Monday 16 July 2012

လန်ဒန်မြေသို့ ခရီးတစ်ခေါက် ဆောင်းပါး အပိုင်း (၃)


မိမိတို့ မြန်မာနိုင်ငံသည် ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ ကျဉ်းသည်ဖြစ်စေ၊ ကျယ်သည်ဖြစ်စေ တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်သည့် နိုင်ငံတစ်ခုဖြစ်သည်။ တိုင်းရင်းသားလူမျိုးများသည် ကိုယ်ပိုင်ပြည်နယ်များ၊ မိမိဆိုင်ရာပြည်နယ်များကို လွတ်လပ်စွာ အုပ်ချုပ်စီမံပိုင်ခွင့်။လွတ်လပ်သည့် ပြည်နယ်များဖြင့် ပြည်ထောင်စုကြီးကို တည်ဆောက်ရမည်ဖြစ်သည်။ ဤစနစ်ကို ဖက်ဒရယ်စနစ်ဟု ခေါ်သည်။ပြည်ထောင်စုတွင် ဒီမိုကရေစီစနစ် ထွန်းကားရသည်။ များသောအားဖြင့် ပါလီမာန်တွင် အထက်လွှတ်တော်သည် ပြည်ထောင်စုကို ကိုယ်စားပြုသည်။ အောက်လွှတ်တော်သည် ဒီမိုကရေစီစနစ်ကို ကိုယ်စားပြုသည်။
ပြည်သူပြည်သားတို့၏ ဆန္ဒကိုလည်း ကြည့်ရဦးမည်ဖြစ်၍ ပြည်သူများသည် လူဦးရေအလိုက် မိမိတို့သဘောကျရာ ကိုယ်စားလှယ်များကို နိုင်ငံရေးပါတီများမှတဆင့် ရွေးကောက်တင်မြှောက်၍ အောက်လွှတ်တော်သို့ ပေးပို့ရသည်။ အောက်လွှတ်တော်သည် ပြည်သူအများစု၏ ဆန္ဒကို ကိုယ်စားပြုသဖြင့် ဒီမိုကရေစီစံနှုန်းကို စောင့်ထိန်းရသည့် လွှတ်တော်ဖြစ်သည်။
လက်ရှိမြန်မာ့နည်းမြန်မာ့ဟန်ဒီမိုကရေစီစနစ်သည် ဒီမိုကရေစီစနစ်ကို ကိုယ်စားမပြုနိုင်သကဲ့သို့ စစ်မှန်သော ပြည်ထောင်စုတစ်ခု ပေါ်ပေါက်ရေးကိုလည်း ရည်ရွယ်ချက်ရှိရှိ ကန့်သတ်ထားကြောင်း ဥပဒေကြောင်းနားလည်သူတို့က သုံးသပ်ထားကြသည်။ လက်ရှိကျင်းပနေသည့် လွှတ်တော်သည် ပြည်ထောင်စုစနစ် ပေါ်ထွန်းရန် မလွယ်ကူသေးပေ။ ရွေးကောက်ပွဲဝင်စရာမလိုဘဲ လွှတ်တော်သို့ ခေါင်းခေါက်ရွေးချယ်ထားသော တပ်မတော်ကိုယ်စားလှယ်များသည် ဒီမိုကရေစီစနစ်ကို ကိုယ်စားမပြုသကဲ့သို့ ပြည်ထောင်စုစနစ်ကိုလည်း ပြက်ရယ်ပြုနေပေသည်။ ဤ တပ်မတော်သားကိုယ်စားလှယ်များကို လွှတ်တော်မှ တပ်စခန်းသို့ ပြန်သွားအောင် လုပ်နိုင်ခဲ့သည်ပင် ထားဦး၊ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ ရှိသေးသည်။ ယင်းကာလုံအဖွဲ့သည် လက်ရှိမြန်မာနိုင်ငံကို အုပ်ချုပ်နေသူများ ဖြစ်သည်။ သူတို့သည် မြန်မာ့နည်းမြန်မာ့ဟန်ဒီမိုကရေစီကို အသက်ပေးကာကွယ်၍ မိမိဘက်တော်သားများ လုံခြုံမှု ရှိစေရေး မဖြစ်မနေ စောင့်ရှောက်ကြမည်ဖြစ်သည်။ ကာလုံအဖွဲ့ ရှိနေလျှင် စစ်မှန်သည့် ပြည်ထောင်စုကြီး လုံးဝပေါ်ထွန်းနိုင်မည်မဟုတ် ကိုင်းစကားတွေလည်ရှည်သွားပြီး လန်ဒန်အကြောင်း ပြန်စပ်ပါရစေ။
မိမိရောက်ရှိနေသည့် ဥရောပနိုင်ငံ တစ်ချို့အတွင် သစ်တောသစ်ပင်ကို ခုန်သူ၊ဖဲ့သူ၊ချိုးသူမရှိ။လူတိုင်း အားလပ်သည့်အချိန်လေးတွင် သစ်ပင်ကိုစိုက်သည်။ပန်းကိုပျိုးသည်။သစ်တောကို စောင့်ရောက်၏။လန်ဒန်၌သစ်ပင်ဖြစ်ရသည်မှာ ကံကောင်းသည်။အင်္ဂလန်တွင် သစ်ပင်ကို ခုတ်မည့်သူ၊ချိုးမည့်သူ ဖျက်ဆီးမည့်သူမရှိ။အင်္ဂလန်တွင် တိရစ္ဆာန်ဖြစ်ရသည်ကပို၍ ကံကောင်းသည်။
ဥရောပသားတို့သည် အိမ်မွေးတိစ္ဆာန်များကို အိမ်သူအိမ်သား မိသားစုဝင် ပမာပြုစုချစ်ခင်ကြသည်။အင်္ဂလန်တစ်နိုင်ငံလုံး၌တိစ္ဆာန်မျိုးစုံအပြင် အချို့နေရာများတွင် သမင်၊ဒရယ်၊တောခွေး၊တောကြောင်စသည့် သတ္တ၀ါများပါရှိနေကြသည်။ထိုတိစ္ဆာန်များသည် လမ်းဘေးဝဲယာတို့တွင် သူတိုသဘာဝအတိုင်း သွားလာနေကြသည်။သူတို့ကို ဘေးမဲ့ပေးထားကြ၏။သူတို့သည်ခရီးသွား၊ခရီးလာသူများနှင့်ယဉ်ပါးနေကြသည်။တိစ္ဆာန်များကို ဖမ်းဆီးခြင်း၊ပစ်ခတ်ခြင်း၊ချောက်လှန့်ခြင်းလုံးဝမပြုကြ။ဥရောပသားအများစုသည် နိုင်ငံအတွင်း သားရဲတိရစ္ဆာန်များကို သာသမီးပမာ ပြုစုစောင့်ရောက်ညှာတာသော နှလုံးသားရှိသည့်လူမျိုးဖြစ်သည်။နွေဦးကာလ၌ အင်္ဂလန်နိုင်ငံသည် ခြောက်လှန့်ဖမ်းစားသောရှုခင်းများနှင့်ပြည့်နေသော နိုင်ငံဖြစ်သည်။
တစ်ခုနှင့်တစ်ခု ဆက်လုမတက် ဆက်ခုခမန်းဖြစ်နေသော ကုန်စိမ်းစိမ်းများ အကြား အချို့သောသစ်ပင်များက ဘာကြောင့်ရယ်မသိ ရင့်ထော်နေကြသည်။မလှုပ်မရှားရှိနေသော တိတ်တိတ်ဆိတ်ဆိတ်ရှိနေသည့် ရေကန်ကြီးများ၊သစ်တောသစ်အုပ်များနှင့်ဖြည့်ဖို့ထားခြင်းခံရသော တောင်ကြားများ၊ကျောက်သား ကျောက်လွှာများ ထူထပ်ရှည်လျားသည့်ပင်လယ်ကမ်းခြေ၊တိတ်ဆိတ်အေးချမ်းသည့် မြစ်ဝများနှင့်ငြိမ်သက်နေသည့် ချောင်းဆုံ၊မြောင်းဆုံများသည် ဗြိတိန်သျှ လူမျိုးတို့နေထိုင်ရာ အင်္ဂလန်နိုင်ငံ၏ မပျက်မစီးတည်ရှိနေသော သဘာဝ အလှတရားများဖြစ်သည်။
အင်္ဂလန်၏ အလှတရားများထဲတွင် သူတို့နိုင်ငံက ရဲတိုက်ကြီးများနှင့် မြို့နယ်၊နယ်စားကြီးများ၏၀င်းကြီးများ နေအိမ်အဆောက်အဦများလည်ပါသည်။အင်္ဂလန်သည် ၁၈ရာစုနှောင်းပိုင်းမှစ၍စက်မှုတော်လှန်ရေးကို ဦးဆောင်ခဲ့သော နိုင်ငံဖြစ်သဖြင့် စက်မှုခေတ်ဥင်္ီးကအချို့သော စက်ရုံးဟောင်းကြီးများကို ဘာကြောင့်ရယ်မသိ မဖျက်ဆီးသေးဘဲထားရှိရှာ သံချေးတက်နေသော၊သံချက်ဖိုအဟောင်းကြီးများကလည်း ၂၁ရာစု ခေတ်သစ်ဝယ်ရပ်တန့်ကြည်ရှုစရာဖြစ်သည်။
အင်္ဂလန်နိုင်ငံ၏ တစ်ပန်းသာမှုသည် ဖွံ့ဖြိုးပြီးစက်မှုနိုင်ငံတစ်နိုင်ငံဖြစ်ခြင်း၊စက်မှုကဏ္ဍတွင် ကမ္ဘာဦးဆောင်နိုင်ငံဖြစ်ခြင်း၊နေမ၀င်အင်ပါယာကြီး၏ အရှင်သခင်ဖြစ်ခဲ့ဖူးခြင်း၊ကမ္ဘာသမိုင်း၊တီထွင်မှုသမိုင်း၊ကမ္ဘာဖြစ်ရပ်အသီးသီးနှင့်ဆက်စပ်နေသည့်နိုင်ငံဖြစ်ခဲ့ရခြင်းကြောင့် အင်္ဂလန်တစ်နိုင်ငံလုံး၏နေရာတကာသည် လက်ညိုးထိုပြန်ပြောရလောက်အောင် ဖြစ်ရပ်တစ်ခုစီ တစ်ခုစီပိုင်ဆိုင်ထားသောနေရာများချည်းဖြစ်ပါသည်။
အင်္ဂလန်နိုင်ငံသားတို့ ဂုဏ်ယူစရာများကတော့ ဒါက ဗိုလ်ချုပ်အောင်ဆန်းလန်ဒန်ရောက်စဉ် တည်းခဲ့သည့်ဟိုတယ်။ထိုဟာကတော့ ၂၁ရာစု၏ အာရှမှာ အမျိုးသမီးသူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်နေခဲ့ အဆောက်ဦး ဒီအခန်းက သိပ္ပံမောင်ဝ နေခဲ့တဲ့အခန်း၊ဟိုအဆောင်က လီကွမ်းယုစာသင်ခဲ့တဲ့အဆောင်၊ဒီနေရာက ဆင်းကာအပ်ချုပ်စက်၊တီထွင်ခဲ့တဲ့ ဆင်းကားနေခဲ့တဲ့နေရာ၊စသည့်ဖြင့် နေရာတကာသည် ရပ်ကြည့်စရာ သမိုင်းနောက်ခံရှိရာ နေရာချည်းဖြစ်သည်။အခြားနိုင်ငံများတွင်ရှိသော သမိုင်းဝင်နေရာများက သူ့လူမျိုးသူ့တိုင်းပြည်အတွက် တန်းဖိုးထားစရာများဖြစ်သော်လည်း အင်္ဂလန်၏သမိုင်းဝင်နေရာများက ကမ္ဘာနှင့်လည်းဆက်စပ်နေသည့်က သူ့တို့နိုင်ငံ၏တစ်ပန်သာမှုဖြစ်သည်။အင်္ဂလန်နိုင်ငံတွင် တစ်နေရာနှင့်တစ်နေ့ရာ သွားရတာကလွယ်သည်။အင်္ဂလန်တွင် အင်္ဂလိပ်စာအနည်ငယ်တက်ပါက တစ်နိုင်ငံလုံးသို့ သွားလိုရသည်ဟု မိမိတည်းခိုသည့်အိမ်ရှင်ကဆိုသည်။သူ့တို့နိုင်ငံတွင် သွားရလာရလွယ်ကူစေသည်ကချောင်ကျသော အရပ်မျာူတွင်ပင် မီးရထားဘူးတာရုံများရှိ၍ရထားကဆယ်မီနစ်တွင် မီးရထားတစ်စီးဝင် သလိုမီးရထားတစ်စီးထွက်သည်။
ကားလမ်းများကတော့ တစ်နိုင်ငံလုံးကို ပင်ကူအိမ်လို ယှက်ထား၏။ကားပေါ်ကဆင်းလျှင် ရထား၊ရထားပေါ်ကဆင်းလျှင်ဆင်းချင်း လေယာဉ်ပျံပေါ်တက်နိုင်သည်။လမ်းတွေတံတားတွေက ကောင်းသည်။လမ်းအမှတ်အသားများက ပြည့်စုံသည်။
အင်္ဂလန်နိုင်ငံသည် ခရီးသွားရာတွင် လွယ်ကူသလောက်တည်းရေးခိုးရေးအတွက်လည်း မခက်ခဲ့သော နိုင်ငံဖြစ်သည်။အင်္ဂလန်နိုင်ငံတွင် ကြယ်ပွင့်အဆင်မီ(ဆု)အခန်းကြီးများတွင် တည်းခို၍ရသလိုကျေးလက် အိမ်လေးတစ်လုံးကို ငှားရမ်း၍ မိမိဘာသာ ချက်ပြုစားသောက်နေထိုင်၍လည်းရသည်။ထိုသို့ မဟုတ်ပါက ဥရောပနိုင်ငံသားတို့၏ထုံးစံအတိုင် တောအုပ်တောင်ခြေအစပ်တွင် ရွက်ဖျင်တဲ့လေးထိုး၍လည်းနေနိုင်သည်။သို့မဟုတ်ပါက စကော့တလန်၏ ရဲတိုက်ကြီးများတွင်လည်း မြို့စားကြီးပမာသွားရောက်တည်းခိုနိုင်သော အခွင့်အလမ်းရှိသည်။

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။