မိုးရေတွေစိုစွတ်လို့
လမ်းကလေးအတိုင်းလျှောက်ခဲ့ရင်း
နွမ်းလျတဲ့ဘူတာရုံလေးက
လွမ်းလွမ်းဆွေးဆွေးဥသြတွေဆွဲငင်လို့
ဘ၀တစ်ခုကိုမရေမရာတင်ဆောင်ရင်း
ကိုယ့်ဘ၀ကို ကိုယ်ပြန်တွေးတောမိ
လက်လှုပ် ပါးစပ်လှုပ်ရုံလေးသက်သက်
လူ့အဖြစ်ရပ်တည်ခဲ့ခြင်းလား
စည်းဝါးမကိုက်တော့တဲ့မေးခွန်းတွေ
သံသယတွေတသီကြီးနဲ့ပေါ့................။
ခံစားချက်မဲ့မဲ့ရှိုက်နေမိတဲ့
မီးခိုးငွေ့တွေအပေါ်
စွဲလန်းနေတက်မှု့က ငြင်းဆန်ဖို့တော့ခက်တယ်...........။
အံချော်မှုတွေနဲ့
လေထုတွေဆီရောက်ရောက်သွားတက်တဲ့
မီးခိုးငွေ့တွေနဲ့
ငါ့ ပင့်သက်ရှည်ရှည်တွေဟာ
ဘ၀ကို
တာဝန်မဲ့ဖြောင့်ချက်တွေတော့မဟုတ်ခဲ့ပါဘူး.............။
ရှေ့တစ်လှမ်းတိုး
နောက်ဆယ်လှမ်းပြန်ဆုတ်နေရတဲ့
ဘ၀ဆိုတဲ့ပြေးလမ်းပေါ်
အကြိမ်တစ်ရာမက ငါဘေးချော်ကျခဲ့ဖူးပါတယ်..................။ ။
ရန်ငြိမ်းသူ....(6.9.2012)
လမ်းကလေးအတိုင်းလျှောက်ခဲ့ရင်း
နွမ်းလျတဲ့ဘူတာရုံလေးက
လွမ်းလွမ်းဆွေးဆွေးဥသြတွေဆွဲငင်လို့
ဘ၀တစ်ခုကိုမရေမရာတင်ဆောင်ရင်း
ကိုယ့်ဘ၀ကို ကိုယ်ပြန်တွေးတောမိ
လက်လှုပ် ပါးစပ်လှုပ်ရုံလေးသက်သက်
လူ့အဖြစ်ရပ်တည်ခဲ့ခြင်းလား
စည်းဝါးမကိုက်တော့တဲ့မေးခွန်းတွေ
သံသယတွေတသီကြီးနဲ့ပေါ့................။
ခံစားချက်မဲ့မဲ့ရှိုက်နေမိတဲ့
မီးခိုးငွေ့တွေအပေါ်
စွဲလန်းနေတက်မှု့က ငြင်းဆန်ဖို့တော့ခက်တယ်...........။
အံချော်မှုတွေနဲ့
လေထုတွေဆီရောက်ရောက်သွားတက်တဲ့
မီးခိုးငွေ့တွေနဲ့
ငါ့ ပင့်သက်ရှည်ရှည်တွေဟာ
ဘ၀ကို
တာဝန်မဲ့ဖြောင့်ချက်တွေတော့မဟုတ်ခဲ့ပါဘူး.............။
ရှေ့တစ်လှမ်းတိုး
နောက်ဆယ်လှမ်းပြန်ဆုတ်နေရတဲ့
ဘ၀ဆိုတဲ့ပြေးလမ်းပေါ်
အကြိမ်တစ်ရာမက ငါဘေးချော်ကျခဲ့ဖူးပါတယ်..................။ ။
ရန်ငြိမ်းသူ....(6.9.2012)
0 comments:
Post a Comment