Monday 28 May 2012

ဖျာပုံမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲအောင်နိုင်ခြင်း ဂုဏ်ပြုပွဲသို့ ၈၈မျိုးဆက်ကျောင်းသားများ တက်ရောက်ခဲ့သည်။

၂၀၁၂ ခုနှစ်၊ မေလ၊ ၂၇ ရက်နေ့ ညနေပိုင်းတွင် ဖျာပုံမြို့ မဟာလောကန္ဒာ မာရသိန်ဘုရားကြီးဝင်းအတွင်းတွင် ကျင်းပသောဖျာပုံမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲအောင်နိုင်ခြင်း ဂုဏ်ပြုပွဲသို့ ၈၈မျိုးဆက်ကျောင်းသားများ တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော-မင်းကိုနိုင်၊ ကိုကိုကြီး နှင့် မနီလာသိန်း တို့မှ အမှတ်တရစကားများ ပြောကြားခဲ့ကြသည်။
ထို့နောက်- ၂၀၁၂ခုနှစ်၊ မေလ၊ ၂၈ရက်နေ့၊ နံနက် ၉း၀၀ နာရီတွင် ဖျာပုံမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့နယ်ရုံးခမ်းမတွင်မြို့မိ၊ မြို့ဖများ၊ လူငယ်များ၊ အမျိုးသမီများနှင့် တွေ့ဆုံဆွေးနွေး၍ မေးမြန်းမှုများကို ၈၈မျိုးဆက်ကျောင်းသားများမှ ပြန်လည်ဖြေကြားခဲ့ပါသည်။

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။