Thursday, 9 August 2012

ပိတ်ဆို့တားမြစ်ခြင်းကို ခံနေရဆဲဖြစ်သော ဒယ်အိုးဆရာတော် ပြည်ပနိုင်ငံများသို့ကြွ၍ ၀ါတွင်းကာလ တရားဟောကြားမည်ဟုမိန့်ဆို


ပိတ်ဆို့တားမြစ်ခြင်းကို ခံနေရဆဲဖြစ်သော ဒယ်အိုးဆရာတော် ပြည်ပနိုင်ငံများသို့ကြွ၍
ဝါတွင်းကာလ တရားဟောကြားမည်ဟုမိန့်ဆို
9-8-2012, Yangon
တရားဟောခွင့်-၂၀၁၁-ဒီဇင်ဘာလ၊ကတည်းက နိုင်ငံတော်သံဃာ့မဟန ဆရာတော်တွေက တရားတော်များ ဟောခွင့်၊ ဆိုခွင့်ပိတ်ထားခြင်းကို ခံခဲ့ရသောဒယ်အိုးဆရာတော် ဥူးသုမင်္ဂလသည် ယနေ့ (၉-၈-၂၀၁၂) ရန်ကုန် လေဆိပ်မှ စင်္ကာပူနိုင်ငံသို့ကြွရောက်မည်ဟု ဒယ်အိုးဆရာတော် ကိုယ်တိုင်မိန့်ကြားခဲ့ပါသည်။
ဆရာတော်သည် အမေရိကန်မှ ဘုန်းတော်ကြီးတစ်ပါးက စပွန်ဆာပေးလို့ နိုင်ငံခြားခရီးစဉ်ကို သွားဖြစ် တာ ဖြစ်ကြောင်း၊ စပွန်ဆာပေးထားသော အမေရိကန်မှ ဘုန်းတော်ကြီးသည်လည်း ယခုလက်ရှိ မြန်မာပြည်သို့ ရောက်နေခိုက်ဖြစ်၍ အရှင်ဘုရား၊ အခု မြန်မာပြည်မှာလည်းတရားဟောခွင့်ပိတ်ထားခံရတာနည်းအတူတူအရှင် ဘုရားကို ကြည်ညိုလေးစားမှုရှိနေကြတဲ့၊ အရှင်ဘုရားကို နိုင်ငံခြားသို့ ကြွရောက်လာစေချင်ကြတဲ့ဒကာ၊ဒကာမ တို့၏ စေတနာ၊သဒ္ဓါတရားကိုငဲ့ပြီး တရားရေးအေးလေးတွေ တိုက်ကျွေးဖို့ အားထုတ်ပေးပါ့လားဆိုလို့ အေး ရရင်လည်း သွားရတာပေါ့ဆိုပြီး အမေရိကန်ဗီဇာလျှောက်ကြည့်တာ ရခဲ့လို့ ကြွဖြစ်တာဖြစ်ကြောင်း၊ ထို့ကြောင့် ဆရာတော်အနေနဲ့ ပထမဆုံး စင်္ကာပူနိုင်ငံကို ရန်ကုန်ကနေ ကြွရောက်ပြီး၊ ဂျပန်နိုင်ငံသို့ ၁၀-၈-၁၂-နေ့ အရော က်ကြွရောက်ရမည်ဖြစ်ကြောင်းမိန့်ဆိုခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာရှိနေတဲ့ မြန်မာဒကာ၊ဒကာများက ဆရာတော်ထံမှ တရားတော်များကို နာယူဖို့ပြင်ဆင်ထားတာအဆင်သင့်ရှိနေတဲ့အတွက်ကြောင့် ၂၀-၈-၁၂ ရက်နေ့ထိ (၁၀)   ရက်တိုင်တိုင် ဂျပန်နိုင်ငံတွင်သတင်းသုံး၍ ပင့်ဖိတ်ထားသောနေရာအသီးသီးသို့ တရားတော်များကို ဟောကြား ပေးသွားမည်ဖြစ်ကြောင်း မိန့်ဆိုခဲ့ပါတယ်။
၂၀-၈-၁၂- ရက်နေ့ရောက်ရင်တော့ ဂျပန်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ ကြွရောက်ပြီး ဂျပန်နိုင်ငံမှာကဲ့သို့ ဒယ်အိုးဆရာတော်ကို ဖူးမျှော်ပူဇော်ရန်၊ တရားတော်များကိုနာယူရန်၊ လှူဖွယ် ၀တ္ထုအစုစုကိုလှူဒါန်းရန်ဆိုပြီး အစီအစဉ်တွေနဲ့ အဆင်သင့်ပြင်ဆင်ထားတဲ့ ပင့်ဖိတ်ထားသော ဒကာ၊ဒကာမတို့ ၏ နေရာဌာနအသီးသီးသို့ တရာတော်များကို ဆက်လက်ဟောကြားပေးသွားမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံမှာတော့ ရောက်တုန်း ရောက်ခိုက် စပွန်ဆာပေးတဲ့ ဘုန်းတော်ကြီး၏ အစီအစဉ်တွေဆွဲထားတဲ့အတွက်ကြောင့် အချိန်အားဖြင့် ရက်ပေါင်း ၄၅-ရက်လောက်သတင်းသုံးနိုင်ရဖွယ်ရှိမည်ဖြစ်ကြောင်းမိန့်ဆိုခဲ့ပါတယ်။
သံဃာတော်တစ်ပါးအနေနဲ့ ၀ါတွင်းကာလမှာ ခရီးရက်ရှည်သွားရတာနဲ့ပတ်သက်ပြီး လျှောက်ထား ကြည့်တော့လည်း တုံ (၃) တုံနဲ့ညီရင် ဘုန်းကြီးတစ်ပါး ခရီးသွားနိုင်ကြောင်း၊ တုံ (၃) တုံဟူသည်-ဖူးမျှော် ပူဇော်ရန်၊ တရားတော်များကိုနာယူရန်၊ လှူဖွယ် ၀တ္ထုအစုစုကိုလှူဒါန်းရန် ဆိုတဲ့အချက်သုံးချက်ပင်ဖြစ်ကြောင်း ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလမှ မိန့်ဆိုခဲ့ပါသည်။

ဆရာတော်၏ ဟောပြောချက်အား ပြည်ထဲရေးဝန်ကြီးဌာနမှ သမ္မတရုံးသို့တင်ပြခဲ့ရာမှ ၂၀၁၁၊ဒီဇင်္ဘာ ၉ ရက်နေ့ကကျင်းပသော နိုင်ငံတော် မဟန အစည်းအဝေးမှ ဆုံးဖြတ်ချက်ချ၍ တရားဟောခွင့် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။
နိုင်ငံတော်မဟနမှဒယ်အိုးဆရာတော်သို့ပေးပို့သည့်တရားဟောခွင့်ပိတ်ပင်သည့် လျှောက်ထားပန်ကြားလွှာတွင် ၂ဝ၁၁ ဒီဇင်္ဘာ ၉ ရက်နေ့မှ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့အထိ မြန်မာတနိုင်ငံလုံး တနှစ်တိတိ တရား ဟောခွင့် မပြုဟုဖေါ်ပြပါရှိသည်။
နိုင်ငံတော်သံဃာ့မဟာနာယကဆရာတော်တွေမှ တရားတော်များကို ဟောခွင့်၊ ဆိုခွင့်ပိတ်ထားခြင်းကို ခံနေရသော ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလသည် ပြည်ပနိုင်ငံအသီးသီးမှ မြန်မာပြည်သို့ပြန်ရောက်ပြီး ၀ါကျွတ် ကာလသို့ ရောက်တဲ့အချိန်ကြရင်လည်း မိုးကုတ်ဆရာတော်ဘုရားကြီး၏ နှစ် (၅၀) ပြည့် ရွှေရတုပွဲကို ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

0 comments:

Post a Comment

ပြောချင်တာလေးတွေ ပြောခဲ့ပါ။