မြန်မာ့သမိုင်း
တလျှောက်မှာ မကြုံဖူးလောက်အောင်
ဖိနှိပ်မှုတွေ ကြားထဲကဖြစ်ပွားခဲ့တဲ့
စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးကြီးဟာတကမ္ဘာလုံးကို
အံ့သြတုန်လှုပ်
ချောက်ချားစေခဲ့ပါတယ်။
လွန်ခဲ့တဲ့ (၄) နှစ် ကဆိုရင် ဘုရားသား ရဟန်းသံဃာတော်များဟာပြည်သူ လူထုရဲ့ ဆင်းရဲကြပ်တည်း ဒုက္ခရောက်မှုတွေကို စာနာ နားလည် ဂရုဏာသက်မိပြီး စစ်အာ ဏာရှင်တွေကို ရဲရဲဝံ့ဝံ့ ပြည်သူလူထု ရှေ့ကနေထွက်ပြီး သပိ
လွန်ခဲ့တဲ့ (၄) နှစ် ကဆိုရင် ဘုရားသား ရဟန်းသံဃာတော်များဟာပြည်သူ လူထုရဲ့ ဆင်းရဲကြပ်တည်း ဒုက္ခရောက်မှုတွေကို စာနာ နားလည် ဂရုဏာသက်မိပြီး စစ်အာ ဏာရှင်တွေကို ရဲရဲဝံ့ဝံ့ ပြည်သူလူထု ရှေ့ကနေထွက်ပြီး သပိ
တ်မှောက်
ကံဆောင် တောင်းဆိုမှု
ပြုခဲ့ကြပါတယ်။ အဲဒီလို
ငြိမ်းချမ်းစွာ အကြမ်းမဖက်
မေတ္တာပို့ ဆုတောင်းခဲ့ကြတဲ့
ဘုရားသား ရဟန်း သံဃာတော်များကို
စစ်ဘီလူးတွေက ရက်ရက်စက်စက်
ပစ်ခတ်ဖမ်းဆီး ထောင်ချခဲ့ကြပါတယ်။
ဦးဇင်းတို့ မျိုးဆက်သစ်
လူငယ်များနဲ့ပြည်သူလူထုကြီးကတော့
ဒီစက်တင်ဘာရွှေဝါရောင်တော်လှန်ရေးကြီးကို
ဘယ်တော့မှမေ့ဖျောက်လို့
မရနိုင်တဲ့အပြင် ရင်ထဲ
အသည်းနှလုံးထဲမှာလည်း
စစ်အာဏာရှင်တွေကို မဖြစ်မနေတော်လှန်
ရမယ်ဆိုတဲ့ အမျိုးသားရေး
တာဝန်ဟာကျောက်စာ ကမ္ဗည်းပမာ
ခိုင်ခိုင်မာမာ မှတ်ကျောက်
တင်ခဲ့ပြီး ဖြစ်ပါတယ်။
ဒီနေ့အထိ နှိပ်ကွပ်နေပေမဲ့ အခြေအနေထပ်ပေးရင်နောက်ထပ် ပတ္တနိက္ကုဇ္ဇနကံထပ်ဆောင်ဖို့ စိတ်ဆန္ဒပြင်းပြနေတဲ့ ရဟန်းသံဃာတော်တွေဟာမြန်မာပြည်မှာ ယနေ့ထက်တိုင် ရှိနေဆဲပါ။ ၁၉၈၈ မှာကျောင်းသားတွေ ဆန္ဒပြခဲ့လို့ ၈၈ ကျောင်းသားများအဖွဲ့ဆိုပြီးပေါ်ပေါက်လာခဲ့သလို စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးမှာသံဃာတွေဆန္ဒပြခဲ့လို့ရွှေဝါရောင်သံဃာတွေတော်ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါတွေဟာ သမိုင်းမှတ်တိုင်တွေဖြစ်သလို စစ်အာဏာရှင်တွေကို ဖယ်ရှားဖို့ ဦးဇင်းတို့ အသက်နဲ့အမျှ လှုပ်ရှားဆောင်ရွက်သွားဖို့ အဖြစ်ခဲ့ပါတယ်။
ဘယ်လောက်ခေတ်နောက်ကျနေသလဲ
အသိပညာတွေ ဗဟုသုတတွေ
ဘယ်လောက်ခေါင်းပါးနေသလဲ
ဆိုတာကြည့်ပါတော့။
လူ့စွမ်းအားအရင်းအမြစ်တွေမြန်မာပြည်မှာ
ရိုက်ချိုးခံထားရလို့
ဘာမှမရှိတော့ဘူး။ ကိုယ်ပိုင်
တွေးခေါ်နိုင်မှုတွေကိုလည်း
ဖျက်ဆီးခံထားရတယ်။ပေးတာယူကျွေးတာစား၊ပြန်မပြောနဲ့
သိရင်တော်ရင် တတ်ရင်ဖြုတ်ပလိုက်မယ်
ဆိုတဲ့ စစ်အာဏာရှင်စနစ်အောက်မှာ
စစ်ကျွန်ဘ၀နဲ့ မနေကြပါနဲ့တော့လို့
စစ်သားတွေကိုမေတ္တာရပ်ခံ
လိုပါတယ်။ တချို့ တပ်ရင်းတွေမှာ
စစ်သည်တွေ မပြောနဲ့
အရာရှိငယ်တွေတောင် ထင်းခုတ်ပြီး
ထင်းစည်းလေးတွေလုပ်ကာ ရောင်းချ
စားသောက်နေရတဲ့အထိ
ဦးဇင်းတွေ့ဖူးခဲ့ရတယ်။
မယုံမရှိနဲ့ ဦးဇင်း
မျက်မြင်ကိုယ်တွေ့ပါ။
တိုင်းချစ်ပြည်ချစ်
တပ်မတော်သားများနဲ့ မျိုးဆက်သစ်
တပ်မှူးများကို အထူးပြောကြားလိုတာကတော့
သားသုံးသားမှာ သားနှစ်သားဖြစ်တဲ့
ဦးဇင်းတို့ ဘုရားသား ရဟန်း
သံဃာတော်များနဲ့ ကျောင်းသားများဟာ
တာဝန်ကျေပွန်ခဲ့ပြီးပါပြီ။
တာဝန်မကျေသေးတာ နောက်ဆုံး
သားတစ်သားဖြစ်တဲ့ စစ်သားဘဲ
ကျန်ပါတော့တယ်။ တိုင်းသူပြည်သားတွေရဲ့
ဆင်းရဲကြပ်တည်း ဒုက္ခရောက်မှုတွေကို
ဂရုဏာသက်ဝင်ပြီး စာနာ နားလည်
သနားကြပါ။ စစ်သားတွေအနေနဲ့
ဘုရားသား၊ ကျောင်းသားများဆီကို
အမြန်ဆုံး ပူးပေါင်းပြီးပြည်သူလူထုနဲ့
လက်တွဲကာ စစ်အာဏာရှင်တွေကို
အမြန်တော်လှန်ကြပါလို့
အလေးအနက် တိုက်တွန်းလိုပါတယ်။
အဲဒီလိုပြည်သူလူထုဘက်
ရပ်တည်လာတဲ့ တပ်မတော်သားများကိုလည်းပြည်သူလူထုနဲ့
ဒီမိုကရေစီ ဘက်တော်သားများက
အမြန်ဆုံး ၀ိုင်းဝန်းကူညီ
ကာကွယ်စောင့်ရှောက်ပြီး
စစ်အာဏာရှင်ကို အတူတကွ
တော်လှန်ကြပါလို့ ပြောကြားရင်း
နိဂုံးချုပ် လိုက်ပါတယ်။
ဖျာပုံ
နဒီ
ဒီနေ့အထိ နှိပ်ကွပ်နေပေမဲ့ အခြေအနေထပ်ပေးရင်နောက်ထပ် ပတ္တနိက္ကုဇ္ဇနကံထပ်ဆောင်ဖို့ စိတ်ဆန္ဒပြင်းပြနေတဲ့ ရဟန်းသံဃာတော်တွေဟာမြန်မာပြည်မှာ ယနေ့ထက်တိုင် ရှိနေဆဲပါ။ ၁၉၈၈ မှာကျောင်းသားတွေ ဆန္ဒပြခဲ့လို့ ၈၈ ကျောင်းသားများအဖွဲ့ဆိုပြီးပေါ်ပေါက်လာခဲ့သလို စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးမှာသံဃာတွေဆန္ဒပြခဲ့လို့ရွှေဝါရောင်သံဃာတွေတော်ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါတွေဟာ သမိုင်းမှတ်တိုင်တွေဖြစ်သလို စစ်အာဏာရှင်တွေကို ဖယ်ရှားဖို့ ဦးဇင်းတို့ အသက်နဲ့အမျှ လှုပ်ရှားဆောင်ရွက်သွားဖို့ အဖြစ်ခဲ့ပါတယ်။

0 comments:
Post a Comment