပဏီကြီးများ အောတိုက်ဝင် လာပြီ။ သူတို့က နိုင်ငံခြားဘာ သာ စကားကျွမ်းကျင်သော၊ နည်း ပညာကျွမ်းကျင်သော လူငယ်များ ““ရသလောက်”” လိုချင်သည်။ လစာကလည်း နိုင်ငံခြားသွားလုပ် တာထက်များသည်။ ဤသို့ဆိုပါ လျှင် လူငယ်များအနေဖြင့် အ ဆင်သင့်ဖြစ်နေပြီလားဟုမိမိကိုယ်ကိုပြန်မေးကြည့်စေလိုပါသည်။
ယနေ့ခေတ်တွင် ပညာတတ် ပါက ကြီးမားသော အခွင့်အလမ်း မြောက်မြားစွာ ပေါ်ထွန်းနေပါ သည်။ အနာဂတ်၏ လူငယ် အနေဖြင့် အခုလိုအချိန်မှာ မိမိတို့၏ရွေးချယ်မှုအတိုင်းသာ ရှေ့သို့ ဆက်လက် တက်လှမ်းနိုင်မယ်ဆိုရင်မိမိဒီဆောင်းပါးလေးရေးရကျိုးနပ်ပါတယ်။
လူငယ်တို့ရေ နောက်ဆုံးတော့ မိမိတို့ ဗုဒ္ဓကိုယ်တော်ကိုယ်တိုင်လည်း အမျိုးသားနိုင်ငံရေးကို လုပ်ခဲ့တာပဲလေ အခုလို မွန်မြတ်တဲ့ ထာဝရ အလင်းရောင်ပေးနေတာဟာ ဗုဒ္ဓတရားတော်အတိုင်းဖြစ်လို့ လူ၊နတ်ချစ်ခင်ကြမှာပါပဲ။ အဲဒီလိုပဲ စီးပွားရေး၊ကြီးပွားရေး၊ လူမှုရေး၊ပညာရေး၊တိုင်းပြည်အရေးစတဲ့ လုပ်ငန်း ကိုင်ငန်း လုပ်ကြတာချင်းဟာ တရားအားထုတ်တဲ့ သူဖြစ်ဖြစ်၊အားမထုတ်တဲ့ သူဖြစ်ဖြစ် အတူတူလုပ်ကြ ကိုင်ကြတာပဲဖြစ်လို ကြိုးစားကြဖို့လိုတယ်နော်။
ဒါပေမယ့် အသိဥာဏ်နည်း၊ကိလေသာအပူတွေများနေတဲ့ တရားအားမထုတ်တဲ့ သူတွေဟာ အရာရာမှာ စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်းဆင်းရဲတာတွေနဲ ကြုံကြရမယ်။ဒီတော့ မင်းတို့မျိုးဆက်သစ်များ အတွက် အနာဂတ် အလင်းရောင်ပေးနေတဲ့ သူငယ်တွေဟာ လောကဓံနဲ့ကြုံရင်လည်း အသိဥာဏ်နည်းတဲ့ အတွက်ကြောင့် ပိုပြီး စိတ်ညစ်၊ပိုပြီးဒုက္ခရောက်တက်တယ်။
ဒါကြောင်း မင်းတို့နှလုံးသားမှာ ကိုယ်ကျင့်သီလကို ခါးဝတ်ပုဆိုးကဲ့သို့မြဲမြန်ကြပြီး။ဝိပဿနာဥာဏ်၊အသိဥာဏ်ရှိသူဟာ စိတ်ပူပန်မှုတွေ လျော့နည်းပြီး ဘယ်လိုလောကဓံနဲ့ကြုံကြုံ ရင်ဆိုင်နိုင်တယ်။ ရင်ဆိုင်ရဲတယ်။ရင်ဆိုင်တက်တယ်။
အသိဥာဏ်ကြောင့် စိတ်ပင်ပမ်း၊ကိုယ်ပင်ပမ်းမဖြစ်ဘူး။ ကောင်းကျိုးချမ်းသာပဲ အရများတယ်။
အဲဒီလိုကွာပါတယ်။အားလုံး ကျန်းမာချမ်းသာပါစေ
ရွှေဝါရောင် အရှင်ထာဝရ (နော်ဝေ)

0 comments:
Post a Comment