Thursday 6 September 2012

ခွန်ဒီယမ်း(ဘက်ပေါင်းစုံကအသံတွေလေ့လာနိုင်ဖို့ပါ)

လွန်ခဲ့တဲ့ ၅ နှစ် စက်တင်ဘာ ကာလဟာ ငါတို့ မြန်မာသမိုင်းမှာ ၈၈၈၈ အရေးတော်ပုံနောက်ပိုင်း အခမ်းနားဆုံး အတောက်ပဆုံး လို့  ပြောလို့ ရမဲ့ ရွှေဝါရောင်အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ပါတယ်။ သံဃာတော်အရှင်သူမြတ်တွေ ရဲ့ ဦးဆောင်မှု နောက်မှာ ပြည်သူတွေ၊ ကျောင်းသားတွေ ပါဝင်လာခဲ့ပါတယ်။ သံသရာရှည်နေတဲ့ အမျိုးသားညီလာခံ ဆိုတာကြီးကို ကန့် လန့် ကာ ဆွဲချပြီး စစ်အာဏာရှင် အလိုကျ


ရေးထားတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ကို ကသုတ်ကယက် အတည်ပြုလိုက်ရတဲ့ အကြောင်းတွေထဲမှာ ဒီ ရွှေဝါရောင်သံဃာ သပိတ်ဟာ အနီးဆုံးအကြောင်းတရား တစ်ခု အဖြစ်ပါခဲ့ပါတယ်။
ဒီကနေ့  ၂--၂၀၁၂ နေ့ မှာတော့ သံဃာအစဉ်အလာ ကြီးလှပါတယ် ဆိုတဲ့ မန္တလေးမြို့ မှာ သံဃာတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတစ်ခု ကျင်းပခဲ့တာ သိလိုက်ရပါတယ်။ ဒီဆန္ဒပြပွဲကို ဦးဆောင်သူ ဦးဝိရသူ ဟာ ရွှေဝါရောင် သံဃာတစ်ပါးမဟုတ်ပဲ ၂၀၀၃ ခုနှစ် ကျောက်ဆည်မြို့  ကုလား-ဗမာ အထိကရုဏ်းကြောင့် ထိန်းသိမ်းခံခဲ့ရတဲ့ သံဃာတစ်ပါးဖြစ်ပါတယ်။ အားမနာတမ်းပြောမယ် ဆိုရင် အာဏာရှင်အစိုးရ အဆက်ဆက် နိုင်ငံရေးအကြပ်အတည်းတွေ့ တိုင်း ဖန်တီးလေ့ရှိတဲ့ လူမျိုးရေး၊ဘာသာရေး အ
ထိကရုဏ်း ကိုတောင် ကျော်လွှားနိုင်တဲ့ နိုင်ငံရေး အခံမရှိခဲ့ပါဘူး။ သူခင်ဗျာ နိုင်ငံရေး အသိက နဲပါး ရတဲ့ အထဲ မန္တလေး အခြေစိုက် နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေ က မီးလောင်ရာလေပင့် ခံရတာက တစ်မျိုး၊ ဘာသာရေး အစွဲကြီးလွန်းတဲ့ အခြေခံစိတ်ရှိတာ တစ်မျိုး၊ နောက်တစ်မျိုး ကတော့ နိုင်ငံရေးအဝန်းအဝိုင်းမှာ နာမည်ကြီးချင်တဲ့ စိတ်ရှိတာတွေ တိုက်ဆိုင်သွားတဲ့ အခါ မတရားသဖြင့် မြေယာသိမ်းတာတွေ ရှိနေတုန်း၊ နိုင်ငံရေးအကျဉ်းသားတွေ ကို မျက်နှာပြောင်တိုက် ဖမ်းဆီးထားတုန်းဖြစ်တဲ့ ၊ ငြိမ်းချမ်းရေးကို ပါးစပ်ကအော်ရင်း ကချင်ထိုးစစ်ရပ်အောင် မတတ်နိုင်တဲ့၊ ရခိုင်အရေးမှာ ဟိုနားတစ်မျိုးဒီနားတစ်မျိုး ပြောတတ်တဲ့ အစိုးရအဖွဲ့ ရဲ့ အကြီးအကဲ့ အာဏာရှင် အစိုးရ လက်ဟောင်း သမ္မတကြီး ဦးသိန်းစိန်ကို ဘုမသိဘသိ ထောက်ခံလိုက်ပါတယ်။

ဒီလို ပြဿနာတွေ အများကြီးနဲ့  အစိုးရအဖွဲ့ ရဲ့ ခေါင်းဆောင်ကို ထောက်ခံမှုမှာ ဦးဝီရသူသာ မက ၊ မန္တလေးမြို့ ခံနိုင်ငံရေး သမားတွေမှာ လဲ တာဝန်ရှိပါတယ်။ သမိုင်းမှာ အာဏာရှင် ဘောင်းဘီချွတ် အစိုးရကို ထောက်ခံခဲ့တယ် ဆိုတဲ့ အမည်းစက်မျိုး နဲ့ နောင်တစ်ခါမှာ နောင်တမရစေ့ချင်ပါဘူး။ "နိုင်ငံကိုချစ်တဲ့၊ စေတနာထားတဲ့ ဆရာတော်ရဲ့  စိတ်ရင်းစေတနာကို တပည့်တော်များ အသိမှတ် ပြုပါတယ်။ နောက်နောင်မှာ နိုင်ငံရေးနဲ့ ပတ်သက်လို့  လုပ်ဖို့ ကိုင်ဖို့ အကြောင်းများ ပေါ်ပေါက်လာခဲ့ရင် နီးစပ်ရာ နိုင်ငံရေးကျွမ်းကျင်တဲ့ ရဟန်ပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် များထံက အကြံဥာဏ် တောင်းယူပါ။ စေတနာစိတ် သက်သက်အားဖြင့် နိုင်ငံရေးလုပ်လို့ မရနိုင်ဘူး ဆိုတာ လျှောက်ထားအပ်ပါတယ်။" ဆရာတော် ဦးဝိရသူ နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းအနေနဲ့  ဟုတ်အောင်ကြံ တို့ ကိုယ်စား လျှောက်ထားပေးဖို့ ပြောလို့ ပါတယ်။
နောက်တစ်ခုကတော့ အားလုံးကိုလွှတ်ပါ၊ ဒါမှမဟုတ် ဝိရသူကို ပြန်ဖမ်းပါ ဆိုတဲ့ လှုပ်ရှားမှု ဘယ်များရောက်သွားသလဲ ဆိုတာလဲ သိချင်နေမိပါတယ်။ ဆန္ဒဖော်ထုတ်ပွဲလုပ်ရင် ရဲတွေ၊ ထောက်လှမ်းရေး တွေ က ဘေးကလိုက်ပြီး မစောင့်ရှောက်မှာ စိုးလို့များမလုပ်တော့တာလား။

(ဟုတ်အောင်ကြံ ဖေ့ဘွတ်မှ ကူးယူဖော်ပြပါတယ်)-via-ကိုကို သစ္စာ

0 comments:

Post a Comment

Popular Posts

ပြောချင်တာလေးတွေ ပြောခဲ့ပါ။