Saturday, 31 March 2012

ဖျာပုံမြို့နယ်သတင်းများ“မဲမထည့်ရင် မင်းတို့ကို သတ်ပစ်မယ်”ဆိုသော ဗိုလ်ချုပ်ဟောင်းဦးစိုးနိုင်


(၂၄.၃.၂၀၁၂)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ဒေါ်ငြိမ်းကျေးရွာရှိ နှစ်ကျိပ်ရှစ်ဆူအလှူခံမဏ္ဍပ်သို့ ကားတစ်စီးထိုးဆိုက်လာပြီး ကားအတွင်းတွင် ဒေါ်ငြိမ်းကျေးရွာမှ လုပ်ငန်းရှင်ဖြစ်သူဦးသံချောင်းနှင့် ဖျာပုံပြည်ခိုင်ဖြိုးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်ဟောင်းဦးစိုးနိုင်တို့ နှစ်ဦးပါလာပြီး အလှူငွေတစ်သောင်းကျပ်ကို လှူဒါန်းသွားခဲ့ပါသည်။ ထို့နောက် ဦးသံချောင်းမှ “ငါနဲ့ အဘနဲ့ အလောင်းအစားလုပ်ထားတယ်” ထိုအခါ ဒေါ်ငြိမ်းမှလည်း “ငါတို့နိုင်ရမယ်၊ နိုင်အောင်လုပ်ရမယ်” လို့ပြန်လည်ပြောဆိုခဲ့ပါသည်။ ထိုအခါ ဗိုလ်ချုပ်ဟောင်းဦးစိုးနိုင်က “လောင်းလောင်းမလောင်းလောင်း၊ နိုင်အောင်လုပ်ရမယ်၊ မင်းတို့ရွာအတွက် ငါအများကြီးကောင်းအောင် လုပ်ပေးခဲ့တယ်၊ မင်းတို့ ငါတို့အဖွဲ့ကို မဲထည့်ရမယ်။ မထည့်ရင် မင်းတို့ကို သတ်ပစ်မယ်”ဟု ကိုဖိုးဇော်၊ ကိုနိုင်ကြီး၊ ဦးကျော်လှိုင်၊ ကိုမျိုးမြင့်ဝင်း၊ ကိုမင်းထွေး၊ ကိုစိုးငြိမ်းတို့ကို ပြောသွားခဲ့ပါသည်။ ခဏအကြာ ကားထွက်သွားပြီးမှ ကားပြန်လှည့်၍ “မင်းတို့လျှောက် မပြောနဲ့ဦးနော်၊ နောက်တာ” ဟု ပြန်လာပြောပြီး ကားမောင်းထွက်သွားခဲ့ပါသည်။

ဖျာပုံမြို့နယ်၊ ၁ရပ်ကွက်၊ ၁၀ရပ်ကွက်၊ ၉ရပ်ကွက်များတွင် ကြိုတင်မဲများထည့်ထားရာအိတ်များမှာ အိတ်များ၏ဘေးတစ်ဘက်တစ်ချက်တွင် ပွင့်နေသည်များကို တွေ့ရှိရသည်ဟု သတင်းပေးပို့လာပါသည်။

ဖျာပုံမြို့နယ်၊ ၁၄ရပ်ကွက်ရှိ ကြိုတင်မဲစာရွက်တွင် ရပ်ကွက်ကော်မရှင်တံဆိပ်တုံးနှင့် လက်မှတ်များ မပါဝင်ကြောင်း ကြိုတင်မဲပေးသူတစ်ဦးမှ တွေ့ရှိ၍ပြန်ပြောသည့်အခါ စာရေးမမှ သူနားမလည်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ဖျာပုံမြို့နယ်၊ ကိုးအိမ်တန်းကျေးရွာတွင် မြို့နယ်ကော်မရှင်မှ ချပေးသော စာရင်းစာအုပ်များနှင့် NLD အောင်နိုင်ရေးအဖွဲ့မှ ထိုရွာအတွက် ရရှိထားသော စာရင်းစာအုပ်များရှိ မဲပေးနိုင်သူအရေအတွက်မှာ ကွဲပြားနေကြောင်း NLD အောင်နိုင်ရေးအဖွဲ့မှ ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment

ပြောချင်တာလေးတွေ ပြောခဲ့ပါ။