Saturday 31 March 2012

ရန်ကုန်- ကော့မူးကားလမ်းပေါ်ရှိ ကံဘဲ့ လမ်းဆုံ နှင့် ဘုရားငုတ်တို လမ်းဆုံတို့တွင် ကြံ့ခိုင်ရေးအဖွဲ့မှ တားဆီး နှောက်ယှက်ရန်ပြင်ဆင်နေသည် ဟုကြားသိရ


အမျိုးသားဒီမိုကရေစီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် စည်းရုံးရေး ခရီးစဉ်အဖြစ် ကောမူးမြို့ သို့ ည အိပ် ခရီးစဉ်အဖြစ် ယနေ့(၃၁.၃.၂၀၁၂) ညနေ ၄း၁၅ နာရီ ခန့် က NLD ရုံးမှကော့မူးမြို့သို့ ထွက်ခွါ သွားသည်။ ယခု ရရှိသော နောက်ဆုံး သတင်းအရ ရန်ကုန်- ကော့မူးကားလမ်းပေါ်ရှိ ကံဘဲ့ လမ်းဆုံ နှင့် ဘုရားငုတ်တို လမ်းဆုံတို့တွင် ကြံ့ခိုင်ရေးအဖွဲ့မှ တားဆီး နှောက်ယှက်ရန်ပြင်ဆင်နေသည် ဟုကြားသိရသည်။ လှိုင်သာယာ၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွှန့်၊ မရမ်းကုန်း၊တောင်ဒဂုံ စက်မှု ဆိပ်ကမ်း မှ ကြံ့ခိုင်ရေးအဖွဲ့ ၀င်များကို ၁ ဦး လျင် လုပ်အားခ ၁ သိန်းကျပ်ပေးပြီး ခေါ်ယူစောင့်ဆိုင်းနေကြောင်း ကြားသိရသည်။
အသေးစိတ် သိလိုပါက ၀၉၅၄၁၇၃၃၂ သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။ဓါတ်ပုံ ဂျစ်တူ
ဝါသိင်္ခကျေးရွာသို့ဦးတည်သွားနေသ
ည့်ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းနောက်တွင်ပြည်ခိုင်ဖြိုးပါတီကား(၁၅)စီးခန့်လိုက်ပါလာမှုအပေါ်ဒေသခံများနှင့်NLD ပါတီဝင်များကစိတ်ဝင်စားလျှက်ရှိပြီးယခုကဲ့သို့ဒေါ်အောင်ဆန်းစုကြည်ယာဉ်တန်းနောက်တွင်ယခုကဲ့သို့လိုက်ပါနေခြင်းအပေါ်စုံစမ်းနေသည်ဟု Messenger သတင်းထောက်ကသတင်းပေးပို့သည်။

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။