Saturday, 19 May 2012

မြန်မာလူမျိုးတွေတက်ခွင့်မရတဲ့ တရုတ်စာသင်ကျောင်း

ဒီမို စနေ

ဓါတ်ပုံလေးကတော့ မြန်စာသင်ကျောင်းနဲ့ တရုတ်စာသင်ကျောင်းတို့ ဘယ်စာသင်ကျောင်းကပိုပြီး ခန့်ညားလဲ ဆိုတာကိုမြင်စေချင်တာပါ။ပြောချင်တာကတော့ ကျွန်တော်တို့ မန္တလေးမြို့လည်း ကြာလာရင်ယဉ်ကျေးမှုပျောက်လုဖြစ်ရုံတင်မကတော့ဘူး….စာပေပါပျောက်တော့မယ်ထင်တယ် ဖွင့်လိုက်တဲ့ တရုတ်စာသင်ကျောင်းတွေ ဟီးဟီးထလို့ဗျာ.! သူများစာပေပညာကျောင်းကို ကိုယ်နိုင်ငံမှာလာဖွင့်လို့ ကိုယ်နိုင်ငံသားတွေများ သူတို့စာပေကို လေ့လာခွင့်ရမလားမှတ်တယ် ဝေးပါသေးတယ်ဗျာ ကျောင်းတက်ဖို့မပြောနဲ့ စာအုပ်ဖိုးတောင်အနိုင်နိုင်ရယ်ပါ…။ ညနေပိုင်း တရုတ်စာသင်ကျောင်း ဆင်းချိန်ဆိုရင်လာကြည့်လှည့်ပါ.. ဒင်းတို့ ကျောင်းလာကြိုတဲ့ကားတွေ လမ်းပိတ်နေတာနဲ့ပဲလမ်းပြည့်နေပြီ။ ဒီမိုစနေတို့အပြောမဟုတ်ဘူး မယုံရင်လာကြည့်ပါ။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက် ၅၆လမ်း၊၃၇×၃၈လမ်းကြားမှာ အဲ့ဒီ တရုတ်စာသင်ကျောင်းရှိတယ်ဗျာ………..။တစ်ကယ်ဆိုရင် ကိုယ့်မြန်မာလူမျိုးတွေတက်ခွင့်မရတဲ့ ဒီတရုတ်စာသင်ကျောင်းတွေများ ဘာလို့ဖွင့်ခိုင်းနေတာလဲ? ကျွန်တော်တိုင်းပြည်မှာ တရုတ်စာသင်ကျောင်းတွေက တရားဝင်ဖွင့်ခွင့်ရှိလား? သိတဲ့သူများရှိရင်ဖြေပေးကြပါဗျာ


ရဲရင့်ငယ်ဘလော့စာမျက်နှာမှကူးယူဖော်ပြသည်။https://www.facebook.com/notes

0 comments:

Post a Comment

ပြောချင်တာလေးတွေ ပြောခဲ့ပါ။