
ထိုမအူပင်မြို့နယ်နှင့် (၄)မိုင်ခန့် ဝေးကွာသော မလက်တို၊ ထနှီးကျေရွာတွင် ယခု၂နာရီထိုးခံနီးအချိန်ထိ တာဝန်ရှိသူများမှ မည်သို့မျှဆောင်ရွက်ပေးခြင်း မရှိပေးသေးခြင်းအတွက် ကျေးရွာလူထုမှာ လူစုမခွဲကြသေးဘဲ ထိုင်သပိတ်ဆင်နွှဲနေကြပါသည်။ ရွာနီးရှိ ငါးမွေးကန်မှ ယာယီနေထိုင်သူ လုပ်သား(၄၀)မှာ မဲပေးခွင့်ရပြီး အမြဲတမ်းနေထိုင်သူ၄၀၃ယောက်မှာ မဲပေးနိုင်သူ စာရင်တွင် မပါဝင်၍ ရွာသားများ၏ ဒေါသကို ပိုမိုဆွပေးသလိုဖြစ်နေပါသည်။ ကျေးရွာဥက္ကဌမှ မနက်တွင် ဖြေရှင်းပေးမည် ပြောသည့်အခါ ရွာသားများမှ မနက်တွင် မည်သို့မျှ ဖြေရှင်းပေးနိုင်မည်မဟုတ်ဟု ပြောဆိုကာ မနက်လင်းသည့်အချိန်ထိ ထိုင်သပိတ် ဆင်နွှဲတောင်းဆိုမည်ဟု နယ်ခံများမှ သတင်းပေးပို့လာပါသည်။Election Monitoring Network.88
0 comments:
Post a Comment