Thursday 27 September 2012

မြန်မာ့သမိုင်း တလျှောက်မှာ မကြုံဖူးလောက်အောင် ဖိနှိပ်မှုတွေ ကြားထဲကဖြစ်ပွားခဲ့တဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကြီးဟာ တကမ္ဘာလုံးကို အံ့သြတုန်လှုပ် ချောက်ချားစေခဲ့ပါတယ်။

မြန်မာ့သမိုင်း တလျှောက်မှာ မကြုံဖူးလောက်အောင် ဖိနှိပ်မှုတွေ ကြားထဲကဖြစ်ပွားခဲ့တဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကြီးဟာ တကမ္ဘာလုံးကို အံ့သြတုန်လှုပ် ချောက်ချားစေခဲ့ပါတယ်။
ဒီလို စက်တင်ဘာလ လွန်ခဲ့တဲ့ () နှစ်ကဆိုရင် ဘုရားသား ရဟန်းသံဃာတော်များဟာ ပြည်သူလူထုရဲ့ ဆင်းရဲကြပ်တည်း ဒုက္ခရောက်မှုတွေကို စာနာ နားလည် ဂရုဏာသက်မိပြီး စစ်အာဏာရှင်တွေကို ရဲရဲဝံ့ဝံ့ ပြည်သူလူထု ရှေ့ကနေထွက်ပြီး သပိတ်မှောက် ကံဆော
င် တောင်းဆိုမှု ပြုခဲ့ကြပါတယ်။ အဲဒီလို ငြိမ်းချမ်းစွာ အကြမ်းမဖက် မေတ္တာပို့ ဆုတောင်းခဲ့ကြတဲ့ ဘုရားသား ရဟန်း သံဃာတော်များကို စစ်ဘီလူးတွေက ရက်ရက်စက်စက် ပစ်ခတ်ဖမ်းဆီး ထောင်ချခဲ့ကြပါတယ်။ ကျွန်တော်တို့ မျိုးဆက်သစ် လူငယ်များနဲ့ ပြည်သူလူထုကြီးကတော့ ဒီစက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီးကို ဘယ်တော့မှ မေ့ဖျောက်လို့ မရနိုင်တဲ့အပြင် ရင်ထဲ အသည်းနှလုံးထဲမှာလည်း စစ်အာဏာရှင်တွေကို မဖြစ်မနေ တော်လှန် ရမယ်ဆိုတဲ့ အမျိုးသားရေး တာဝန်ဟာ ကျောက်စာ ကမ္ဗည်းပမာ ခိုင်ခိုင်မာမာ မှတ်ကျောက် တင်ခဲ့ပြီး ဖြစ်ပါတယ်။
နောင်လာနောင်သားတွေနဲ့ ပြည်သူလူထုတို့ရဲ့ စိတ်ဓာတ် အမြဲနိုးကြား တက်ကြွစေဖို့ ကျွန်တော် ကိုဖိုးတရုတ်ထံ ပေးပို့လာခဲ့တဲ့ အရှင် ဦးသြဘာသရဲ့ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကြီးမှာ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်တွေကို Facebook မှ သူငယ်ချင်းမိတ်ဆွေများအတွက် တင်ပြပေးလိုက်ပါတယ်။ ယခုလို ပေးပို့ခဲ့တဲ့ ဆရာတော် အရှင် ဦးသြဘာသအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူးကျေးဇူး တင်ရှိပါကြောင်း ရိုသေစွာ လျှောက်ထားအပ်ပါတယ် ဘုရား။
ဓာတ်ပုံမှာ ၂၀၀၇ စက်တင်ဘာရွှေဝါရောင် တော်လှန်ရေးအတွင်းမှ ရဟန်းသံဃာတော်များ တွေ့ရပုံ
လှေခွက်ချည်းကျန် အလံမလှဲ
ဆောင်းပါးရှင် - ဆရာတော် ဦးသြဘာသ (www.photayokeking.org မှ ကူးယူဖော်ပြသည်)
ဦးဇင်း နံမည်ကတော့ ဦးသြဘာသ ဖြစ်ပါတယ်။ ဦးဇင်းဟာ ပဲခူးတိုင်းက ဘုရားကြီး ကျောင်းထိုင် ဆရာတော် ဖြစ်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် စက်တင်ဘာ (၂၅) ရက်နေ့မှာ ပဲခူး သံဃာ လှုပ်ရှားမှုကို လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အဖွဲ့မှ ပုဂ္ဂိုလ်နဲ့အတူ ဦးဇင်းတို့ စတင်လှုပ်ရှားရာမှာ လုံထိန်း (၅၀၀) ခန့် မြို့အနှံ့မှာ လုံခြုံရေးတွေ အပြည့်ချထားခဲ့တာတွေ့ရပြီးရွှေမော်ဓော ဘုရားကိုလည်း ၀ိုင်းရံစောင့်ကြပ်နေကြပါတယ်။ သံဃာတော်များလည်း ဆွမ်းခံတောင် မထွက်ရဲ ကြတော့ပါဘူး။ (၂၄) ရက်နေ့မှာ ခေါင်းဆောင် တချို့ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ဖြစ်ပါတယ်။
ဒါကြောင့် အဲဒီနေ့ (၂၅) ရက်နေ့မှာ စတုတ္ထအကြိမ် လုပ်မဲ့ သံဃာဆန္ဒပြပွဲကို ဖျက်လိုက်ရပါတယ်။ အဲဒီနောက် ဦးဇင်းတို့လည်း ရန်ကုန်မြို့ ကို တက်ပြီး ဆန္ဒပြဖို့ သံဃာတော်များကို စတင် စည်းရုံး လှုံ့ဆော်ခဲ့ကြပါတယ်။ တင်းကျပ်ထားတဲ့ကြားက ခက်ခက်ခဲခဲနဲ့ စည်းရုံးပြီးတဲ့နောက် သံဃာတွေဟာ () ပါး တစ်တွဲ၊ () ပါး တစ်တွဲဖြင့် အမြန်ယာဉ်တွေနဲ့အတူ မြို့ပြင်မှာ သွားရောက် စုရုံး ခဲ့ကြပါတယ်။ ညနေ () နာရီ ခွဲ () နာရီ လောက်မှာ သံဃာ အင်အား (၇၀၀) ခန့် စုစည်း မိခဲ့ကြပါတယ်။ အဲဒီနောက် ဆက်လက်ပြီး ညအမှောင်ကို ယူကာ ဆယ်ဘီးကား ကုန်ကားကြီးနဲ့ ရန်ကုန်ဘက်ကို (၂၅) ရက်နေ့ ညမှာ ထွက်ခဲ့ကြပါတယ်။
အဲဒီမှာ သတင်း ပေါက်ကြားသွားတယ် ထင်ပါတယ်။ လှည်းကူးမြို့ အ၀င်နားရောက်တော့ ဦးဇင်းတို့ စီးလာတဲ့ ကုန်ကားကြီးကို ပိတ်ဆို့ တားဆီးတာ ခံလိုက်ရပါတယ်။ ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦးနဲ့ ရဲဘော် () ဦးက ဦးဇင်းတို့ စီးလာတဲ့ ကုန်ကားကြီးကို တားဆီးလိုက်ပြီး အနီးအနားမှာလည်း ကား() စီးနဲ့ ရဲဘော်များလည်း ရှိနေကြပါတယ်။ အဲဒီ အချိန်က ည () နာရီနဲ့ (၁၁) နာရီ ကြား ရှိမယ်လို့ ထင်ပါတယ်။ ပထမတော့ ဦးဇင်းတို့ ထင်တာက ဦးဇင်းတို့ကို ဖမ်းမယ်၊ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမယ်လို့ ထင်ထားခဲ့ပါတယ်။ အမှန်တကယ် လက်တွေ့မှာ ကွာခြားနေတာ တွေ့ရတယ်။
ဗိုလ်ကြီးအဆင့်ရှိသူက ဦးဇင်းတို့ အပေါ်မှာ ရန်ပြု ခိုက်ရန် ဖြစ်ပွားစေတဲ့ အမူအရာ အပြောအဆိုတွေကို မလုပ်တဲ့အပြင် လိုလိုလားလားနဲ့ စကားပြောခဲ့ပါတယ်။ ဦးဇင်းတို့ ကားကို တားပြီးတော့ ဦးဇင်း အပါအ၀င် သံဃာ () ပါး ကားပေါ်က ဆင်းလိုက်တဲ့အခါ “ဆရာတော် ဘုရား..... တပည့်တော်တို့ နားလည်ပါတယ်ဘုရား။ တပည့်တော်တို့ တာဝန်ကိုလဲ နားလည်ပေးပါ။ တပည့်တော်တို့ မသွားပါနဲ့လို့တော့ မပြောပါဘူး... တပည့်တော်တို့ကို ရှောင်သွားပေးပါ ဘုရား” လို့ပြောခဲ့တယ်။ အဲဒီနောက် အရာရှိက ဦးဇင်းတို့ကို ထိုင်ကန်တော့ခဲ့ပါတယ်။ ဦးဇင်းတို့က အရာရှိကို “ကောင်းပါပြီ ဒကာ။ ဦးဇင်းတို့ နားလည်ပါတယ်။ ဦးဇင်းတို့ရှောင်သွားပေးပါမယ်” လို့ပြောပြီး အင်းတကော်ဘက်ကိုပြန်လှည့်ခဲ့ပါတယ်။ အင်းတကော်ရောက်တော့ ဦးဇင်းတို့ သံဃာအဖွဲ့ကိုနှစ်ဖွဲ့ခွဲလိုက်တယ်။ ရန်ကုန်ကို ဆက်လက်ချီတက်မဲ့အဖွဲ့နဲ့ အင်းတကော်မှာဘဲ သင့်သလိုနေပြီး လှုပ်ရှားမဲ့အဖွဲ့ဆိုပြီး ခွဲလိုက်ပါတယ်။

ရန်ကုန်ကို ဆက်လက်ချီတက်မဲ့ အဖွဲ့မှာ ဦးဇင်းအပါအ၀င် သံဃာ (၃၄) ပါး စုမိတယ်။ အဲဒီနောက် ဦးဇင်းတို့အဖွဲ့က ညတွင်းချင်းမှာဘဲ ထုံးကြီးရွာကို ဆက်ပြီး တက်လာခဲ့တယ်။ ထုံးကြီးရောက်တော့ ရထားလမ်းအတိုင်း ရန်ကုန်ဘက်ကို ဆက်လက် ကြွချီခဲ့ကြတယ်။ အဲဒီလို ရထားလမ်းအတိုင်း ခြေကျင် လျှောက်လာတဲ့အခါ ရထားလမ်းတလျှောက်မှာ ရှိနေကြတဲ့ ဂိတ်စောင့် စစ်သားတွေ၊ လုံခြုံရေးတွေနဲ့ ၀န်ထမ်းတွေဟာ အနှောင့်အယှက် တစုံတရာ ပေးတာ မရှိတဲ့အပြင် လက်ခုပ် သြဘာများ တီးပြီးတော့တောင် ဦးဇင်းတို့ကို အားပေးခဲ့ကြပါတယ်။ မနက် () နာရီနဲ့ () နာရီကြားမှာ ဒါးပိန်ကိုရောက်ခဲ့တယ်။ ဒါးပိန် ရောက်တော့ မြို့ပတ်ရထားနဲ့ ရန်ကုန်ကို ဆက်ပြီး တက်ခဲ့ကြပါတယ်။ အဲဒီလို သွားနေရင်းနဲ့ တိုးကြောင်လေး ဘူတာ ရောက်တော့ တားဆီး ပိတ်ဆို့ခံရပြန်တယ်။ “ရထားပေါ်က သံဃာတော်များ ရထားနဲ့ ရန်ကုန်မြို့ ကို သွားလို့မရပါဘူး။ ရထားပေါ်ကနေ ဆင်းပါ” လို့ ဂိတ်စောင့် စစ်သား၊ ရဲ နဲ့ ကြံ့ဖွံ့ စွမ်းအားရှင်တွေက ပြောဆိုကာ ဆင်းခိုင်းပါတယ်။
အဲဒီတော့ ဦးဇင်းတို့လည်း ရထားပေါ်က ဆင်းရပြီး () ယောက်တစ်တွဲ၊ () ယောက်တစ်တွဲနဲ့ ကားလမ်းဘက်ကိုထွက်ကာ ကားတွေနဲ့ ရွှေတိဂုံဘက်ကို ဆက်လက် ထွက်ခဲ့ကြပြန်ပါတယ်။ ဒီလိုနဲ့ ရွှေတိဂုံကို မနက်() နာရီမှာ ရောက်ပြီး ရုပ်ရှင်မင်းသား ကျော်သူ၊ ဇာဂနာတို့ ကပ်လှူတဲ့ ဒံပေါက်ကို ဦးဇင်းတို့ ဘုန်းပေးခဲ့ကြတယ်။ ဒီနောက် သံဃာ့တပ်ပေါင်းစုကို ဦးဇင်းတို့ ရောက်ရှိကြောင်း သတင်းပို့ခဲ့ပြီး လုံခြုံရေးအရလည်းကောင်း၊ ခရီးပင်ပန်းနေတာကြောင့် လည်းကောင်း အဲဒီနေ့မှာ ဦးဇင်းတို့ လူစုခွဲကာ မနက်ဖြန် တာမွေမှာ စုဖို့ ချိန်းဆိုခဲ့ကြပါတယ်။

(
၂၇) ရက်နေ့ ဦးဇင်းတို့ တာမွေမှာ လူစုဖို့ ထွက်သွားကြတယ်။ တာမွေ အထက ()ကျောင်းရှေ့ကို ဦးဇင်းတို့ ရောက်သွားတယ်။ရောက်သွားတဲ့အချိန်ကကျောင်းဆင်း ချိန်ဖြစ်နေပြီး ကျောင်းသား လူငယ်တွေ ကျောင်းကနေ ဆင်းလာကြတယ်။ ကျောင်းဆင်းပြီး လမ်းဖြတ် ကူးနေတဲ့ ကျောင်းသား ကျောင်းသူတွေကို နအဖ စစ်ခွေးတွေရဲ့ ကားတွေက အတင်း ၀င်ရောက် တိုက်ပစ်လိုက်ရာ ကလေးတွေဟာ အဝေးဘက်ကို လွှင့်စင်သွားတယ်။ ဦးဇင်းတို့က အဲဒီလို လွင့်စင်ပြီး ဒဏ်ရာရနေတဲ့ ကလေးတွေကို သွားရောက် ကယ်ဆယ်တယ်။
အဲဒီလို ကယ်နေတဲ့အချိန်မှာ ကားပေါ်ကနေ စစ်ခွေးတွေဟာ ဆင်းလာပြီး ကူညီကယ်ဆယ်နေတဲ့ ဦးဇင်းတို့ကို ကူညီရကောင်းပါ့မလားဆိုပြီး အတင်းဝင်ရောက် ရိုက်နှက်တယ်။ ပြီးတော့ ဒဏ်ရာရ ကလေးတွေကိုလည်း လုယူတယ်။အဲဒီမြင်ကွင်းကို တွေ့မြင်နေရတဲ့ ကျောင်းသားကျောင်းသူ မိဘတွေနဲ့ ပြည်သူလူထုဟာ ဒေါသထွက်ပြီး သူတို့ ကိုယ်တိုင် ပါဝင် ကူညီ ကယ်လိုက်တာ တဖြည်းဖြည်းနဲ့ လူအင်အား သိန်းချီ ရှိသွားပြီး နအဖ လက်ကိုင်တုတ် စစ်ခွေးတွေနဲ့ ရုန်းရင်းဆန်ခတ်ကြီး ဖြစ်ပွားတော့တယ်။ အခြေအနေ မကောင်းမှန်း သိနေတဲ့ နအဖ စစ်ခွေးတွေဟာ နောက်ထပ် ကားတွေနဲ့ () စီး ထပ်ရောက်လာတယ်။ အစပထမတော့ () စီးဘဲ ရှိတယ်။ နောက်ထပ် () စီး ထပ်ရောက်လာတယ်။
လမ်းဖြတ်ကူးနေတဲ့ကျောင်း ဆရာမလေး တစ်ယောက်ကို ကားနဲ့ ၀င်တိုက်ပြန်တယ်။နောက်ပြီး ကားပေါ်ကနေသေနတ်တွေနဲ့ ပစ်တယ်။ ကားပေါ်ကနေ ဆင်းပြီးတော့လည်း ပစ်တယ်။ ယောင်္ကျားလေး တစ်ယောက်ရဲ့ ဦးခေါင်း နောက်ဆံကို သေနတ်ထိမှန်ပြီး နေရာမှာဘဲ ပွဲချင်းပြီး သေဆုံးခဲ့ရတယ်။ သံဃာ () ပါး သေနတ်ထိမှန်တယ်။ ဦးဇင်း မြင်ကွင်းလေး တစ်ခု မှာဘဲမြောင်းထဲမှာ မိန်းကလေး () ယောက် သေနေတာ တွေ့ရတယ်။ ဒဏ်ရာရ လူတွေနဲ့ ကျောင်းသူကျောင်းသားတွေကို ခွေးတွေလို ၀က်တွေလို ကားပေါ် ပစ်တင်နေတာ ဦးဇင်းတွေ့ခဲ့ရတယ်။
အဲဒီနောက် ဦးဇင်းဝင်ကယ်နေတဲ့ အချိန် နောက်ကနေ ဦးဇင်းရဲ့ခေါင်းကို တုတ်နဲ့ ရိုက်ထည့်လိုက်တာ သတိမေ့သွားခဲ့ရတဲ့အထိ ဖြစ်ခဲ့တယ်။ သတိမေ့ သွားတော့ ဦးဇင်း ဘာမှ မသိတော့တဲ့အပြင် ဦးဇင်းတို့ အဖွဲ့နဲ့လည်း အုပ်စု ကွဲသွားခဲ့ရတယ်။ သတိပြန်ရလာတော့ ရပ်ကွက်တစ်ခုမှာရှိတဲ့ ဒကာ တယောက်ရဲ့ အိမ်မှာ ရောက်နေတယ်။ အလောင်းတွေကို စစ်တပ်က လာသိမ်းသွားတယ်၊ ကားတိုက်ခံရတဲ့ ကျောင်းဆရာမလေးရဲ့ မိသားစုကိုလည်း စစ်တပ်က ကျပ်ငွေ () သောင်း ပေးခဲ့တယ်လို့ ကြားသိရတယ်။ အဲဒီ အထက () ကျောင်းရှေ့မှာ လူတွေ ရာနဲ့ချီ အဖမ်းခံရပြီး နိုင်ငံခြားသား တစ်ယောက်ရဲ့ ခြေထောက်လည်း ထိမှန်ခဲ့ရတယ်လို့ ကြားရတယ်။ ဦးဇင်း သတိပြန်ရလာတော့ သတိမေ့ နေတဲ့အခါ ရှိနေခဲ့တဲ့ ဒကာ အိမ်ကနေ ထွက်လာခဲ့တယ်။ ဦးဇင်းရဲ့ ဦးခေါင်းမှာ ဒဏ်ရာရနေပြီး အဲဒီ ဒဏ်ရာကို သင်္ကန်းခြုံကာ မြို့ထဲဘက်ကို အားမလျော့ဘဲ ဆက်ပြီး ချီတက်ခဲ့တယ်။ (၂၈) ရက်နေ့မှာ ဆူးလေဘုရားဘက်ကို ရောက်ခဲ့တယ်။ သံဃာအုပ်စုကို သိပ်မတွေ့ရဘဲ လူထုအုပ်က ပိုများနေတာကို တွေ့ရတယ်။

အဲဒီနောက် ဦးဇင်းလည်း ပန်းဆိုးတန်းဘက်ကို ဆက်ပြီး သွားခဲ့တယ်။ ပန်းဆိုးတန်းရောက်တော့ ပန်းဆိုးတန်းရဲ့ တခြား တဖက်ကနေ စစ်တပ်က နေရာယူ ပိတ်ဆို့လိုက်တယ်။ ပြီးတော့ ဆန္ဒပြ လူအုပ်ကြီးထဲကိုသေနတ်နဲ့ ပိတ်ပြီး ပစ်တယ်။ ပထမ အရှေ့က အလံကိုင်ထားတဲ့ကျောင်းသားတယောက်ကို ပစ်တယ်။ အဲဒီကျောင်းသား အလံကိုင်ရင်းနဲ့ပဲ နေရာမှာ ပွဲချင်းပြီးသေသွားခဲ့ရတယ်။ ဦးဇင်းတော်တော်လေး စိတ်ထိခိုက်ပြီး ကယ်ချင်ပေမဲ့ စစ်ခွေးတွေကသေနတ်တွေနဲ့ အဆက်မပြတ် ပစ်နေတယ်။ပြည်သူတွေဟာ အရမ်းနာကြည်းသောကဒေါသအိုးများပေါက်ထွက်ပေမဲ့ ကူညီမဲ့သူမရှိပြန်လည်ခုခံဖို့ လက်နက်ကိရိယာ မရှိတာကြောင့် အလုအယက် ထွက်ပြေးကြရင်း အုပ်စုကွဲသွားခဲ့ရတယ်။ သို့သော်လည်း အဲဒီ (၂၈) ရက်နေ့ညအထိ လူတွေဟာ ဟိုနားတစ်စု ဒီနား တစ်စု ရှိနေခဲ့ကြပါတယ်။ အဲဒီ ပန်းဆိုးတန်းကိစ္စ အရေးအခင်းမှာ သံဃာအနေနဲ့ ဦးဇင်း အပါအ၀င် (၁၀) ပါး လောက်ဘဲ ရှိနေခဲ့တယ်။
အဲဒီနောက် ဦးဇင်းတို့ လျှို့ဝှက် အဆောက်အဦးကိုရောက်ခဲ့ကြတယ်။နောက်နေ့ မှာတော့ ရဟန်းသံဃာတော်တွေကို စစ်ဘီလူးတွေနဲ့ စစ်ခွေးတွေက လိုက်ဖမ်းဆီးနေတဲ့ သတင်းကြားရတယ်။ ဦးဇင်းတို့ ရင်ထဲအသည်းနှလုံးထဲမှာ ဒီတော်လှန်ရေးကြီးဟာ မပြီးပြတ်သေးတဲ့ တာဝန်ဆိုတာ သန္ဓိဌာန်ချ ခံယူ ထားပါတယ်။ “လှေခွက်ချည်းကျန် အလံမလှဲ” ဆိုတဲ့ စိတ်ဓာတ်အားမာန်နဲ့အတူ ဦးဇင်းတို့ရဲ့ စိတ်ဟာလည်း အမြဲတမ်း စစ်အာဏာရှင်တွေကို တော်လှန်ဦးမှာ ဖြစ်ပါတယ်။
ဒီလို နှိပ်ကွပ်နေပေမဲ့ အခြေအနေထပ်ပေးရင်နောက်ထပ် ပတ္တနိက္ကုဇ္ဇနကံထပ်ဆောင်ဖို့ စိတ်ဆန္ဒပြင်းပြနေတဲ့ ရဟန်းသံဃာတော်တွေဟာမြန်မာပြည်မှာ ယနေ့ထက်တိုင် ရှိနေဆဲပါ။ ၁၉၈၈ မှာကျောင်းသားတွေ ဆန္ဒပြခဲ့လို့ ၈၈ ကျောင်းသားများအဖွဲ့ဆိုပြီးပေါ်ပေါက်လာခဲ့သလို စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတွေ ဆန္ဒပြခဲ့လို့ရွှေဝါရောင်သောသုဇနဘိက္ခူအဖွဲ့နဲ့ သံဃာတပ်ပေါင်းစု အဖွဲ့ဆိုပြီးပေါ်ပေါက်လာခဲ့ပါတယ်။ ဒါတွေဟာ သမိုင်းမှတ်တိုင်တွေဖြစ်သလို စစ်အာဏာရှင်တွေကို ဖယ်ရှားဖို့ ဦးဇင်းတို့ အသက်နဲ့အမျှ လှုပ်ရှားဆောင်ရွက်သွားဖို့ ဆုံးဖြတ် ထားပါတယ်။
ဦးဇင်း တစ်ခုပြောချင်တာက ဦးဇင်းကျောင်းထိုင်ဆရာတော် လုပ်ခဲ့တဲ့ကျောင်းရဲ့အနီး အနားကတပ်တွေမှာ တပ်မှူးတွေတောင် အီးမေးလ် ဆိုတာကို မသိ ဘူး။ ဆက်သွယ်ရေးတပ် ဆိုပြီးတော့ အရာရှိတွေတောင် အင်တာနက်ကို ကျွမ်းကျွမ်းကျင်ကျင် မသုံးတတ်ဘူး။ ဒါစစ် အာဏာရှင်တွေရဲ့ လူ့အခွင့်အရေးကို ပိတ်ပင်ထားမှုဘဲ။ ဘာလို့လဲ ဆိုရင် သူတို့ မဟုတ်တာလုပ်နေတာ သိမှာစိုးရိမ်လို့ နားမျက်စိ ပိတ်ထားတာဘဲ။
ဘယ်လောက်ခေတ်နောက်ကျနေသလဲ အသိပညာတွေ ဗဟုသုတတွေ ဘယ်လောက်ခေါင်းပါးနေသလဲ ဆိုတာကြည့်ပါတော့။ လူ့စွမ်းအားအရင်းအမြစ်တွေမြန်မာပြည်မှာ ရိုက်ချိုးခံထားရလို့ ဘာမှမရှိတော့ဘူး။ ကိုယ်ပိုင် တွေးခေါ်နိုင်မှုတွေကိုလည်း ဖျက်ဆီးခံထားရတယ်။ပေးတာယူကျွေးတာစား၊ပြန်မပြောနဲ့ သိရင်တော်ရင် တတ်ရင်ဖြုတ်ပလိုက်မယ် ဆိုတဲ့ စစ်အာဏာရှင်စနစ်အောက်မှာ စစ်ကျွန်ဘ၀နဲ့ မနေကြပါနဲ့တော့လို့ စစ်သားတွေကိုမေတ္တာရပ်ခံ လိုပါတယ်။ တချို့ တပ်ရင်းတွေမှာ စစ်သည်တွေ မပြောနဲ့ အရာရှိငယ်တွေတောင် ထင်းခုတ်ပြီး ထင်းစည်းလေးတွေလုပ်ကာ ရောင်းချ စားသောက်နေရတဲ့အထိ ဦးဇင်းတွေ့ဖူးခဲ့ရတယ်။မြစ်ကမ်းနဲ့ နီးတဲ့တပ်က အရာရှိငယ်တွေခမျာကျောက်စရစ်တွေ၊ သဲတွေဖော်ပြီးရောင်းစားနေကြရတာကိုလည်း မယုံမရှိနဲ့ ဦးဇင်း မျက်မြင်ကိုယ်တွေ့ပါ။
သူများနိုင်ငံမှာ သူတောင်းစားတောင် ဟမ်းဖုန်း ကိုင်နိုင်ပြီး အဆင့်မြင့်နေလိုက်တာများ၊ ဦးဇင်းတို့နိုင်ငံမှာတော့ ဟမ်းဖုန်းကို စားပေါက်လုပ်ပြီး ထိပ်ပိုင်းစစ်ဗိုလ်ချုပ်တွေ ချုပ်ကိုင် ထားကြလို့ ဈေးကြီး တာကြောင့် တော်ရုံလူဆိုရင် မကိုင်နိုင်ကြဘူး။ပြည်သူတွေကို အမျိုးမျိုး နှိုက်စား နေတဲ့ စစ်အာဏာရှင် ထိပ်သီး သူတောင်းစားအကြီးတွေနဲ့ အသိုင်းအ၀ိုင်းတွေကသာ ဟမ်းဖုန်း ကိုင်နိုင်ကြပါတယ်။ တိုင်းပြည်ကို တိုးတက်အောင် စစ်ဗိုလ်ချုပ်တွေ မလုပ်နိုင်တာကတော့ သာဓကတစ်ခု အနေနဲ့ စစ်ဗိုလ်ချုပ်တွေကြောင့် စက်မှု () က စက်ရုံပေါင်း (၂၀၀) ကျော် အရှုံးပေါ် ဒေ၀ါလီခံ လက်လွှဲရောင်းချဖို့ ကြံရတဲ့အထိ စက်မှု တိုးတက်နေတဲ့ ဒီကမ္ဘာကြီးမှာ မြန်မာနိုင်ငံရဲ့  အဖြစ်က အင်မတန်ကို ၀မ်းနည်းစရာ ဖြစ်နေရပါတယ်။
တိုင်းချစ်ပြည်ချစ် တပ်မတော်သားများနဲ့ မျိုးဆက်သစ် တပ်မှူးများကို အထူးပြောကြားလိုတာကတော့ သားသုံးသားမှာ သားနှစ်သားဖြစ်တဲ့ ဦးဇင်းတို့ ဘုရားသား ရဟန်း သံဃာတော်များနဲ့ ကျောင်းသားများဟာ တာဝန်ကျေပွန်ခဲ့ပြီးပါပြီ။ တာဝန်မကျေသေးတာ နောက်ဆုံး သားတစ်သားဖြစ်တဲ့ စစ်သားဘဲ ကျန်ပါတော့တယ်။ တိုင်းသူပြည်သားတွေရဲ့ ဆင်းရဲကြပ်တည်း ဒုက္ခရောက်မှုတွေကို ဂရုဏာသက်ဝင်ပြီး စာနာ နားလည် သနားကြပါ။ စစ်သားတွေအနေနဲ့ ဘုရားသား၊ ကျောင်းသားများဆီကို အမြန်ဆုံး ပူးပေါင်းပြီးပြည်သူလူထုနဲ့ လက်တွဲကာ စစ်အာဏာရှင်တွေကို အမြန်တော်လှန်ကြပါလို့ အလေးအနက် တိုက်တွန်းလိုပါတယ်။ အဲဒီလိုပြည်သူလူထုဘက် ရပ်တည်လာတဲ့ တပ်မတော်သားများကိုလည်းပြည်သူလူထုနဲ့ ဒီမိုကရေစီ ဘက်တော်သားများက အမြန်ဆုံး ၀ိုင်းဝန်းကူညီ ကာကွယ်စောင့်ရှောက်ပြီး စစ်အာဏာရှင်ကို အတူတကွ တော်လှန်ကြပါလို့ ပြောကြားရင်း နိဂုံးချုပ် လိုက်ပါတယ်။

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။