Monday 24 September 2012

“သွေးစွန်းထင်ခဲ့သောသင်္ကန်း”(သို့မဟုတ်)ရွှေဝါရောင်မေတ္တာသမိုင်း

ရွှေဝါရောင်တော်လှန်ရေး ()နှစ်ပြည့်အခမ်းအနားကို ပုပ္ဖာရုံကျောင်း၊ ရှားတော၊ မြင်းခြံမြို့တွင် (၂၆၊ ၉၊ ၂၀၁၂)နေ့၊ နေ့လည် (၁၂)အချိန်တွင် ကျင်းပပါမည်၊ ညောင်ဦး၊ကျောက်ပန်းတောင်း၊တောင်သာ၊နွားထိုးကြီး မြို့များက သံဃာတော်များလည်း ကြွပါမည်။ ရွှေဝါရောင်တော်လှန်းအတွက် ဂုဏ်ပြုရေးဖွဲ့သော “သွေးစွန်းထင်ခဲ့သောသင်္ကန်း” ကဗျာရှည်ကိုလည်း
ကဗျာဆရာကိုယ်တိုင် ရွတ်ဖတ်ဂုဏ်ပြုပါမည်။

အဲဒီအချိန်မှာ
ခေတ်ဆိုး စနစ်ဆိုး
ကံဇာတာညှိုးချိန်မှာ
မေတ္တာတရားဟာ
ကံဆိုးရှာခဲ့ပါတယ်။
သမိုင်းအလှကို
နှလုံးသားအလှနဲ့ဖတ်ရှု
သမိုင်းတန်ဖိုးတွေနဲ့
အနာဂတ်လှလှထုဆစ်ဖို့ပဲမဟုတ်လား--
သမိုင်းမေ့ရင်
သမိုင်းကိုသစ္စာဖောက်တာပဲ
သမိုင်းကိုတန်ဖိုးမထားရင်
သံဃာတော်တွေကိုကျေးဇူးကန်းတာပဲ။
ရင်နာခဲ့ရပေမယ့်လည်း
နာခဲ့တဲ့ရင်နဲ့ပဲခွင့်လွှတ်ပါရဲ့
အသည်းနာခဲ့ရပေမယ့်လည်း
နာခဲ့တဲ့အသည်းနဲ့ခွင့်လွှတ်ပါရဲ့။

(
ကဗျာရှည်အပြည့်အစုံကို မောင်သစ်ဝေ(မြင်းခြံ) စာ ဖေ့ဘုတ်စာမျက်နှာတွင် ဖတ်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။